(26.12.2019မှ 1.1.2020အထိ) တစ်ပတ်စာ၇ရက်သားသမီးကံကြမ္မာဟောစာတမ်း...

(26.12.2019မှ 1.1.2020အထိ) တစ်ပတ်စာ၇ရက်သားသမီးကံကြမ္မာဟောစာတမ်း... Google

တနင်္ဂနွေ

 

ဒီကာလကတော့ အလုပ်လည်း အဆင်ပြေမယ်။ အိမ်တွင်းရေးလည်း သာယာနေမယ်။ စိတ်တို စရာ ကြုံလာရင်လည်း ကိုယ်ကပဲလျှော့လိုက်ပါ။ လိင်မတူသူတွေနဲ့ပြောဆိုဆက်ဆံရာမှာသတိထားပြောဆိုဆက်ဆံပါ။

 

စကား မှားသွားတတ်ပါတယ်။ ကိုယ်ပိုင်စီးပွားရေး တွေကတော့ စိတ်ကူးသစ် အကြံအစည်သစ်တွေကို ဦးစားမပေး သင့်ပါ ဘူး။ လူကြီးတွေ၊ဌာနဆိုင်ရာတွေနဲ့ပက်သက် ဆက်နွယ်လုပ်ကိုင်ခြင်းများအခက်အခဲများပါတယ်။

 

အချစ်ရေး အဆင်ပြေမယ်။ ဒါပေမယ့် ချစ်သူကလည်းအလုပ်များနေတာကြောင့် နှစ်ယောက်စလုံးအဆက်အသွယ်နည်းပါ လိမ့်မယ်။

 

အိမ်ထောင်ရေးကတော့ နားလည်မှုယူမှအဆင်ပြေပါလိမ့်မယ်။ ပညာရေးနဲ့ပက်သက်ပြီးတော့လည်း စိတ်ရှုပ် နေတာကြောင့် အာရုံမစိုက်နိုင်ဖြစ်ရတတ်ပါတယ်။ ကုသိုလ်ကောင်းမှုတွေပြုနိုင်မယ်။ အားလုံးအဆင်ပြေ တိုးတတ်မယ့်ကာလပါ။

 

မေတ္တာရောင်ပြန်ရိုက်ခက်မှုကို သိသိသာသာ ခံစားရမယ့်အချိန်ပါ။ ငွေအထူးဝင်မယ်။ ပေးကမ်း၊ လှူဒါန်းရမယ့်အချိန်ပါ။ ပျော်ပျော်နေလိုက်ပါ။ မိမိရဲ့ကျန်းမာရေးကလည်းအဆိုးကြီးမဟုတ်ရင်တောင် တငွေ့ငွေ့နဲ့ ဖြစ်တတ်ပါတယ်။

 

ဖျားချင်သလိုဖြစ်လိုက်၊ခေါင်းကိုက်လိုက်၊ နှာစေးလိုက်ဆိုတာမျိုး ပြောင်းလဲဖြစ်နေတတ်ပါ တယ်။

 

အကျိုးပေးဂဏန်း 2/7/9 အထူးဟော စေတနာကောင်းရင်ကံကောင်းမည်။

 

ယတြာ နေအိမ် ဘုရားကျောင်းဆောင်မှာ စပယ်ပန်းကိုပန်းမွေ့ယာခင်းပြီး ပူဇော်ပါ။

 

 

တနင်္လာ

 

ဒီရက်တွေမှာ ငွေကြေးနဲ့ပက်သက်ပြီး အဘက်ဘက်ကငွေဝင်လာစရာရှိပါတယ်။ဒီကာလအတွင်းသင်က အဖြူဆိုရင်ကျန် တဲ့သူ တွေက အမည်းလို့ပြောပြီး ဆန့်ကျင်ကြလိမ့်မယ်။ ဒါတွေကို သိပ်ပြီးတော့စိတ်ထဲထားမနေ ပါနဲ့။

 

အတွေးအမြင်လေးတွေ နည်းနည်းလွဲနေကြတာပါ။ မိမိအတွက်ကောင်းသော၊စိတ်ချမ်းသာဖွယ်ဖြစ်သော အခြေအနေကိုကြုံရတတ်ပါတယ်။ သားသမီးကြောင့် စိတ်ပူ၊စိတ်ဆင်းရဲစရာတွေဖြစ်ရတတ်ပါတယ်။

 

အလုပ်နဲ့ ပက်သက်ပြီးလူငယ် တွေ၊အောက်လက်ငယ်သားတွေကိုနေရာပေးရလေ့ရှိပါတယ်။ကျန်းမာရေးကတော့အကောင်းများနေတတ်ပါတယ်။ကျန်းမာရေးအခက်အခဲတွေရှိခဲ့ရင်လဲဖြေရှင်းနိုင်ပါလိမ့်မယ်။

 

ဒီအချိန်မှာ ဘာမှ အတိုက် အခံ မလုပ်ဘဲစိတ်ကိုလျှော့ချထားလိုက်ပါ။လုပ်လက်စအလုပ်တွေ မပြီးမပြတ်ဖြစ်နေမယ်။ ပတ်ဝန်း ကျင်နဲ့ လိုက်လျော ညီထွေနေလိုက်တာနဲ့ အစစအဆင်ပြေလာပါလိမ့်မယ်။

 

အချစ်ရေးအဆင်ပြေပါလိမ့်မယ်။ မင်္ဂလာကိစ္စတွေအတွက် ပြောဆိုဆောင်ရွက်လို့အထူးကောင်း တဲ့ကာလပါပဲ။ အိမ်ထောင်ရေးနဲ့ပက်သက်ပြီး တော့လည်းအထူးအဆင်ပြေပါ လိမ့်မယ်။ ပညာရေးကတော့ သင်ယူ လွယ်၊တတ်မြောက်လွယ်တဲ့ကာလပါပဲ။

 

အကျိုးပေးဂဏန်း 2/5/4 အထူးဟော ကံအကောင်းများပါတယ်။

 

ယတြာ ထီးနီ(၁၀)လက်ကို စနေထောင့်မှာ လှူပြီး စိတ်ပါ လက်ပါ ဘုရားဝတ်ပြုလိုက်ပါ။

 

 

အင်္ဂါ

 

ဒီကာလထဲမှာ ခိုင်မာ သေချာတဲ့ ရင်းနှီးမြုပ်နှံမှုတွေကိုစတင်နိုင်မဲ့ ကာလပါပဲ။ မိမိကို တစ်ဖက်သက် စွပ်စွဲပုတ်ခက် ပြောဆိုတာတွေ ကြုံရင်လည်း စိတ်ရှည်ပေး လိုက်ပါ။ သူများနဲ့မတူဘဲ စွန့်ဦးထီထွင်ကြိုးစားတာမျိုး ကပိုမိုအဆင်ပြေနိုင်ပါတယ်။

 

စက်၊ကားများကိုပြုပြင် ထိန်းသိမ်းခြင်း၊အသစ်ဝယ်ခြင်းတွေကို အလေးပေးဆောင် ရွက်နိုင်ပါလိမ့်မယ်။ စိတ်ဖိစီးစရာတချို့ ကြုံတတ်တယ်။ အရာအားလုံးအတွက်ရတနာသုံးပါးကို ပုံအပ်ပြီး ဆည်ကပ်ခိုလှုံထားလိုက်ပါ။

 

ကျန်းမာရေးအညံ့တော့ရှိတယ်။ အစားမှားတတ်တယ်။ ဆေးသောက်မှားတတ်တယ်။အနေ အထိုင်၊ အပြောအဆို၊ အစားအသောက် ဆင်ခြင်ပါ။ ဘာပဲဖြစ်ဖြစ် ငွေကြေးအဆင်ပြေမယ်။

 

သူတစ်ပါးက ကိုယ့်ကို မကောင်းမြင်နေတယ်ဆိုတဲ့အတွေးမျိုး သင့်စိတ်ထဲ အလိုလို ထင်ယောင်ထင်မှား ဖြစ်နေတတ်တယ်။ မိမိမိတ်ဆွေ တွေကနေတဆင့် မိတ်ဆွေသစ်တွေတိုးပွားပါ လိမ့်မယ်။

 

အချစ်ရေးနဲ့ပက်သက်ပြီးတော့လည်းချစ်သူသစ် ရလွယ်ပါ တယ်။ မိမိချစ်ခွင့်ပန်ထားတဲ့ ချစ်ရသူထံမှာ မိမိလိုချင်တဲ့အဖြေမျိုးရလွယ်ပါတယ်။ အိမ်ထောင်ရေးမှာ အယူအ ဆတွေကွဲလွဲနေပါလိမ့်မယ်။

 

ပညာရေးမှာ သင်ယူခြင်းထက် ပြန်လည်သင်ကြားရေးတွေမှာကောင်းမွန်ပါ တယ်။

 

အကျိုးပေးဂဏန်း 3/6/5 အထူးဟော စိတ်ချမ်းသာအောင်နေနိုင်ပါလိမ့်မယ်။

 

ယတြာ ဘုရားတစ်ဆူမှာ ရွှေဆိုင်းကပ်လှူပါ။ ပြီးရင်း ခေါင်းလောင်းထိုးပြီး အမျှဝေပေးပါ။

 

 

ဗုဒ္ဓဟူး/ရာဟု

 

ယခုကာလတွင်အခက်အခဲမျိုးစုံ စိန်ခေါ်နေ သော်လည်းမကြာမီမှာ မိတ်ဆွေကောင်းတွေ့ရခြင်း၊ အတွေ့ အကြုံကောင်းရှိခြင်းနှင့် ဆရာကောင်း၊ သမားကောင်းတို့၏ အကူအညီရရှိခြင်းတို့ကြောင့် အညံ့ကနေအကောင်း ဘက်ကိုအလေးသာလာပါလိမ့်မယ်။

 

ဒီကာလတွင် ကြံစည်တွေးတောမှု များနေမည်။ သို့သော် ထင်တိုင်းမဖြစ် နိုင်သေးပါ။ စိတ်ရှည်ပါ။ ဇွဲရှိပါ။ သို့မှသာ အောင်မြင်မှု၏ အကျိုးကို သင်ခံစားရပါလိမ့်မည်။ ဒေါသမကြီးပါနှင့်၊ လောဘမကြီးပါနှင့်။

 

တစ်ယူသန်မလုပ်ပါနှင့်၊ ဦးတည်ချက်အပျောက်မခံဘဲ ဖြည်းဖြည်းမှန်မှန် ကြိုးစားသွားပါက ဘဝအခြေအနေ မြင့်မားလာပါလိမ့်မယ်။ကြန့်ကြာနေတဲ့ငွေတွေပြန်ဝင်လာတတ်ပါတယ်။

 

လူမှုရေးကိစ္စတွေကိုတော့ တတ်နိုင်သမျှ ဝင်မပါနဲ့ဗျ။ တတ်သိနားလည်ထားသမျှကိုလည်း သူများတွေကိုပညာဒါန အနေနဲ့ပြန်လည်သင် ပေးမယ်ဆိုအကောင်း ဆုံးပါပဲ။

 

ကျန်းမာရေးအခြေအနေကတော့ ဒီကာလမှာညံ့နေတာတော့ သိပ်မတွေ့ရပါဘူး။ မတ်တပ်ဖျား၊မတ်တပ်နာ လောက်ပါပဲ။ အချစ်ရေးမှာတော့ မိမိအစွမ်းအစထက် အောင်သွယ် တွေကောင်းမှု ကြောင့် အဆင်ပြေသွားနို်င်တာ ကိုတွေ့ရပါတယ်။

 

အိမ်ထောင်ရေးအတွက်စိတ်ညစ်နေရတာမျိုးတွေ ရှိတတ်ပါ တယ်။ ပညာရေးကံကောင်းနေမယ့်ကာလပါပဲ။

 

အကျိုးပေးဂဏန်း 6/7/8 အထူးဟော ကံအားနည်းလေးတွေရှိနေတတ်ပါတယ်။

 

ယတြာ အုန်းသီးအခွံကျွတ် တစ်လုံးကို ရေမျှောပြီးလိုရာဆုတောင်းလိုက်ပါ။

 

 

ကြာသပတေး

 

ဒီကာလ ဘာပဲလုပ်လုပ် နှစ်ကြိမ်နှစ်ခါ ပြောဆိုလုပ်ကိုင်မှ အဆင်ပြေတတ်ချိန်ပါ။ ကျန်းမာရေးအားနည်း တတ်ပါတယ်။ အပူတွေများပြီး သွားနာတတ်တယ်။ သွေးအားနည်းတတ်တယ်။ ငွေဝင်၊ လာဘ်ရွှင်မယ်။

 

ဒီကာလ ထဲမှာမိမိကိုတမင်မြှောက်ပင့် ပြောဆိုမယ့် လူတချို့နဲ့ တွေ့ရတတ်တယ်။ လူမှုရေးအရှုပ်အထွေး တချို့လည်း ကြုံတွေ့ရတတ်တယ်။ အလုပ်ကိစ္စ အဆင်ပြေမယ်။

 

သူတစ်ပါးစကားမှာမျောပြီးလုပ်မိတယ်ဆိုရင်တော့အမှားများ နိုင်ပါတယ်။ ပွဲစားအလုပ်များ၊အကျိုးဆောင်အလုပ်များအထူးသတိထားပါ။

 

အချစ်ရေး သာယာတတ်တယ်။ နားလည်မှုရှိရှိနဲ့ရှေ့ဆက်နိုင်ပါလိမ့်မယ်။ချစ်သူသစ်၊ရည်းစားသစ်လည်းရလွယ်နေတာကို တွေ့ရပါတယ်။ တစ်ခုဆိုး တာ က မိမိကိုယ်တိုင်က လက်ရှိချစ်သူအပေါ် အနည်းငယ်စိတ်ပျက် နေမိတတ်ပါတယ်။

 

မိသားစု ကိစ္စတွေ အိုကေ စိုပြည်နေမယ်။ ဘာအခက်အခဲရှိရှိ အားလုံး ပြေလည် သွားမယ်ဆိုတာ မမှိတ်မသုန် ယုံကြည်ထားလိုက်ပေတော့။ အိမ်ထောင်ရေးမှာတော့ အလွန်ပဲအဆင်ပြေပါလိမ့်မယ်။

 

အိမ်ထောင်ဘက်ရဲ့ အကူအညီတွေကိုလဲ ကောင်းစွာ ရရှိနိုင်ပါလိမ့်မယ်။ ပညာရေးကတော့ စတင်သင်ယူလို့အထူးကောင်းပါတယ်။

 

အကျိုးပေးဂဏန်း 1/7/6 အထူးဟော ကံသင့်ပါတယ်။

 

ယတြာ ပဲနို့ဗူးလေးတွေဝယ်ပြီးနီးစပ်တဲ့ကလေးတွေကို ဝေပေးလိုက်ပါ။

 

 

သောကြာ

 

ဒီကာလအတွင်းဟိုအရင်က အမြင်မကြည်လင်သူတွေကလည်း သင့်ကို ပြန်ပြီး ဖော်ဖော်ရွေရွ ဆက်ဆံလာ လိမ့်မယ်။ အလုပ်နဲ့ပက်သက်ပြီး ရောင်းပန်းဝယ်ပန်းတွေပွင့်လိမ့် မယ်။ လူအများရဲ့ယုံကြည်ကိုးစားခြင်းကိုလည်းခံ ရတတ်ပါတယ်။

 

ကျက်သရေမင်္ဂလာနဲ့ပြည့်စုံတဲ့ အကောင်းဆုံးရက်တွေပါပဲ။ ဟိုအရင်ကဆုံးရှုံးထားတာတွေပြန် လည် ပိုင်ဆိုင်တတ်ချိန်ပေါ့။ မိမိသာ လုပ်ငန်းရှင်များ၊မန်နေဂျာများဆိုရင်တော့ အောက်လက်ငယ်သားတွေကို ကောင်းစွာစီမံအုပ်ချုပ်နိုင်ပါလိမ့်မယ်။

 

ဒီကာလထဲမှာ ရွှေထည် ဝင်တတ်သလို၊ ဝင်ငွေတွေလည်း ပိုကောင်းမယ့်ရက် တွေပါပဲ။ ကောင်းမြတ်တဲ့ ခရီးတိုလေးတွေလည်း သွားဖြစ်တတ်ပါတယ်။ ဒီကာလကနေ စပြီး စီးပွားတက်မယ်လို့ တထစ်ချသာ မှတ်ယူထားပေတော့။

 

ကျန်းမာရေးအတွက်စိုးရိမ်စရာမလိုပါ။ ကိုယ်ခံအားကောင်းနေတာမျိုးတွေ့ရ ပါတယ်။ အချစ်ရေးကတော့ အထူးကောင်းပါတယ်။ ဒါပေမဲ့အလုပ် များနေတာကြောင့်ချစ်သူနဲ့ဆုံချိန်နည်းပါ လိမ့် မယ်။

 

အိမ်ထောင်ရေးမှာလဲ အိမ်ထောင်ဘက်ဆီက မိမိလိုချင်တဲ့ပစ္စည်း တွေကိုလက်ဆောင်ရတတ်ပါတယ်။ မိမိ လုပ်ငန်းတိုးတတ်စေမယ့်ပညာတွေကိုသင်ယူစေချင်ပါတယ်။

 

အကျိုးပေးဂဏန်း 1/2/6 အထူးဟော အလုပ်အကိုင်တိုးတတ်အောင်မြင်မည်။

 

ယတြာ ဘုရားရှေ့တွင် သီလခံယူပြီး ပုတီး (၉)ပတ်စိတ်ပါ။

 

 

စနေ

 

စိတ်ရှည်ရမည့်ကာလပါ။ သတိထားရမှာက လုပ်ဖော်ကိုင်ဖက်တွေနဲ့ အပေးအယူမမျှတာမျိုးတွေဖြစ်ရ တတ်ပါတယ်။ မိတ်ဆွေ ရင်းတွေနဲ့လည်းစိတ်ဝမ်းကွဲစရာပေါ်လာတတ်ပါတယ်။

 

တခါတရံ မိမိဖြစ်ချင်သည်များ ဖြစ်ရန် အချိန်စောင့်ဆိုင်း ရသည်ဆိုသည်ကို နားလည်ထားရန် လိုအပ်ပါသည်။ ဘဝအတွက် ရွေးချယ်စရာ လမ်းခွဲနှစ်သွယ် ပေါ်လာမည်။

 

မည်သည့်လမ်းကို ရွေးချယ်သင့်သည်ဆိုတာကို မှန်မှန်ကန်ကန် ဆုံးဖြတ်တတ်ရန် အထူးလိုပါသည်။ အကြံအစည် မည်မျှကောင်းစေကာမူ လက်တွေ့အကောင်အထည်ဖော်ဖို့ကခက်ခဲနေတတ်ပါ တယ်။

 

ကြိုးစားသမျှ ချက်ချင်းလက်ငင်း အကျိုးမပေးနိုင်သေးတာ တွေ့ရပါတယ်။ ယခုကာလ မှာ လုပ်ငန်းသစ်မစ သင့်ပါ။ အလုပ်နဲ့ပက်သက်ပြီး အသွားအလာ အလှုပ်အရှားများရ မည်။ အထိုင်မနေတတ်။

 

ကျန်းမာ ရေးကိုလည်းသတိထားပါလို့မှာချင်ပါတယ်။ ခေါင်းကိုက်တာမျိုး၊ ခေါင်းမူးတာမျိုးအပြင် အာရုံကြောနဲ့ပက် သက် သော ရောဂါများ ဖြစ်လွယ်ပါတယ်။ အချစ်ရေးအတွက် စိတ်ချမ်းသာရလိမ့်မယ်။

 

ချစ်သူရဲ့အလိုလိုက်ခြင်းကို ခံရပါလိမ့်မယ်။ အိမ်ထောင် ရေး မှာတော့ တစ်ယောက်တစ်ခွန်း စကားများရတတ်ပါတယ်။ ပညာရေးမှာတော့ သေချာ အားစိုက်ဖို့ လိုပါတယ်။ ရလာဒ်တွေ နည်းနေတတ်ပါတယ်။

 

အကျိုးပေးဂဏန်း 9/3/0 အထူးဟော အလုပ်များ၊ကိစ္စများနေမည်။

 

ယတြာ နေ့စဉ် မေတ္တာနှင့် ယှဉ်သော စိတ်ကို မွေးမြူပါ။ မေတ္တသုတ်ကိုရွတ်ပွားပါ။

 

၇ရက်သားသမီးအပေါင်း ကောင်းသောလိုအင်ဆန္ဒတွေပြည့်ဝပါစေ

 

ဆရာငြိမ်းအေးလူ(ဗေဒင်သုတေသီ)

 

 

 

Zawgyi ျဖင့္ဖတ္ရန္

 

တနဂၤေႏြ

 

ဒီကာလကေတာ့ အလုပ္လည္း အဆင္ေျပမယ္။ အိမ္တြင္းေရးလည္း သာယာေနမယ္။ စိတ္တို စရာ ၾကံဳလာရင္လည္း ကိုယ္ကပဲေလွ်ာ့လိုက္ပါ။ လိင္မတူသူေတြနဲ႔ေျပာဆိုဆက္ဆံရာမွာသတိထားေျပာဆိုဆက္ဆံပါ။

 

စကား မွားသြားတတ္ပါတယ္။ ကိုယ္ပိုင္စီးပြားေရး ေတြကေတာ့ စိတ္ကူးသစ္ အႀကံအစည္သစ္ေတြကို ဦးစားမေပး သင့္ပါ ဘူး။ လူႀကီးေတြ၊ဌာနဆိုင္ရာေတြနဲ႔ပက္သက္ ဆက္ႏြယ္လုပ္ကိုင္ျခင္းမ်ားအခက္အခဲမ်ားပါတယ္။

 

အခ်စ္ေရး အဆင္ေျပမယ္။ ဒါေပမယ့္ ခ်စ္သူကလည္းအလုပ္မ်ားေနတာေၾကာင့္ ႏွစ္ေယာက္စလုံုးအဆက္အသြယ္နည္းပါ လိမ့္မယ္။

 

အိမ္ေထာင္ေရးကေတာ့ နားလည္မႈယူမွအဆင္ေျပပါလိမ့္မယ္။ ပညာေရးနဲ႔႔ပက္သက္ၿပီးေတာ့လည္း စိတ္ရႈပ္ ေနတာေၾကာင့္ အာရံုမစိုက္နိုင္ျဖစ္ရတတ္ပါတယ္။ ကုသိုလ္ေကာင္းမႈေတြျပဳႏိုင္မယ္။ အားလံုးအဆင္ေျပ တိုးတတ္မယ့္ကာလပါ။

 

ေမတၱာေရာင္ျပန္ရိုက္ခက္မႈကို သိသိသာသာ ခံစားရမယ့္အခ်ိန္ပါ။ ေငြအထူး၀င္မယ္။ ေပးကမ္း၊ လွဴဒါန္းရမယ့္အခ်ိန္ပါ။ ေပ်ာ္ေပ်ာ္ေနလိုက္ပါ။ မိမိရဲ႕က်န္းမာေရးကလည္းအဆိုးႀကီးမဟုတ္ရင္ေတာင္ တေငြ႔ေငြ႔နဲ႔ ျဖစ္တတ္ပါတယ္။

 

ဖ်ားခ်င္သလုိျဖစ္လုိက္၊ေခါင္းကိုက္လုိက္၊ ႏွာေစးလုိက္ဆိုတာမ်ိဳး ေျပာင္းလဲျဖစ္ေနတတ္ပါ တယ္။

 

အက်ိဳးေပးဂဏန္း 2/7/9 အထူးေဟာ ေစတနာေကာင္းရင္ကံေကာင္းမည္။

 

ယၾတာ ေနအိမ္ ဘုရားေက်ာင္းေဆာင္မွာ စပယ္ပန္းကိုပန္းေမြ႕ယာခင္းျပီး ပူေဇာ္ပါ။

 

တနလၤာ

 

ဒီရက္ေတြမွာ ေငြေၾကးနဲ႔ပက္သက္ၿပီး အဘက္ဘက္ကေငြ၀င္လာစရာရွိပါတယ္။ဒီကာလအတြင္းသင္က အျဖဴဆိုရင္က်န္ တဲ့သူ ေတြက အမည္းလို႔ေျပာျပီး ဆန္႔က်င္ၾကလိမ့္မယ္။ ဒါေတြကို သိပ္ၿပီးေတာ့စိတ္ထဲထားမေန ပါနဲ႕။

 

အေတြးအျမင္ေလးေတြ နည္းနည္းလြဲေနၾကတာပါ။ မိမိအတြက္ေကာင္းေသာ၊စိတ္ခ်မ္းသာဖြယ္ျဖစ္ေသာ အေျခအေနကိုႀကံဳရတတ္ပါတယ္။ သားသမီးေၾကာင့္ စိတ္ပူ၊စိတ္ဆင္းရဲစရာေတြျဖစ္ရတတ္ပါတယ္။

 

အလုပ္နဲ႔ ပက္သက္ၿပီးလူငယ္ ေတြ၊ေအာက္လက္ငယ္သားေတြကိုေနရာေပးရေလ့ရွိပါတယ္။က်န္းမာေရးကေတာ့အေကာင္းမ်ားေနတတ္ပါတယ္။က်န္းမာေရးအခက္အခဲေတြရွိခဲ့ရင္လဲေျဖရွင္းႏုိင္ပါလိမ့္မယ္။

 

ဒီအခ်ိန္မွာ ဘာမွ အတိုက္ အခံ မလုပ္ဘဲစိတ္ကိုေလွ်ာ့ခ်ထားလိုက္ပါ။လုပ္လက္စအလုပ္ေတြ မျပီးမျပတ္ျဖစ္ေနမယ္။ ပတ္၀န္း က်င္နဲ႕ လိုက္ေလ်ာ ညီေထြေနလိုက္တာနဲ႕ အစစအဆင္ေျပလာပါလိမ့္မယ္။

 

အခ်စ္ေရးအဆင္ေျပပါလိမ့္မယ္။ မဂၤလာကိစၥေတြအတြက္ ေျပာဆုိေဆာင္ရြက္လို႔အထူးေကာင္း တဲ့ကာလပါပဲ။ အိမ္ေထာင္ေရးနဲ႔ပက္သက္ၿပီး ေတာ့လည္းအထူးအဆင္ေျပပါ လိမ့္မယ္။ ပညာေရးကေတာ့ သင္ယူ လြယ္၊တတ္ေျမာက္လြယ္တဲ့ကာလပါပဲ။

 

အက်ိဳးေပးဂဏန္း 2/5/4 အထူးေဟာ ကံအေကာင္းမ်ားပါတယ္။

 

ယၾတာ ထီးနီ(၁၀)လက္ကို စေနေထာင့္မွာ လွဴျပီး စိတ္ပါ လက္ပါ ဘုရား၀တ္ျပဳလိုက္ပါ။

 

 

အဂၤါ

 

ဒီကာလထဲမွာ ခိုင္မာ ေသခ်ာတဲ့ ရင္းႏွီးျမဳပ္နွံမႈေတြကိုစတင္ႏို္င္မဲ့ ကာလပါပဲ။ မိမိကို တစ္ဖက္သက္ စြပ္စြဲပုတ္ခက္္ ေျပာဆိုတာေတြ ၾကံဳရင္လည္း စိတ္ရွည္ေပး လိုက္္ပါ။ သူမ်ားနဲ႔မတူဘဲ စြန္႔ဦးထီထြင္ႀကိဳးစားတာမ်ိဳး ကပိုမိုအဆင္ေျပႏုိင္ပါတယ္။

 

စက္၊ကားမ်ားကိုျပဳျပင္ ထိန္းသိမ္းျခင္း၊အသစ္၀ယ္ျခင္းေတြကို အေလးေပးေဆာင္ ရြက္ႏုိင္ပါလိမ့္မယ္။ စိတ္ဖိစီးစရာတခ်ိဳ႕ ၾကံဳတတ္တယ္။ အရာအားလံုးအတြက္ရတနာသံုးပါးကို ပံုအပ္ျပီး ဆည္ကပ္ခိုလွဳံထားလိုက္ပါ။

 

က်န္းမာေရးအညံ့ေတာ့ရွိတယ္။ အစားမွားတတ္တယ္။ ေဆးေသာက္မွားတတ္တယ္။အေန အထိုင္၊ အေျပာအဆို၊ အစားအေသာက္ ဆင္ျခင္ပါ။ ဘာပဲျဖစ္ျဖစ္ ေငြေၾကးအဆင္ေျပမယ္။

 

သူတစ္ပါးက ကိုယ့္ကို မေကာင္းျမင္ေနတယ္ဆိုတဲ့အေတြးမ်ိဳး သင့္စိတ္ထဲ အလိုလို ထင္ေယာင္ထင္မွား ျဖစ္ေနတတ္တယ္။ မိမိမိတ္ေဆြ ေတြကေနတဆင့္ မိတ္ေဆြသစ္ေတြတိုးပြားပါ လိမ့္မယ္။

 

အခ်စ္ေရးနဲ႔႔ပက္သက္ၿပီးေတာ့လည္းခ်စ္သူသစ္ ရလြယ္ပါ တယ္။ မိမိခ်စ္ခြင့္ပန္ထားတဲ့ ခ်စ္ရသူထံမွာ မိမိလုိခ်င္တဲ့အေျဖမ်ိဳးရလြယ္ပါတယ္။ အိမ္ေထာင္ေရးမွာ အယူအ ဆေတြကြဲလြဲေနပါလိမ့္မယ္။

 

ပညာေရးမွာ သင္ယူျခင္းထက္ ျပန္လည္သင္ၾကားေရးေတြမွာေကာင္းမြန္ပါ တယ္။

 

အက်ိဳးေပးဂဏန္း 3/6/5 အထူးေဟာ စိတ္ခ်မ္းသာေအာင္ေနႏိုင္ပါလိမ့္မယ္။

 

ယၾတာ ဘုရားတစ္ဆူမွာ ေရႊဆိုင္းကပ္လွဴပါ။ ျပီးရင္း ေခါင္းေလာင္းထုိးျပီး အမွ်ေ၀ေပးပါ။

 

 

ဗုဒၶဟူး/ရာဟု

 

ယခုကာလတြင္အခက္္အခဲမ်ိဳးစံု စိန္ေခၚေန ေသာ္လည္းမၾကာမီမွာ မိတ္ေဆြေကာင္းေတြ႔ရျခင္း၊ အေတြ႔ အႀကံဳေကာင္းရွိျခင္းႏွင့္ ဆရာေကာင္း၊ သမားေကာင္းတို႔၏ အကူအညီရရွိျခင္းတို႔ေၾကာင့္ အညံ့ကေနအေကာင္း ဘက္ကိုအေလးသာလာပါလိမ့္မယ္။

 

ဒီကာလတြင္ ၾကံစည္ေတြးေတာမႈ မ်ားေနမည္။ သို႔ေသာ္ ထင္တိုင္းမျဖစ္ ႏိုင္ေသးပါ။ စိတ္ရွည္ပါ။ ဇြဲရွိပါ။ သို႔မွသာ ေအာင္ျမင္မႈ၏ အက်ိဳးကို သင္ခံစားရပါလိမ့္မည္။ ေဒါသမၾကီးပါႏွင့္၊ ေလာဘမၾကီးပါႏွင့္။

 

တစ္ယူသန္မလုပ္ပါႏွင့္၊ ဦးတည္ခ်က္အေပ်ာက္မခံဘဲ ျဖည္းျဖည္းမွန္မွန္ ၾကိဳးစားသြားပါက ဘ၀အေျခအေန ျမင့္မားလာပါလိမ့္မယ္။ၾကန္႔ၾကာေနတဲ့ေငြေတြျပန္၀င္လာတတ္ပါတယ္။

 

လူမႈေရးကိစၥေတြကိုေတာ့ တတ္ႏိုင္သမွ် ၀င္မပါနဲ႔ဗ်။ တတ္သိနားလည္ထားသမွ်ကိုလည္း သူမ်ားေတြကိုပညာဒါန အေနနဲ႔ျပန္လည္သင္ ေပးမယ္ဆိုအေကာင္း ဆံုးပါပဲ။

 

က်န္းမာေရးအေျခအေနကေတာ့ ဒီကာလမွာညံ့ေနတာေတာ့ သိပ္မေတြ႔႔ရပါဘူး။ မတ္တပ္ဖ်ား၊မတ္တပ္နာ ေလာက္ပါပဲ။ အခ်စ္ေရးမွာေတာ့ မိမိအစြမ္းအစထက္ ေအာင္သြယ္ ေတြေကာင္းမႈ ေၾကာင့္ အဆင္ေျပသြားႏုိ္္င္တာ ကိုေတြ႔ရပါတယ္။

 

အိမ္ေထာင္ေရးအတြက္စိတ္ညစ္ေနရတာမ်ိဳးေတြ ရွိိတတ္ပါ တယ္။ ပညာေရးကံေကာင္းေနမယ့္ကာလပါပဲ။

 

အက်ိဳးေပးဂဏန္း 6/7/8 အထူးေဟာ ကံအားနည္းေလးေတြရွိေနတတ္ပါတယ္။

 

ယၾတာ အုန္းသီးအခြံကြ်တ္ တစ္လံုးကို ေရေမွ်ာၿပီးလိုရာဆုေတာင္းလိုက္ပါ။

 

 

ၾကာသပေတး

 

ဒီကာလ ဘာပဲလုပ္လုပ္ ႏွစ္ၾကိမ္ႏွစ္ခါ ေျပာဆိုလုပ္ကိုင္မွ အဆင္ေျပတတ္ခ်ိန္ပါ။ က်န္းမာေရးအားနည္း တတ္ပါတယ္။ အပူေတြမ်ားၿပီး သြားနာတတ္တယ္။ ေသြးအားနည္းတတ္တယ္။ ေငြ၀င္၊ လာဘ္ရႊင္မယ္။

 

ဒီကာလ ထဲမွာမိမိကိုတမင္ေျမွာက္ပင့္ ေျပာဆိုမယ့္ လူတခ်ိဳ႕နဲ႕ ေတြ႔ရတတ္တယ္။ လူမႈေရးအရႈပ္အေထြး တခ်ိဳ႕လည္း ၾကံဳေတြ႕ရတတ္တယ္။ အလုပ္္ကိစၥ အဆင္ေျပမယ္။

 

သူတစ္ပါးစကားမွာေမ်ာၿပီးလုပ္မိတယ္ဆိုရင္ေတာ့အမွားမ်ား ႏုိင္ပါတယ္။ ပြဲစားအလုပ္မ်ား၊အက်ိဳးေဆာင္အလုပ္မ်ားအထူးသတိထားပါ။

 

အခ်စ္ေရး သာယာတတ္တယ္။ နားလည္မႈရွိရွိနဲ႔ေရွ႕ဆက္ႏုိင္ပါလိမ့္မယ္။ခ်စ္သူသစ္၊ရည္းစားသစ္လည္းရလြယ္ေနတာကို ေတြ႔ရပါတယ္။ တစ္ခုဆိုး တာ က မိမိကိုယ္တိုင္က လက္ရွိခ်စ္သူအေပၚ အနည္းငယ္စိတ္ပ်က္ ေနမိတတ္ပါတယ္။

 

မိသားစု ကိစၥေတြ အိုေက စိုျပည္ေနမယ္။ ဘာအခက္အခဲရွိရွိ အားလံုး ေျပလည္ သြားမယ္ဆိုတာ မမွိတ္မသုန္ ယံုၾကည္ထားလိုက္ေပေတာ့။ အိမ္ေထာင္ေရးမွာေတာ့ အလြန္ပဲအဆင္ေျပပါလိမ့္မယ္။

 

အိမ္ေထာင္ဘက္ရဲ့ အကူအညီေတြကိုလဲ ေကာင္းစြာ ရရွိိႏုိင္ပါလိမ့္မယ္။ ပညာေရးကေတာ့ စတင္သင္ယူလို႔အထူးေကာင္းပါတယ္။

 

အက်ိဳးေပးဂဏန္း 1/7/6 အထူးေဟာ ကံသင့္ပါတယ္။

 

ယၾတာ ပဲႏို႔ဗူးေလးေတြ၀ယ္ၿပီးနီးစပ္တဲ့ကေလးေတြကို ေ၀ေပးလုိက္ပါ။

 

 

ေသာၾကာ

 

ဒီကာလအတြင္းဟိုအရင္က အျမင္မၾကည္လင္သူေတြကလည္း သင့္ကို ျပန္ျပီး ေဖာ္ေဖာ္ေရြရြ ဆက္ဆံလာ လိမ့္မယ္။ အလုပ္နဲ႔ပက္သက္ၿပီး ေရာင္းပန္း၀ယ္ပန္းေတြပြင့္လိမ့္ မယ္။ လူအမ်ားရဲ့ယံုၾကည္ကိုးစားျခင္းကိုလည္းခံ ရတတ္ပါတယ္။

 

က်က္သေရမဂၤလာနဲ႕ျပည့္စံုတဲ့ အေကာင္းဆံုးရက္ေတြပါပဲ။ ဟိုအရင္ကဆံုးရႈံုးထားတာေတြျပန္ လည္ ပိုင္ဆိုင္တတ္ခ်ိန္ေပါ့။ မိမိသာ လုပ္ငန္းရွင္မ်ား၊မန္ေနဂ်ာမ်ားဆိုရင္ေတာ့ ေအာက္လက္ငယ္သားေတြကို ေကာင္းစြာစီမံအုပ္ခ်ဳပ္ႏိုင္ပါလိမ့္မယ္။

 

ဒီကာလထဲမွာ ေရႊထည္ ၀င္တတ္သလို၊ ၀င္ေငြေတြလည္း ပိုေကာင္းမယ့္ရက္ ေတြပါပဲ။ ေကာင္းျမတ္တဲ့ ခရီးတိုေလးေတြလည္း သြားျဖစ္တတ္ပါတယ္။ ဒီကာလကေန စၿပီး စီးပြားတက္မယ္လို႔ တထစ္ခ်သာ မွတ္ယူထားေပေတာ့။

 

က်န္းမာေရးအတြက္စိုးရိမ္စရာမလုိပါ။ ကိုယ္ခံအားေကာင္းေနတာမ်ိဳးေတြ႔ရ ပါတယ္။ အခ်စ္ေရးကေတာ့ အထူးေကာင္းပါတယ္။ ဒါေပမဲ့အလုပ္ မ်ားေနတာေၾကာင့္ခ်စ္သူနဲ႔ဆံုခ်ိန္နည္းပါ လိမ့္ မယ္။

 

အိမ္ေထာင္ေရးမွာလဲ အိမ္ေထာင္ဘက္ဆီက မိမိလုိခ်င္တဲ့ပစၥည္း ေတြကိုလက္ေဆာင္ရတတ္ပါတယ္။ မိမိ လုပ္ငန္းတိုးတတ္ေစမယ့္ပညာေတြကိုသင္ယူေစခ်င္ပါတယ္။

 

အက်ိဳးေပးဂဏန္း 1/2/6 အထူးေဟာ အလုပ္အကိုင္တိုးတတ္ေအာင္ျမင္မည္။

 

ယၾတာ ဘုရားေရွ႕တြင္ သီလခံယူျပီး ပုတီး (၉)ပတ္စိတ္ပါ။

 

 

စေန

 

စိတ္ရွည္ရမည့္ကာလပါ။ သတိထားရမွာက လုပ္ေဖာ္ကိုင္ဖက္ေတြနဲ႔ အေပးအယူမမွ်တာမ်ိဳးေတြျဖစ္ရ တတ္ပါတယ္။ မိတ္ေဆြ ရင္းေတြနဲ႔လည္းစိတ္၀မ္းကြဲစရာေပၚလာတတ္ပါတယ္။

 

တခါတရံ မိမိျဖစ္ခ်င္သည္မ်ား ျဖစ္ရန္ အခ်ိိန္ေစာင့္ဆိုင္း ရသည္ဆိုသည္ကို နားလည္ထားရန္ လိုအပ္ပါသည္။ ဘ၀အတြက္ ေရြးခ်ယ္စရာ လမ္းခြဲႏွစ္သြယ္ ေပၚလာမည္။

 

မည္သည့္လမ္းကို ေရြးခ်ယ္သင့္သည္ဆိုတာကို မွန္မွန္ကန္ကန္ ဆံုးျဖတ္တတ္ရန္ အထူးလိုပါသည္။ အၾကံအစည္ မည္မွ်ေကာင္းေစကာမူ လက္ေတြ႔အေကာင္အထည္ေဖာ္ဖုိ႔ကခက္ခဲေနတတ္ပါ တယ္။

 

ႀကိဳးစားသမွ် ခ်က္ခ်င္းလက္ငင္း အက်ိဳးမေပးႏုိင္ေသးတာ ေတြ႔ရပါတယ္။ ယခုကာလ မွာ လုပ္ငန္းသစ္မစ သင့္ပါ။ အလုပ္နဲ႔ပက္သက္ၿပီး အသြားအလာ အလႈပ္အရွားမ်ားရ မည္။ အထုိင္မေနတတ္။

 

က်န္းမာ ေရးကိုလည္းသတိထားပါလို႔မွာခ်င္ပါတယ္။ ေခါင္းကိုက္တာမ်ိဳး၊ ေခါင္းမူးတာမ်ိဳးအျပင္ အာရံုေၾကာနဲ႔ပက္ သက္ ေသာ ေရာဂါမ်ား ျဖစ္လြယ္ပါတယ္။ အခ်စ္ေရးအတြက္ စိတ္ခ်မ္းသာရလိမ့္မယ္။

 

ခ်စ္သူရဲ႕အလုိလုိက္ျခင္းကို ခံရပါလိမ့္မယ္။ အိမ္ေထာင္ ေရး မွာေတာ့ တစ္ေယာက္တစ္ခြန္း စကားမ်ားရတတ္ပါတယ္။ ပညာေရးမွာေတာ့ ေသခ်ာ အားစိုက္ဖုိ႔ လိုပါတယ္။ ရလာဒ္ေတြ နည္းေနတတ္ပါတယ္။

 

အက်ိဳးေပးဂဏန္း 9/3/0 အထူးေဟာ အလုပ္မ်ား၊ကိစၥမ်ားေနမည္။

 

ယၾတာ ေန႔စဥ္ ေမတၱာႏွင့္ ယွဥ္ေသာ စိတ္ကို ေမြးျမဴပါ။ ေမတၱသုတ္ကိုရြတ္ပြားပါ။

 

၇ရက္သားသမီးအေပါင္း ေကာင္းေသာလုိအင္ဆႏၵေတြျပည့္၀ပါေစ

 

ဆရာၿငိမ္းေအးလူ(ေဗဒင္သုေတသီ) 

 

Myanmar Wedding Guide

 

jjjj

Read times Last modified on Thursday, 06 February 2020 11:42
Rate this item
(2 votes)
Tagged under