ယောက်ျားလေးတွေဟာ ဘာကြောင့်အေးတိအေးစက်ပုံဖမ်းနေရတာလဲဆိုရင်

ယောက်ျားလေးတွေဟာ ဘာကြောင့်အေးတိအေးစက်ပုံဖမ်းနေရတာလဲဆိုရင် google

ကောင်လေးတစ်ယောက်က ကိုယ့်ကိုစိတ်ဝင်စားနေတယ်ဆိုတာကို မိန်းကလေးတိုင်းက အလိုလိုသိနေတတ်တာကတော့ ထူးဆန်းတဲ့အရာတစ်ခုပါ။

သင့်ကိုစိတ်ဝင်စားနေတဲ့ ကောင်လေးတစ်ယောက်ယောက်ကသင်နဲ့နီးစပ်ဖို့မကြိုးစားပဲ အေးတိအေးစက်ပုံစံ၊ ခပ်ချေချေပုံစံနဲ့နေပြတဲ့အခါအံ့သြသွားတဲ့အချိန်တွေလည်းကြုံဖူးမှာပါ။ ခုဖော်ပြပေးမှာကတော့ ယောက်ျားလေးတွေဟာ ဘာကြောင့်ချစ်နေရက်သားနဲ့ အေးတိအေးစက်ပုံဖမ်းနေရတာလဲဆိုတဲ့အကြောင်းရင်းလေးတွေပါ။ ဒီစာလေးတွေကိုဖတ်ပြီး သူ့ခံစားချက်ကို နားလည်ပေးလိုက်ပါနော်။

 

အီစီကလီလို့မထင်စေချင်ဘူး

သင့်ကိုသူစကားလာပြောတဲ့အခါ သင့်ဖက်ကနေ အီစီကလီလာလုပ်နေတယ်၊ မိန်းကလေးတိုင်းကို ဒီလိုပဲအီစီကလီလုပ်တတ်တယ်လို့ ထင်သွားမှာကိုလုံးဝမလိုလားပါဘူး။ ဒါကြောင့်မို့လို့ပဲ ခပ်တည်တည်နေပြပြီး သူဟာတည်ကြည်တဲ့ ယောက်ျားတစ်ယောက်ဖြစ်တယ်ဆိုတာကို သက်သေပြနေတာဖြစ်ပါတယ်။

 

ဘာပြောရမှန်းမသိလို့

သူဟာ သင့်ကိုရူးမတတ်ချစ်ပါတယ်။ ဒါပေမယ့်လည်း သင်နဲ့တွေ့တဲ့အခါကြောင်တောင်တောင်တွေဖြစ်ပြီး ဘာလုပ်လို့ဘာကိုင်ရမှန်းမသိဖြစ်နေတတ်ပါတယ်။ သင်နဲ့အတူစကားတွေပြောချင်ပေမယ့်လည်း ဘယ်ကစပြောရမှန်းမသိလို့ ဖြစ်နေနိုင်ပါတယ်။ သင့်ကိုစကားပြောဖို့ သူ့ဖက်ကအဆင်သင့်မဖြစ်မချင်း အေးတိအေးစက်ပဲနေဦးမှာဖြစ်ပါတယ်။

 

သင့်ရဲ့ယောက်ျားလေးသူငယ်ချင်းတွေကို သဝန်တိုလို့

သင်ဟာ သူမဟုတ်တဲ့ တခြားယောက်ျားလေးသူငယ်ချင်းတွေနဲ့ တရင်းတနှီးဆက်ဆံနေတာမျိုးကို အရမ်းသဝန်တိုပါတယ်။ ဒါပေမယ့်လည်း သင်နဲ့သူဟာဘာမှလည်းမဆိုင်သလို၊ ရင်းလည်းမရင်းနှီးသေးတဲ့အတွက် သဝန်တိုတယ်ဆိုတာကို ဖော်ပြလို့လည်း မရပြန်ပါဘူး။ ဒါကြောင့် မျက်နှာကြောတင်းပြီးခပ်ချေချေနေပြလိုက်တာဖြစ်ပါတယ်။ ဘာဖြစ်သွားတာပါလိမ့်လို့တွေးစေချင်လို့ပါ။

 

သူများကိုမသိစေချင်လို့

သင့်ကိုဖုန်းနဲ့ဖြစ်စေ၊ လိုင်းပေါ်မှာဖြစ်စေ ကောင်းကောင်းမွန်မွန်စကားပြောပြီး နွေးထွေးသလောက်အပြင်မှာတော့မသိတဲ့သူတွေလိုပဲ အေးတိအေးစက်ဖြစ်နေပါသလား။ ဒါဆိုရင်တော့ သင့်ကိုသူချစ်နေတယ်ဆိုတာကိုတခြားသူတွေကို မသိစေချင်လို့ပဲဖြစ်ပါတယ်။ ဒါကတော့ သူ့ရဲ့အခြေအနေ၊ အလုပ်သဘောအရတွေကြောင့်လည်း ဖြစ်နေတတ်တာကြောင့်စိတ်ထဲမထားပါနဲ့။

 

မာယာများနေတာ

ဒါကတော့ လူတိုင်းသုံးတတ်တဲ့မာယာတစ်မျိုးပါ။ သူတို့ချစ်တဲ့မိန်းကလေးတွေကိုအစပိုင်းမှာအထာတွေပေး နောက်ပိုင်းကျမှမချစ်သလိုဟန်ဆောင်ပြီးခပ်တည်တည်နေပြလိုက်ခြင်းဖြင့် အဲ့ဒီ့မိန်းကလေးရဲ့ အာရုံတွေကို ဖမ်းစားထားနိုင်မယ်လို့ ယုံကြည်ထားလို့ပါ။

 

Credit : Auntymay

Myanmar Wedding Guide

Read times Last modified on Thursday, 21 February 2019 17:58
Rate this item
(0 votes)