မိန်းကလေးတွေမုန်းတယ်လို့ ပြောတာက ချစ်လို့ ပါတဲ့ 

မိန်းကလေးတွေမုန်းတယ်လို့ ပြောတာက ချစ်လို့ ပါတဲ့  google

မိန်းကလေးတွေ မုန်းတယ်ပြောတဲ့စကားက ဒီလိုမျိုးလေးတွေဆိုတာ ယူတို့ Boy တွေသိသင့်တယ်။

 

မိန်းကလေးတွေရဲ့ စိတ်ကနားလည်ရခက်ပြီးရှုပ်ထွေးလွန်းပါတယ်။ ၁၀ခါမှာ ၇ခါ ၈ခါလောက်က သူတို့တကယ်ပြောချင်တဲ့ စကားနဲ့ပြောင်းပြန်ကို ပြောလေ့ရှိကြတာပါ။ ဒါကြောင့်လည်း မလိုလားအပ်တဲ့ နားလည်မှုလွဲတာတွေ အချိန်တွေအလကားကုန်တာတွေဖြစ်ကုန်တာပေါ့။ မိန်းကလေးတွေက သူတို့ရဲ့ချစ်သူကို တစ်ခါတစ်လေမုန်းတယ် ဆိုပြီးပြောတတ်ကြပါတယ်။ ဒါက ယောက်ျားလေးတွေစိတ်ထဲမှာ နာကျင်သွားနိုင်တဲ့စကားဆိုပေမဲ့ တကယ်မုန်းတယ်လို့ပြောတာမဟုတ်ပါဘူး။တစ်ခါတစ်လေ စိတ်ရှုပ်တဲ့အချိန် ၊ဒေါသထွက်တဲ့အချိန်တွေမှာလည်း ဒီစကားကိုပြောကြတယ်ဆိုပေမဲ့ အဲ့စကားကို အမှန်လို့မှတ်ယူပြီး ယောက်ျားလေးဘက်ကပါ ဒေါသကိုဆွတဲ့စကားမျိုးပြောလာမယ်ဆိုရင် ပြေလည်ရမယ့်ကိစ္စက ဖြေရှင်းလို့ မရဖြစ်တတ်ပါတယ်။


တကယ်ကြီးမုန်းနေတယ်ဆိုရင်တောင် ဒါက အားပြင်းတဲ့ခံစားချက်တစ်ခုပါပဲ။ အမုန်းကပြင်းထန်လာလေ အဲ့ဒီလူကိုပဲ တစ်ချိန်လုံး တွေးနေမိတတ်ပါတယ်။ ပိုပြီးတွေးလေလေ အဲ့လူက သူမစိတ်ထဲပိုရောက်လေပါပဲ။ အမုန်းဟာ တစ်ခါတစ်လေ အချစ်ဆိုတဲ့ ခံစားချက်ဘက်ကိုလည်း ပြောင်းလဲသွားတတ်ပါတယ်။ အချစ်နဲ့အမုန်းက ဒင်္ဂါးပြားလို ကျောချင်းကပ်အနေအထားပါ။ ဒါကြောင့်လည်း အရင်တုန်းက အရမ်းမုန်းခဲ့တယ်ဆိုတဲ့သူက အခုတော့ အရမ်းချစ်ရတဲ့သူဖြစ်သွားကြတဲ့ အဖြစ်အပျက်လေးတွေပေါ်လာတာပေါ့။


မိန်းကလေးတွေပြောလေ့ရှိတဲ့ ငါနင့်ကိုမုန်းတယ်ဆိုတဲ့စကားဟာ အခြေအနေ အချိန်အခါအရလည်း ကွဲပြားမှုတွေရှိပါသေးတယ်။မုန်းတယ်ဆိုတဲ့စကားကိုပြောနေရင်း သူမရဲ့ မျက်နှာက ပန်းရောင်သမ်းရှက်သွေးဖြာနေရင် ဒါက ချစ်တယ်ဆိုတဲ့အဓိပ္ပာယ်ပါပဲ။တစ်ခါတစ်လေ ကိုယ့်အပေါ် ပိုပြီးကြင်နာယုယစေချင်တယ်။ ပိုပြီးဂရုစိုက်စေချင်တဲ့အခါမျိုးမှာ ကိုယ့်ချစ်သူက မထုံတက်တေးဖြစ်နေရင် မုန်းတယ်ဆိုတဲ့စကားကိုပြောလေ့ရှိပါသေးတယ်။

 

ချစ်သူဆီက စပရိုက်စ်လက်ဆောင်တစ်ခုခုရတဲ့အခါ မိန်းကလေးတွေရဲ့စိတ်ထဲ တအားကျေနပ်သွားတတ်ကြပါတယ်။ ဒါပေမဲ့နှုတ်ကတော့ မုန်းလိုက်တာဆိုတဲ့စကားကိုပြောတတ်ပါသေးတယ်။တကယ်တော့ ချစ်သူက ကိုယ့်အပေါ်အလေးထားမြတ်နိုးမှုမှာ ပျော်ဝင်သွားတာပါ။စိတ်ဆိုးဒေါသထွက်တဲ့အခါမှာပြောတဲ့ မုန်းတယ်ဆိုတဲ့စကားကတော့ တကယ်မုန်းလို့ပြောတာမဟုတ်ပါဘူး။ သူမ ဘယ်လောက်နာကျင်ခဲ့လဲဆိုတာ ချစ်သူကိုသိစေချင်လို့ပါ။ ဥပမာ သူမဖုန်းခေါ်တဲ့အခါ အကြာကြီးမကိုင်ပဲနေလိုက်တာမျိုး၊ချိန်းထားပြီးမှ မေ့ပြီးမသွားဖြစ်လိုက်တာမျိုးပေါ့။နာကျင်ဝမ်းနည်းနေတဲ့မျက်နှာနဲ့မုန်းတယ်ဆိုတဲ့စကားကိုပြောချလိုက်ပြီဆိုရင်တော့ ပြသာနာတက်ပြီပဲ။ သူမ ကျေနပ်အောင်ချော့ဖို့က အရေးကြီးဆုံးဖြစ်သွားပါပြီ။

 

Myanmar Wedding Guide 

Read times
Rate this item
(1 Vote)
Tagged under