အသည်းကွဲနေတဲ့အချိန်မှာ မိန်းကလေးတွေ လုပ်တတ်တဲ့ အပြုအမူ (၆)မျိုး

အသည်းကွဲနေတဲ့အချိန်မှာ မိန်းကလေးတွေ လုပ်တတ်တဲ့ အပြုအမူ (၆)မျိုး google

မိန်းကလေးတွေ တကယ်အသည်းကွဲတဲ့အခါ ဘာတွေလုပ်တတ်ကြပါသလဲ။

 

တစ်နေကုန်မစားနိုင်၊ မအိပ်နိုင် ငိုနေတာလား၊ ဘယ်လိုမှ နှစ်သိမ့်လို့မရလောက်အောင် ကြေကွဲနေတာလား၊ နောက်တစ်ယောက်ထပ်တွဲဖို့ စဉ်းစားနေတာလား ဒါမှမဟုတ် စိတ်ဓာတ်တွေ ကျနေတာလား ။ တစ်ယောက်နဲ့တစ်ယောက်တော့ မတူနိုင်ကြပေမယ့် မိန်းကလေးတိုင်းလိုလို အသည်းကွဲပြီဆိုရင် ဒီအချက်လေးတွေကိုတော့ မဖြစ်မနေ လုပ်တတ်ကြပါတယ်တဲ့။

 

 

() Stalker ဖြစ်သွားတယ်

 

ရည်းစားနဲ့ပြတ်ပြီဆိုတာနဲ့ သူရဲ့ ဆိုရှယ်မီဒီယာအကောင့်ကို ဘလော့ထားပြီး တခြားအကောင့်တွေနဲ့ ၀င်ဝင်ကြည့်တော့တာပါပဲ။ သူငယ်ချင်းတွေရဲ့ အကောင့်ကနေ ခဏခဏ ၀င်ဝင်ကြည့်နေလို့ ငြိုငြင်ခံရဆုံးအချိန်ပေါ့။ ဘယ်အချိန်မှာ ဘယ်သူနဲ့ ကွန်မန့််မှာ အပြန်အလှန်ပြောတယ်၊ ဘယ်သူက like ပေးသွားတယ် စတာတွေကို တချိန်လုံးလိုက်ကြည့်ပြီး ကိုယ့်ဒုက္ခကိုယ်ရှာနေလို့ အသည်းကွဲတာက တစ်နေ့ထက်တစ်နေ့ မသက်သာဘဲ ပိုပိုဆိုးနေတာပေါ့။

 

 

() အတူသွားခဲ့ဖူးတဲ့နေရာတွေကိုသွားတယ်

 

မိန်းကလေးတွေရဲ့ ဘာအကျင့်မှန်းတော့မသိဘူး၊ ရည်းစားနဲ့ပြတ်ရင် သူနဲ့အတူသွားဖူးတဲ့နေရာတွေကို တစ်ယောက်တည်း ပြန်သွားတတ်ကြပါသေးတယ်။

 

 

() အသည်းကွဲသီချင်းမှန်သမျှနားထောင်တယ်

 

ကမ္ဘာပေါ်မှာရှိသမျှ အသည်းကွဲသီချင်းတွေအားလုံး ကိုယ့်အတွက် ရေးထားသလိုထင်နေပြီး တစ်နေကုန် အသည်းကွဲသီချင်းတွေပဲ နားထောင်ပြီး ထိုင် Feel နေတတ်တဲ့ အကျင့်လည်း ရှိပါတယ်။

 

 

() ပြတ်သွားတဲ့ရည်းစားအကြောင်း သူငယ်ချင်းတွေကိုပြောတယ်

 

သူက ငါ့အပေါ်ကောင်းခဲ့ပါတယ်ပြောပြီးချီးကျူးလိုက်၊ တစ်စက်မှ မကောင်းတဲ့ကောင်လို့ပြောပြီး ပေါက်ကွဲလိုက်တွေဖြစ်နေလို့ သူငယ်ချင်းတွေက ဘယ်လိုအကြံပေးရမှန်းမသိတဲ့ အခြေအနေမျိုးပေါ့။

 

 

() ရုပ်ရှင်ကြည့်ပြီးငိုတယ်

 

အသည်းကွဲနေတဲ့အချိန်ဟာ တော်တော်ကို ထူးဆန်းတဲ့အချိန်ပါ။ ရုပ်ရှင်ထဲမှာ ပျော်နေတဲ့စုံတွဲတွေတွေ့တော့လည်း ငိုချင်နေပြီး၊ အသည်းကွဲနေတဲ့ စုံတွဲတွေတွေ့ရင်လည်း ငိုမိနေတဲ့အချိန်ပါ။ မိန်းကလေးတွေတော်တော်များများက အသည်းကွဲနေချိန်မှာ ရုပ်ရှင်ကြည့်ပြီး ငိုတတ်ကြပါတယ်။

 

 

() ခြေဦးတည့်ရာလျှောက်သွားတယ်

 

အသည်းကွဲပြီး ခံစားချက်တွေပြင်းထန်နေတဲ့အခါ ခြေဦးတည့်ရာ လျှောက်သွားချင်စိတ်တွေလည်း ဖြစ်တတ်ပါသေးတယ်။ မိန်းကလေးအများစုက အသည်းကွဲရင် ဒီလိုလေးလည်း လျှောက်သွားတတ်ကြပါတယ်တဲ့။

 

 

Credit;Aunty May

Read times Last modified on Wednesday, 09 January 2019 11:16
Rate this item
(1 Vote)