ချစ်သူနဲ့ ဝေးနေတဲ့အချိန် ဘယ်လိုလုပ်မလဲ

ချစ်သူနဲ့ ဝေးနေတဲ့အချိန် ဘယ်လိုလုပ်မလဲ google.com

ချစ်သူတို့ အနေဝေးနေတဲ့အချိန်မှာ စိတ်မပြောင်းသွားအောင် အောက်ပါအချက်လေးတွေက ကူညီပါလိမ့်မယ်။

ချစ်သူကို အချိန်ပြည့် ဆက်သွယ်ဖို့မလိုခြင်း

 

ချစ်သူစုံတွဲများဟာ အမြဲတစေ တွေ့မြင်ရမှ အချစ်ရေး ခိုင်မြဲစေမယ်လို့ ထင်ပါလိမ့်မယ်။ အမှန်တကယ်က အဲဒီလို လုပ်စရာမလိုပါ။ ကိုယ့်ကိုယ်ကို လည်း စိတ်ပျက်ပြီး ပင်ပန်းစေနိုင်ပါတယ်။ သူနဲ့ အဆက်အသွယ်ရတဲ့ အချိန်ကလေးကို ပျော်စရာလေးတွေဖြစ်အောင်ပဲ လုပ်ပေးသင့်ပါတယ်။

 

ချစ်သူနဲ့ ဝေးနေရခြင်းကို အခွင့်အရေးတစ်ခုအဖြစ်မြင်ခြင်း

 

ချစ်သူနဲ့ အတူတူနေချင်တယ်ဆိုရင်တော့ ခွဲခွာနေရတဲ့ ခံစားချက်ကို အရင်ဆုံး ခံစားပါဆိုတဲ့တိုင်း ယခု ဝေးနေခြင်းက နှစ်ယောက်စလုံးရဲ့ အချစ်တွေ ပိုပြီး ခိုင်မြဲစေနိုင်ပါတယ်။ အနေနီးနေပေမယ့်လည်း ခံစားချက်ချင်း ဝေးနေတာထက်စာလို့ရှိရင် အနေဝေးပေမယ့် ခံစားချက်ချင်း နီးစပ်ပြီး ရင်ခုန်သံပါ တစ်ထပ်တည်း ကျနေမယ်ဆိုရင်တော့ နှစ်ဦးစလုံးအတွက် ပိုကောင်းပါလိမ့်မယ်။

 

မျှော်လင့်ချက်များကို ရှင်းလင်းစွာထားခြင်း

 

အနေဝေးကွာနေစဉ်အတွင်းမှာ နှစ်ဦးသား တစ်ယောက်ကိုတစ်ယောက် ဘာတွေမျှော်လင့်ထားကြသလဲဆိုတာကို ရှင်းရှင်းလင်းလင်း ဖြစ်အောင်လုပ်ထားရပါမယ်။ အခြေခံစည်းကမ်းလေးတွေ သတ်မှတ်ထားရင်တော့ ပိုကောင်းပါလိမ့်မယ်။

 

နှစ်ဦးသား ဆက်သွယ်မှုကို အချိန်မှန်မှန် ပြုလုပ်ပေးခြင်း

 

ချစ်သူနှစ်ဦး တစ်ယောက်ကိုတစ်ယောက် အမြဲတမ်းလုပ်ပေးရမှာက မနက်ပိုင်းနှုတ်ဆက်ဖို့နဲ့ ညပိုင်းရောက်တဲ့အချိန် နှုတ်ဆက်ဖို့ကို အမြဲလုပ်သင့်ပါတယ်။ တစ်ယောက်နဲ့တစ်ယောက် မျက်နှာမြင်ချင်တယ်ဆိုရင်တော့ ဗွီဒီယိုဖိုင်နှင့် စကားပြောနိုင်ပါတယ်။

 

အထင်လွဲမည့်အမူအရာမျိုးရှောင်ခြင်း

 

ကိုယ့်ချစ်သူကို ဘယ်နေရာပဲသွားသွား သူ့ကိုအရင်အသိပေးပြီးမှ သွားတာပို အဆင်ပြေပါလိမ့်မယ်။ မဟုတ်လို့ရှိရင် သူက ကိုယ့်ကို စိတ်အရမ်းပူတာနေတာမျိုးတွေ ဖြစ်စေနိုင်လို့ပါ။ သူ့ကို ဂရုမစိုက်ဘူး၊ အရေးမပါတဲ့လူလို့ထင်ပြီး ၀မ်းနည်းနေပါလိမ့်မယ်။

Read times Last modified on Wednesday, 19 September 2018 14:59
Rate this item
(2 votes)