ချစ်သူ စိတ်ပျက်သွားနိုင်တဲ့အပြုအမှုတွေ

ချစ်သူ စိတ်ပျက်သွားနိုင်တဲ့အပြုအမှုတွေ google

မိန်းကလေးတိုင်းဟာ ပျော်ရွင်တဲ့ relationship တစ်ခုကိုပဲ အမြဲပိုင်ဆိုင်ချင်ကြပါတယ်။

ဒါပေမယ့် လက်ထပ်ပြီးတဲ့နောက်မှာ ဦးဆောင်မှုအပိုင်းမှာနေရာယူချင်လာကြသလို တချို့ကလည်း အချစ်လို့ခေါင်းစဉ်တပ်ပြီး ပေးဆပ်ဇောများသွားပြီး သူတို့ပျော်ရွင်မှုအတွက်တောင် အချိန်မပေးနိုင်တော့လောက်အောင် အိမ်တွင်းမှာပဲတကုပ်ကုပ်နဲ့အချိန်ကုန်နေတတ်သူများလည်းရှိပါတယ်။ ဒီတစ်ခါမှာတော့ သာတူညီမျှတဲ့ relationship တစ်ခုဖြစ်ဖို့ သင်အမှန်တကယ်ချစ်တဲ့ယောင်္ကျားလေးတစ်ယောက်အတွက် ဘယ်တော့မှမလုပ်ပေးသင့်တဲ့အချက်တွေကို ဖော်ပြပေးလိုက်ပါတယ်။

 

သူ့ရဲ့ပြဿနာအားလုံးကိုဖြေရှင်းပေးဖို့ကြိုးစားခြင်း

တကယ်လို့ သင့်လက်တွဲဖော်ဟာ လုပ်ငန်းခွင်ပြဿနာ(သို့)ငွေကြေးအခက်အခဲများကြုံနေသည့်တိုင်အောင် သူ့ရဲ့ပြဿနာအားလုံးကို သင်ကပဲတာဝန်ယူဖို့ မကြိုးစားသင့်ပါဘူး။ ဒီလိုကြိုးစားပေးခြင်းဖြင့် ဆုံးဖြတ်ချက်ဝေဝါးပြီး အရာရာကိုတာဝန်ယူဖို့မရဲတဲ့ဘဝလက်တွဲဖော်နဲ့ပဲ သင့်ဘဝတစ်လျှောက်လုံး ဖြတ်သန်းသွားရပါလိမ့်မယ်။ သင်ဟာ အရာရာကိုကြိုးကိုင်နိုင်တဲ့သူမဟုတ်ပဲ မိန်းမသားတစ်ယောက်ဆိုတာကို အမြဲသတိရပါ။

 

အချိန်ပြည့်တန်ဖိုးကြီးလက်ဆောင်တွေပေးနေခြင်း

Relationship တစ်ခုမှာ တူညီတဲ့တန်ဖိုးရှိတဲ့လက်ဆောင်တွေ အပြန်အလှန်ပေးခြင်းက အကောင်းဆုံးပါ။ အထူးသဖြင့် သင်ပေးတဲ့ပမာဏမျိုးပြန်မပေးနိုင်တဲ့သူမျိုးကို တန်ဖိုးကြီးလက်ဆောင်တွေပေးမိခြင်းဖြင့် သူ့ကိုသိမ်ငယ်စိတ်ဝင်စေနိုင်ပါတယ်။တကယ်လို့ သင့်ကိုတကယ်မချစ်တဲ့သူမျိုးနဲ့မှ ပတ်သက်မိနေရင်တော့ သူလိုချင်တာရဖို့ သင့်အချစ်ကိုအသုံးချသွားမှာပါ။

 

သူငိုကြွေးဖို့ပခုံးတစ်ဖက်

မိန်းကလေးတွေနဲ့မတူပဲ ယောင်္ကျားလေးတွေဟာ သူတို့အတွက် သနားဝမ်းနည်းပေးတတ်တဲ့မိန်းကလေးမျိုးကို သဘောကျလေ့မရှိပါဘူး။ ဒါကြောင့် သူ့ရဲ့စိတ်ပိုင်းဆိုင်ရာခံစားချက်တွေအတွက် အသင့်ဖြစ်နေရုံနဲ့ လှပတဲ့တဲ့ relationship ဖြစ်မလာနိုင်ပါဘူး။ ပါးနပ်တဲ့မိန်းကလေးမျိုးဟာ သူ့ရဲ့လက်တွဲဖော်ကို အောင်မြင်မှုခြေလှမ်းအသစ်တွေဆီကိုပဲ ဦးတည်ချီတက်နေဖို့ မြှင့်တင်အားပေးတတ်ကြပါတယ်။ ဒါဟာလည်း လှပတဲ့ relationship တစ်ခုဖြစ်ပေါ်လာစေဖို့ လျို့ဝှက်ချက်လေးပါ။

 

" ငါ နင့်ကိုဘာပြောခဲ့လဲ " လို့ ပြောခြင်း

သင်ဟာ 100% မှန်နေသည့်တိုင်အောင် " ငါ နင့်ကိုဘာပြောခဲ့လဲ "ဆိုတဲ့ ကြောတဲ့စကားမျိုးမပြောသင့်ပါဘူး။ ဒီလိုပြောခြင်းအားဖြင့် သင်ဟာသူ့ထက်တော်ကြောင်း ထုတ်ဖော်ပြသနေခြင်းဖြစ်ပြီး သူ့ကိုအလေးမထားဂရုမစိုက်တဲ့ပုံစံဖြစ်နေနိုင်ပါတယ်။ ယောင်္ကျားတိုင်းဟာ သူတို့ချစ်သူမိန်းကလေးနဲ့ပတ်သက်လာရင် အရေးပေးခံချင်ကြတယ်။ သိသာထင်ရှားချင်ကြတယ်။ သူ့အပေါ် သင့်ရဲ့လွမ်းမိုးမှုဟာ ကာရန်ညီတဲ့အချစ်ခရီးလမ်းဖြစ်ဖို့ မလွယ်ကူနိုင်ပါဘူး။

 

သင့်ရဲ့ကိုယ်ပိုင်ဘဝနဲ့လုပ်ငန်းခွင်ကိုစွန့်လွတ်ခြင်း

အချစ်ကိုရှာဖွေတွေ့ရှိသွားခြင်းဟာ လုပ်ငန်းခွင်နဲ့သူငယ်ချင်းတွေကိုစွန့်လွတ်ရမယ်လို့ အဓိပ္ပာယ်မရပါဘူး။တကယ်လို့ သင်ဟာ သင့်မိသားစုကိုဂရုစိုက်ဖို့ဆိုတဲ့ အကြောင်းပြချက်နဲ့ သင့်ကိုယ်ပိုင်ပျော်ရွင်စရာတွေကို စွန့်လွတ်လိုက်မယ်ဆိုရင် တစ်နေ့နေ့မှာ သင့်လက်တွဲဖော်ဟာ ဒီအချစ်ခရီးလမ်းကို စိတ်ကုန်လာမှာပါ။ မိသားစုရဲ့ပြင်ပမှာ သင့်ရဲ့ကြိုးစားမှုရလဒ်ကြောင့်ဖြစ်ပေါ်လာတဲ့ အောင်မြင်မှုအဆင့်ဆင့်ဟာ သူ့ကိုပိုပိုပြီးအထင်ကြီးစေ၊အသိအမှတ်ပြုစေမှာပါ။ ဒါပေမယ့် အလွန်အကျွံလမ်းစဉ်တွေဟာ အန္တရာယ်ရှိနိုင်တယ်ဆိုတာကိုတော့ သတိချပ်ပါ။

 

သင့်ရဲ့သွင်ပြင်ကိုပြောင်းလဲခြင်း

သူမ ချစ်တဲ့လက်တွဲဖော်အတွက် အမြဲလှပနေတာမျိုးကိုလိုချင်တာ မိန်းကလေးတိုင်းအတွက် သဘာဝကျပါတယ်။ဒါပေမယ့် သင့်လက်တွဲဖော်က သင့်ရဲ့သွင်ပြင်ကိုပြောင်းလဲဖို့ ပြင်းထန်စွာဖိအားပေးလာပြီဆိုရင်တော့ အဲလိုလူမျိုး သင့်ဘဝအတွက်မလိုပါဘူး။ အဲလိုပါပဲ တကယ်လို့ သင်ချစ်သူက သင်သဘောတူလွယ်မယ့်ကိစ္စမျိုးကိုပြောင်းလဲပေးဖို့ တောင်းဆိုလာရင်တော့ အလိုက်သင့်နာခံလိုက်ပါ။ ဒါဟာ သင်တို့ရဲ့ relationship ကို အက်ကြောင်းမဖြစ်စေနိုင်ပါဘူး။

 

Credit : nanmalgyi

Myanmar Wedding Guide

Read times Last modified on Wednesday, 27 February 2019 17:17
Rate this item
(0 votes)