ဒီဇင်ဘာလအတွက် (၇)ရက်သားသမီးများအတွက် တဲရော့ ကံကြမ္မာဟောစတမ်း...
ဒီဇင်ဘာလအတွက် (၇)ရက်သားသမီးများအတွက် တဲရော့ ကံကြမ္မာဟောစတမ်း... google
တနင်္ဂနွေ
ယခုကာလအတွင်းမှာ လိမ်ညာလှည့်စားခြင်း၊ သာယာနေသောဘဝကို ဖျက်စီးခံရခြင်း၊ အနှောက်အယှက်များခြင်း များဖြစ်မည်။ သောကများမည်။
မိတ်ဆွေများရဲ့ သစ္စာဖောက်မှုခံရမည်။ရန်များမည်။ပြိုင်ဆိုင်မှု မနာလိုမှုများမည် မိမိမှန်သည်ထင်ထားတဲ့ ကိစ္စများမှားယွင်းလာပြီး အမှားလို့ယူဆထားတဲ့ကိစ္စများကအမှန်တရားတွေဖြစ်နေပါမယ်။ ကိစ္စအ၀၀ကို မိမိကိုယ်တိုင်လုပ်ပါ ။
အလုပ်အကိုင်
အလုပ်ခွင်မှာသတိနဲ့လုပ်ပါ။စာရွက်စာတမ်း လက်မှတ်ထိုးတဲ့နေရာတွေမှာဂရုစိုက်ပါ။ငွေကြေးကိစ္စအာမခံခြင်း သတိနဲ့လုပ်ပါ။မိတ်ဆွေများ ဒုက္ခပေးတတ်ပါတယ်။
မဖြစ်နိုင်၍ လက်လျော့ထားတဲ့ကိစ္စများ ထင်မှတ်မထားသောကိစ္စ အောင်မြင်မှုရှိလာမည်။
ပညာရေး
ပညာရေးညံ့သောကာလဖြစ်သည်။ မှန်းချက်နှင့် နှမ်းထွက်မကိုက်သောကာလဖြစ်သည်။တတ်မြောက်ထားသောပညာကို အသုံးမချနိုင်သောကာလဖြစ်သည်။
စာမေးပွဲဖြေမည့်သူများ အထူးဂရုစိုက်ပါ။ ကျရှုံးတတ်သည်။ကိုယ်ချင်းစာ၍ ဖေးမကူညီမည့်သူမရှိ လက်ညှိုးအထိုးခံရသောကာလဖြစ်သည်။
အချစ်ရေး
အချစ်ရေးအဖို့ကတော့ ပြိုင်ဘက်ပေါ်မည်။မနာလိုမုန်းထားပြီး အတင်းအဖျင်းပြောခံရမည်။ဘေးစကား သွေးစကားကြောင့်အနှေက်အယှက်ဖြစ်မည်။
မှားနေတာမှန်း သိသိကြီးနဲ့ဆက်မှားနေမည်။မိုက်တွင်းနက်နေမည်။စိတ်ကူးယဉ်ထားသောအိပ်မက်များ ပျက်စီးတတ်သည်။
ကျန်းမာရေး
ကျန်းမာရေး အထူး ဂရုစိုက်ပါ။ မတော်တဆ ထိခိုက်မှုကြုံရတတ်သည်။ ယာဉ်မောင်းရာမှာ အထူးဂရုစိုက်ပါ။ ဦးခေါင်း နှင့် မျက်စေ့ ထိခိုက်တတ်သည်။သွေးအတတ် အကျမမှန်ဖြစ်မည်။
ကာလအတန်ကြာမေ့ပျောက်နေသောရောဂါများပြန်ပေါ်လာမည်။မကောင်းတဲ့ကြားက ကောင်းတဲ့အချက်လေးပြောရမယ်ဆိုရင်တော့ တတ်နိုင်သမျှ ယုံလွယ်မှုလျှော့ပါ။
မကြာခင်မှာပဲ မိမိကိုရန်လိုသူများကို လက်တုန့်ပြန်ဖို့အခွင့်အရေးရလာပါမယ်။ရဲရဲလုပ်ပါ။လက်မတွန့်ပါနဲ့။ အဓိက အလုပ်လုပ်ဆောင်မယ့်အခါမှာ အဝါရောင်ကို မဖြစ်မနေ ဝတ်ဆင်ဆောင်ရွက်ပါ။
တနလာၤ
တည်ငြိမ်အေးချမ်းမှုများသောကာလဖြစ်သည်။ အောင်မြင်မှုရရှိမည်။ ရည်မှန်းချက်များအောင်မြင်ပြီး တိုးတက်မှုရမည်။
ကြင်နာခြင်း၊ ရိုးသားခြင်း၊ စာနာခြင်းရှိတဲ့ အမျိုးသမီး၏ အကူအညီဖြင့် တိုးတတ်မှု ၊ အဆင်ပြေမှု၊အေးချမ်းမှုရမည်။
အချိန်ကြာကြာခံထားရသော သောက ဒုက္ခများ စိတ်အနှောင့်အယှက်များ လုံးဝကင်းဝေးပြီး စိတ်အေးချမ်းသာမှုရမည်။ ရွေးရခက်တဲ့ အခွင့်အလမ်း ၂ ခုကြုံရမည်။
တစ်ခုထက်ပိုသောအောင်မြင်မှုများရမည်။ ကြန့်ကြာနေသောအောင်မြင်မှုများလဲရမည်။ မိမိပိုင်ဆိုင်ထားသောအရာများကို တစ်ပါးသူအား မျှဝေခံစားနိုင်မည်။
အလုပ်အကိုင် အခွင့်အလမ်း
လုပ်ငန်းအဆင့်မြင့်အောင်မြင်မည်။အကျိုးတူစုပေါင်းဖက်စပ်လုပ်ငန်း အကျိုးပေးမည်။လုပ်ငန်းလုပ်ရင်း ဆက်လက်ရင်းနှီးရန်အခက်အခဲဖြစ်နေသူများ ကူညီမယ့်သူပေါ်မည်။
အခက်အခဲအတိုက် အခိုက်ကြားမှအောင်မြင်မှုရမည်။ ကံအခွင့်အလမ်းကို အသုံးချပြီးအောင်မြင်မှုရရှိမည်။ကာလကြာအောင်ပိတ်ဆို့နေသောစီးပွားရေးများ အောင်မြင်မှု လမ်းကြောင်းပြန်ပွင့်မည်။
လူမျိုးခြား အကျိုးပေးသည်။ ပြည်ပခရီး ကြံစည်သူများအောင်မြင်မှုရရှိမည်။
ငွေကြေး
ငွေကြေးကံကောင်းသောကာလဖြစ်သည်။လုပ်အားကြောင့်သာမက ကံကြောင့်ပါငွေဝင်မည်။သူတစ်ပါးမလုပ်နိုင်သောလမ်းကြောင်းမှ ငွေဝင်မည်။ထီကံစမ်းပါ။
(၃၊၄၊၈)ဂဏန်းများဖြင့်ကံစမ်းပါ။ပစ္စည်းလှောင်ခြင်း၊ ငွေကစားခြင်းများဖြင့် ငွေဝင်မည်။
ပညာရေး
ပညာရေး အထူးအောင်မြင်မည်။ရည်ရွယ်ချက်များအောင်အထည်ဖော်နိုင်မည်။ပြည်တွင်းအတတ်ပညာတင်သာမက ပြည်ပအတတ်ပညာပါ သင်ကြား
တတ်မြောက်အောင်မြင်နိုင်မည်။
အချစ်ရေး
မေတ္တာရေးမှာ စိတ်အနှောင့်အယှက်ကျရောက်မှုမှ ကင်းလွှတ်မည်။ချစ်သူမရှိပါကချစ်သူရမည်။ ချစ်သူရှိပါက နီးစပ်အဆင်ပြေမည်။ စိတ်ချမ်းမြေ့မှုများနှင့် ပြည့်စုံမည်။
ကျန်းမာရေး
ကာလအတော်ကြာခံစားနေရသောဝေဒနာများ သမားကောင်းနှင့်တွေ့ပြီး အနာဝေဒနာကင်းဝေးမည်။
နှလုံးအားနည်းရောဂါ နှင့်ဆီးရောဂါများ အမျိုးသမီးသမားတော်နှင့်ကုပါ။ဘဝအေးချမ်းမှု ၊ စိတ်ချမ်းသာမှု၊ ကျန်းမာရေးအညံ့ကင်းစင်မှုတို့ ပေါင်းစည်းမှုရှိသော ကာလဖြစ်သည်။
အင်္ဂါ
ဦးတည်သည့်အရပ် နေရာတိုင်းတွင် အနှောင့်အယှက်နှင့်ကြုံရမည်။ မဖြစ်မနေလုပ်မှုကြောင့် အဆုံးတွင်အောင်မြင်မှုရမည်။ မိမိအစွမ်းအစနှင့် တိုးတတ်မှုရမည်။
မာနကင်းစင်မှု မိမိကိုကိုယ်ချိုးနှိမ်မှုတို့ကြောင့် အောင်မြင်မည်။ ဘယ်လောက်ပင်ခက်ခဲပါစေ အောင်မြင်မှုရမည်။ မိမိထက် ဝါရင့်သူများ အကူအညီရမည်။
လက်ရှိလျှောက်နေသောလမ်းသည်အမှန်ဆုံးဖြစ်သည်။ ငွေနောက်မလိုက်ဘဲ သစ္စာတရားကို ဦးစားပေးဆောင်ရွက်မှုကြောင့်အောင်မြင်မှုရမည်။ အကြီးအကဲကောင်း၏ အထောက်အပံ့ရမည်။
အလုပ်အကိုင် အခွင့်အလမ်း
နည်းလမ်းကောင်းညွှန်ပြပေးသော အကြီးအကဲကြောင့် မိမိဘ၀ ထွန်းလင်းတောက်ပြောင်မည်။ ပညာအကြံဉာဏ်နှင့် အမှန်တရားကိုစနစ်တစ်ကျသုံးသပ်နိုင်သောကြောင့်အောင်မြင်မည်။
ဝန်ထမ်းများအဖို့ ရာထူးတိုး နိုင်သည်။ အရာရာသည်းခံ၍အချိန်ကို စောင့်ဆိုင်းပြီးဆောင်ရွက်ပါ။ ငွေကိုအဓိကမထားဘဲ အတတ်ပညာနှင့်ဆောင်ရွက်အောင်မြင်မည်။
ငွေကြေး
ငွေမမြဲ။ အကုန်အကျများမည်။ကိုယ်ရေးကိစ္စထက်သူတစ်ပါးအတွက်ငွေကုန်သောကာလဖြစ်သည်။ငွေရလိုမှုကိုဦးစားပေးလုပ်ကိုင်မှုများရှောင်ကြဉ်ပါ။
ပညာရေး
ပညာရေးအထူးကောင်းမွန်သောကာလဖြစ်သည်။ မိမိရည်ရွယ်ချက်များအောင်မြင်မည်။ သင်တန်းကောင်းများတတ်ရောက်ရမည်။ ဆရာကောင်း၊သမားကောင်းများတွေ့မည်။
ပညာရေးလမ်းကြောင်းတွင် ရည်မှန်းချက်ပြည့်ဝရုံတင်မကဘဲ ထပ်မံ ၍ပညာရေး လမ်းကြောင်းများ ပွင့်မည်။ အောင်မြင်မည်။ ဘဝရည်မှန်းချက်ကို ပညာနှင့်ကျော်လွှားအောင်မြင်နိုင်သောကာလဖြစ်သည်။
အချစ်ရေး
အထင်လွဲမှားမှုများကို ဖြေရှင်းစရာမလိုဘဲအဆင်ပြေသွားမည်။ အထီးကျန်နေဆဲ ဖြစ်မည်။ ပျိုရွယ်သူအဖို့ အချစ်စစ်နှင့် အတုအယောင်ခွဲခြားသိရမည်။
အချိန်အတော်ကြာ ဝေးကွာနေသောသူနှင့် ပြန်လည်ဆုံဆည်းနိုင်မည်။ယခုကာလတွင် သီးသန့်နေလိုစိတ်ပြင်းထန်နေမည်။
ကျန်းမာရေး
ကြီးမားသောအညံ့မရှိပါ။ကြုံတွေ့နေသောရောဂါများလဲသမားကောင်းနှင့်တွေ့ပြီးသက်သာမည်။သူတစ်ပါးလမ်းညွှန်မှုများကြောင့် အဆင်ပြေမည်။မိဘအကြီးအကဲများကျန်းမာရေး အညံ့ရှိသည်။
ဗုဒ္ဓဟူး
ဤကာလသည် မိမိအတွက် အထူးကောင်းမွန်သောကာလဖြစ်သည်။ အပြိုင်အဆိုင်များမည်။ ပြတ်တောက်နေသော အဆက်အသွယ်များနှင့် ပြန်လည်ဆက်သွယ်မိမည်။
အပြိုင်အဆိုင်ကြားမှတိုးတက်မှုရမည်။ စိတ်ရှည်သည်းခံခြင်း စောင့်ဆိုင်းခြင်းကြောင့် ကောင်းသောရလဒ်ရမည်။
အလုပ်အကိုင်
မိတ်ဆွေကောင်း အကူအညီရမည်။ ရည်ရွယ်ချက် အောင်မြင်မည်။ တိုင်းတစ်ပါးနှင့် ချိတ်ဆက်လုပ်ငန်းများ အောင်မြင်မည်။
ကာလအတန်ကြာ မျှော်လင့်နေသောကိစ္စများအောင်မြင်မည်။ ဆန်းသစ်တီထွင်မှု မဖြစ်မနေလုပ်ကိုင်မှု တို့ကြောင့် အခက်အခဲ မည်မျှပင်ရှိစေ အောင်မြင်မည်။ အပြိုင်အဆိုင်ကြားမှ မိမိကိုယ်ပိုင်အစွမ်းအစဖြင့် ထူးခြားသောဘဝတိုးတတ်မှုရမည်။
ငွေကြေး
မြုပ်နေသောငွေများပေါ်မည်။ လုပ်ငန်းလုပ်ရင်း အရင်းအနှီး ပြတ်တောက်သွားသူများ ဆက်လက်လုပ်ကိုင်ရန် ငွေပေါ်မည်။
ယခုကာလအတွင်း ပေါ်ပေါက်လာသော အခွင့်အရေးကို စနစ်တကျအသုံးချပါ။ ဆုံဖြတ်ချက် ခိုင်မာခြင်း၊ သုံးသပ်ချက် မှန်ကန်ခြင်းကြောင့် ငွေဝင်မည်။ပစ္စည်းလှောင်ခြင်း ၊ ဈေးကစားခြင်း ကောင်းသည်။
ပညာရေး
ပညာနှင့်လုပ်ငန်း တွဲဆောင်ရွက်သူများ အောင်မြင်မှုရှိမည်။ ပညာနှင့် ပက်သတ်၍အထူးကောင်းသော အနေအထားဖြစ်သည်။ လက်ရှိပညာမှ ပိုမြင့်သော လမ်းကြောင်းသို့ ပြောင်းလဲတိုးတတ်မည်။
ပြည်ပအတတ်ပညာများ လက်ခံအောင်မြင်မည်။ ရပ်ဝေးမှ စာ၊ လူ၊ ပစ္စည်း သတင်းကောင်းများ ရနိုင်သည်။
အချစ်ရေး
ကောင်းမွန်သော မေတ္တာများအား ခံယူရရှိမည်။ ပျိုရွယ်သူများအဖို့ အချိန်အတော်ကြာ စောင့်စားနေရသော မေတ္တာတုံ့ပြန်မှုစကား ကြားရမည်။
ချစ်သူနဲ့ဝေးနေသူများအဖို့ စာ၊လူ၊ ပစ္စည်း စကားများလက်ခံရလိမ့်မည်။ပြန်လည်ဆုံစည်းနိုင်သည်။ပေါင်းစပ်ရန် ခက်ခဲသူများ ချောမွေ့စွာ ဆုံစည်းနိုင်သည့် ဘက်ကို ဦးတည်သွားမည်။ စန်းပွင့်မည်။
ကျန်းမာရေး
ကြီးမားသောအညံ့မရှိပါ။ သို့သော် မတော်တဆ ဖြစ်တတ်သည်။ အစာအိမ် ဝမ်းဗိုက် ဒုက္ခပေးတတ်သည်။ ဓာတ်လိုက်ခြင်း မီးပူလောင်ခြင်းများဖြစ်တတ်သည်။ သတိရှိပါ။
ကြာသပတေး
ရွေးရခက်သော လမ်းနှစ်သွယ်သို့ ရောက်နေသည်။ အရာရာ အဆင်ပြေချောမွေ့သောဘဝနှင့် အရာရာကြမ်းတမ်းစွာ စတင်ရသောဘ၀ နှစ်မျိုးကြား လမ်းကြောင်းသို့ ဦးတည်နေသည်။
မေတ္တာရေးနှင့် အချစ်ရေးကို တစ်ပါးသူတားဆီးသည့်ကြားမှ ဆုံးဖြတ်မည်။တားမြစ်ထားသည့်ကြားကမှလုပ်ကိုင်ဆောင်ရွက်လိုသည်။ အချစ် ပေါ်ပေါက်လာမည်။ ချစ်သူနှင့်မိမိကြား လက်ရှိအခက်အခဲမည်မျှပင်ရှိစေ အကုန်အဆင်ပြေမည်။
အလုပ်အကိုင်
သူတစ်ပါးအပေါ် မှီ၍ လုပ်ကိုင်ရာမှ မိမိ အစွမ်းအစဖြင့် မိမိမြတ်နိုးသော အလုပ်ကို လုပ်ကိုင်ရမည်။ အခက်အခဲမည်မျှပင်ရှိပါစေ ကျော်လွှားရန် ဝန်မလေးသော ဆန္ဒကြောင့်တိုးတတ်မည်။
စူးစမ်းလိုစိတ်ကြောင့် လမ်းဟောင်းမှခွဲထွက်၍ ဘဝအတွက်အရေးကြီးသော ခြေလှမ်းများစရမည်။ ဦးတည်ချက်တိုင်းတွင် အနှောင့်အယှက်ရှိသည်။ လုံ့လရှိမှုကြောင့် အဆုံး၌အောင်မြင်မည်။ တဇွတ်ထိုးလုပ်မှုကြောင့် ထူးခြားသောတိုးတတ်မှုရမည်။
ငွေကြေး
ငွေကြေးအခက်အခဲရှိသည်။ ငွေကြေးထက် မိမိ လုပ်လိုသည့် အလုပါကိုလုပ်၍ငွေမမြဲ။ငွေပြတ်မည်။ လူမှုရေး၊ အချစ်ရေးအတွက် ငွေအကုန်အကျများမည်။ စုဆောင်းထားသောငွေများ ကုန်မည်။
ပညာရေး
ပညာရေးတွင်အနှောင့်အယှက်များသော ကာလဖြစ်သည်။ မူလပညာရေးမှခွဲ၍ လမ်းကြောင်းသစ် ပညာသစ်ကိုဦးတည်နိုင်သည်။ လမ်းကြောင်းသစ်အားဦးတည်ပါက အောင်မြင်သောကာလဖြစ်သည်။
အချစ်ရေး
ပျိုရွယ်သူများ အလွန်စန်းပွင့်မည်။ မေတ္တာရေးကောင်းမွန်မည်။ ဘဝအတွက် အရေးပါသော အိမ်ထောင်ရေးနှင့် ပတ်သက်၍ ဆုံးဖြတ်ချက် ချမှတ်နိုင်မည်။
အချစ်ကြောင့် မိမိ၏ မြုပ်နေသော အစွမ်းအစများပေါ်ပေါက်နိုင်သည်။ ချစ်သူများ ခက်ခဲသော လမ်းကိုကျော်ဖြတ်နိုင်မည်။ အိမ်ထောင်ရှင်များအဖို့ သားသမီးရနိုင်သည်။ ပျိုရွယ်သူများအဖို့ မိဘပတ်ဝန်းကျင်က လက်မခံသည့်ကြားမှ ဆုံးဖြတ်ချက်ချရမည်။
ကျန်းမာရေး
အစားမှားခြင်း ၊ မစားသင့်တာစားမိခြင်းဖြစ်တတ်သည်။ ကာလအတန်ကြာ မြုပ်နေသောဝေဒနာများ ပြန်လည်ပေါ်ပေါက်မည်။
အားနည်းခြင်း၊ သွေးအတက်အကျ မမှန်ခြင်း နှလုံးအားနည်းခြင်း ဖြစ်နိုင်သောကာလဖြစ်သည်။ ဆရာသမားအသစ်နှင့် ဆေးကုသမှုကြုံရမည်။
သောကြာ
အလွန်ကောင်းမွန်သော နမိတ်ဖြစ်သည်။ မိခင် တိုက်ရိုက်ဖြစ်စေ ၊ မိခင်ဆွေမျိုး အသိုင်းအဝိုင်းမှဖြစ်စေ ကောင်းမွန်သော အထောက်အကူပေးနိုင်သော ကာလဖြစ်သည်။
အမျိုးသမီးမိတ်ဆွေ အကူအညီဖြင့် မိမိရည်ရွယ်ချက် အောင်မြင်မည်။
အလုပ်အကိုင်
စီးပွာရေးတွင် ငွေကြေးကြောင့်မဟုတ်ဘဲ မိမိအကြံဉာဏ်၊ အစွမ်းအစတို့ကို အသုံးချပြီး အောင်မြင်နိုင်သည်။ အမျိုးသမီးတစ်ဦးထံမှ အကူအညီရမည်။
မိမိအားအနိုင်ယူခဲ့သောပြသနာအပေါ်ပြန်လည်စိုးမိုးနိုင်မည်။
စုပေါင်းလုပ်ငန်း အကျိုပေးသည်။အပြိုင်အဆိုင်များကို အောင်မြင်နိုင်မည်။
ငွေကြေး
ငွေကြေး ကံကောင်းသောကာလဖြစ်သည်။ အကြံသစ်နှင့်ဆောင်ရွက်သောကိစ္စများ အောင်မြင်မည်။ မှန်းသည်ထက်ပို၍ ငွေဝင်မည်။ ဝင်ငွေ လုပ်ငန်းတိုးတတ်မည်။ ပိုမြင့်သော အနေအထားသို့ ငွေကြေးနှင့် ထိုးဖောက်နိုင်သည်။
ပညာရေး
ပညာရေး အလွန်ကောင်းမွန်သည်။ ယှဉ်ပြုင်မှုများအောင်မြင်မည်။ အစွမ်းအစပြနိုင်သော အချိန်ဖြစ်သည်။
အချစ်ရေး
အမျိုးသားများအဖို့ မိမိထက် ဥစ္စာ ၊ ဓန ၊ ပညာ အဆင့်သာသော အမျိုးသမီးနှင့် မေတ္တာမျှမည်။ စန်းအလွန်ပွင့်မည်။ အိမ်ထောင်ရေး ဆုံးဖြတ်ရမည်။ အထင်လွဲခြင်း ဖြေရှင်းရခြင်းမှ ကင်းလွတ်မည်။
ကျန်းမာရေး
အညံ့ကင်းသည်။အဆင်ပြေမည်။ဝေဒနာကင်းသောကာလဖြစ်သည်။ရင်ဘတ်၊ဝမ်းဗိုက်နှင့်အာရုံကြောအားနည်းမှု ကိုသတိပြုပါ။
စနေ
ကာလအတန်ကြာ ပိတ်နေသောလမ်းစများ ပြန်ပွင့်မည်။ ကံတရား လှည့်စားမှုကြောင့် ဘဝလမ်းကြောင်း အပြောင်းအလဲရှိမည်။
လိုလားချက်များ လက်တစ်ကမ်းတွင် ရောက်ရှိနေသောကာလဖြစ်သည်။ မိတ်ဆွေများ ဒုက္ခပေးပြီး ရန်ဖက်သဖွယ်ဖြစ်နေသူမှ ထူးခြားသော ပူးပေါင်းမှုကို ရရှိမည်။
အလုပ်အကိုင်
လုပ်ငန်းအကြံအောင်မည်။ အလုပ်ရှာသူများ လူတွေ့စစ်ဆေးအောင်မြင်မည်။ လုပ်ငန်းတိုးတတ်မည်။ ငွေကြေးကိစ္စ၊ စာရွက်စာတမ်း လက်မှတ်ရေးထိုးရာတွင် သတိပြုပါ။
ကိုယ်ပိုင်လုပ်ငန်းလုပ်သူများ အခက်အခဲကြားက အောင်မြင်မည်။ လုပ်ငန်းပတ်ဝန်းကျင် ပြောင်းလဲမှုရှိမည်။
ငွေကြေး
အလိမ်ခံရသောငွေများ ပြန်ရမည်။ လုပ်ငန်းစီးပွားတိုးတတ်မှုရှိမည်။ သည်းခံစောင့်ဆိုင်းခြင်းဖြင့် ငွေဝင်မည်။ အမျိုးသမီးတစ်ဦးထံမှ ငွေကြေးအထောက်အကူရမည်။ အပြိုင်အဆိုင်ကြားမှ ငွေဝင်မည်။
ပညာရေး
အထူးအောင်မြင်မည်။ ယှဉ်ပြိုင် တိုးတတ်အောင်မြင်မည်။ စာမေးပွဲများတွင် ထူးထူးချွန်ချွန်အောင်မြင်မည်။ပညာနှစ်မျိုးနှင့်တိုးတတ်မည်။
အချစ်ရေး
ကံတရားလှည့်စားမှုကြောင့် မေတ္တာရေးတွင် အနှောင့်အယှက်ရှိသည်။ ဖြစ်ချင်သည်များကို ချုပ်တည်းထားပါ။ အဆင်ပြေနေရာမှ ဘေးစကားကြောင့် အနှောင့်အယှက်ဖြစ်မည်။
ချစ်သူရှိသူများ ခေတ္တခွဲခွာရမည် ။မိန်းကလေဦးဆောင်လျှင် အရာရာအဆင်ပြေသော ကာလဖြစ်သည်။
ကျန်းမာရေး
ကြီးကြီးမားမာ အညံ့မရှိပါ။ အစာအိမ်အနည်းငယ် ဒုက္ခပေးမည်။ အနက်ရောင် ဝတ်ဆင်ခြင်း၊ သုံးစွဲခြင်းမှ ရှောင်ကြဉ်ပါ။ မတော်တဆ ထိခိုက်တတ်သည်။
ရဲထက်မွန် (ခါတော်မှီ)
တနင်္ဂနွေ
အလုပ်အကိုင်
ပညာရေး
အချစ်ရေး
ကျန်းမာရေး
တနလာင်္
ငွေကြေး
ပညာရေး
အချစ်ရေး
ကျန်းမာရေး
အင်္ဂါ
ငွေကြေး
ပညာရေး
အချစ်ရေး
ကျန်းမာရေး
ဗုဒ္ဓဟူး
အလုပ်အကိုင်
ငွေကြေး
ပညာရေး
အချစ်ရေး
ကျန်းမာရေး
ကြာသပတေး
အလုပ်အကိုင်
ငွေကြေး
ပညာရေး
အချစ်ရေး
ကျန်းမာရေး
သောကြာ
အလုပ်အကိုင်
ငွေကြေး
ပညာရေး
အချစ်ရေး
ကျန်းမာရေး
စနေ
အလုပ်အကိုင်
ငွေကြေး
ပညာရေး
အချစ်ရေး
ကျန်းမာရေး
ရဲထက်မွန် (ခါတော်မှီ)
Myanmar Wedding Guide
jjjj
Read times Last modified on Monday, 10 February 2020 15:23
Rate this item
(0 votes)
Tagged under