ငယ္သူငယ္ခ်င္းႏွင့္လက္ထပ္ျခင္း အက်ိဳးေက်းဇူးမ်ား

ငယ္သူငယ္ခ်င္းႏွင့္လက္ထပ္ျခင္း အက်ိဳးေက်းဇူးမ်ား google.com

ကေလးဘ၀ကတည္းက သြားတူ၊ လာတူ၊ စားတူ တစ္ပူးပူး တစ္တြဲတြဲႏွင့္ ေနလာၿပီး အရြယ္ေရာက္သည့္အခါတြင္လည္း

ငယ္ငယ္ကအတိုင္း တစ္ေယာက္ႏွင့္တစ္ေယာက္ ေျပာမနာ၊ ဆိုမနာ ေနာက္ေျပာင္ရင္း သူငယ္ခ်င္းေတြကလည္း ႏွစ္ဦးနီးစပ္ေအာင္ ေျပာဆိုရင္းႏွင့္ သူငယ္ခ်င္း ခ်စ္သူျဖစ္လာၾကမည့္သူမ်ားအတြက္ အက်ဳိးေက်းဇူးမ်ားကို ေဖာ္ျပေပးလိုက္ပါတယ္။

 

ထုိသို႔ သူငယ္ခ်င္း ခ်စ္သူျဖစ္ခဲ့မယ္ဆုိရင္ေတာ့ ႏွစ္ဦးစလံုး တစ္ေယာက္အေၾကာင္းတစ္ေယာက္သိတဲ့အတြက္ လက္ထပ္ျဖစ္ရင္ အဆင္ေျပပါလိမ့္မယ္။

 

ငယ္သူငယ္ခ်င္းမုိ႔ ခ်စ္မိျခင္း


အခ်စ္ဆုံးသူငယ္ခ်င္းဆုိကတည္းက သူနဲ႔ကိုယ္နဲ႔ ေျပာမနာဆုိမနာ၊ တစ္ေယာက္အေၾကာင္း တစ္ေယာက္သိ၊ တစ္ေယာက္အျပစ္ တစ္ေယာက္ နားလည္ထားၿပီးသားသူေတြ ျဖစ္ၾကပါတယ္။

 

သူငယ္ခ်င္းျဖစ္ၾကတဲ့အတြက္ ခ်စ္ခင္မႈရွိၾကၿပီး တစ္ေယာက္နဲ႔ တစ္ေယာက္ သည္းခံႏုိင္မႈအတုိင္းအတာကလည္း ေတာ္႐ုံလူေတြအေပၚမွာထားတဲ့ သည္းခံမႈနဲ႔ တစ္ျခားစီျဖစ္ပါတယ္။

 

ငယ္ခ်စ္ဦးမို႔ ယံုၾကည္ျခင္း

 

ငယ္ငယ္က တည္းကခင္ခဲ့တဲ့ သံေယာဇဥ္ေၾကာင့္ပဲ တစ္ေယာက္နဲ႔တစ္ေယာက္ ယံုၾကည္မႈအျပည့္အ၀ရွိပါတယ္။

 

အခ်စ္ေရးမွာ အလုိအပ္ဆုံးကေတာ့ တစ္ေယာက္ရဲ႕ဘ၀ကို တစ္ေယာက္က အျပည့္အ၀ လက္ခံႏုိင္တယ္ဆုိတဲ့ စိတ္ခံစားမႈပဲ ျဖစ္ပါတယ္။

 

သူငယ္ခ်င္းခ်စ္သူ ျဖစ္ေနလုိ႔လည္း ကုိယ့္ဘ၀ကုိ နားလည္ပါေစဆုိၿပီး အထူးႀကိဳးစားျပစရာမလိုပါဘူး။

 

ႏွစ္ဦးစလံုး တူညီတဲ့ ဘ၀ရည္မွန္းခ်က္ထားရွိျခင္း

 

အခ်စ္ဆံုး သူငယ္ခ်င္းေတြရဲ႕ ဘ၀မွာ တူညီတဲ့ ရည္မွန္းခ်က္ေတြ ရွိတတ္ပါတယ္။

 

သုိ႔မဟုတ္ဘဲ ရည္မွန္းခ်က္ခ်င္း ကြဲလြဲေနေစကာမူ တစ္ေယာက္ရဲ႕ ရည္မွန္းခ်က္ကုိ တစ္ေယာက္က ျပည့္ျပည့္၀၀ ေထာက္ခံျခင္းပဲျဖစ္ပါတယ္။

 

အဲဒီ ရည္မွန္းခ်က္နဲ႔ ပတ္သက္ရင္ တစ္ေယာက္နဲ႔တစ္ေယာက္ စကားမ်ားဖုိ႔ မလုိေတာ့ပါဘူး။

 

Unicode ဖြင့်ဖတ်ရန်
ငယ်သူငယ်ချင်းနှင့်လက်ထပ်ခြင်း အကျိုးကျေးဇူးများ
ကလေးဘဝကတည်းက သွားတူ၊ လာတူ၊ စားတူ တစ်ပူးပူး တစ်တွဲတွဲနှင့် နေလာပြီး အရွယ်ရောက်သည့်အခါတွင်လည်း ငယ်ငယ်ကအတိုင်း တစ်ယောက်နှင့်တစ်ယောက် ပြောမနာ၊ ဆိုမနာ နောက်ပြောင်ရင်း သူငယ်ချင်းတွေကလည်း နှစ်ဦးနီးစပ်အောင် ပြောဆိုရင်းနှင့် သူငယ်ချင်း ချစ်သူဖြစ်လာကြမည့်သူများအတွက် အကျိုးကျေးဇူးများကို ဖော်ပြပေးလိုက်ပါတယ်။
ထိုသို့ သူငယ်ချင်း ချစ်သူဖြစ်ခဲ့မယ်ဆိုရင်တော့ နှစ်ဦးစလုံး တစ်ယောက်အကြောင်းတစ်ယောက်သိတဲ့အတွက် လက်ထပ်ဖြစ်ရင် အဆင်ပြေပါလိမ့်မယ်။
ငယ်သူငယ်ချင်းမို့ ချစ်မိခြင်း
အချစ်ဆုံးသူငယ်ချင်းဆိုကတည်းက သူနဲ့ကိုယ်နဲ့ ပြောမနာဆိုမနာ၊ တစ်ယောက်အကြောင်း တစ်ယောက်သိ၊ တစ်ယောက်အပြစ် တစ်ယောက် နားလည်ထားပြီးသားသူတွေ ဖြစ်ကြပါတယ်။
သူငယ်ချင်းဖြစ်ကြတဲ့အတွက် ချစ်ခင်မှုရှိကြပြီး တစ်ယောက်နဲ့ တစ်ယောက် သည်းခံနိုင်မှုအတိုင်းအတာကလည်း တော်ရုံလူတွေအပေါ်မှာထားတဲ့ သည်းခံမှုနဲ့ တစ်ခြားစီဖြစ်ပါတယ်။
ငယ်ချစ်ဦးမို့ ယုံကြည်ခြင်း
ငယ်ငယ်ကတည်းကခင်ခဲ့တဲ့ သံယောဇဉ်ကြောင့်ပဲ တစ်ယောက်နဲ့တစ်ယောက် ယုံကြည်မှုအပြည့်အဝရှိပါတယ်။
အချစ်ရေးမှာ အလိုအပ်ဆုံးကတော့ တစ်ယောက်ရဲ့ဘဝကို တစ်ယောက်က အပြည့်အဝ လက်ခံနိုင်တယ်ဆိုတဲ့ စိတ်ခံစားမှုပဲ ဖြစ်ပါတယ်။
သူငယ်ချင်းချစ်သူ ဖြစ်နေလို့လည်း ကိုယ့်ဘဝကို နားလည်ပါစေဆိုပြီး အထူးကြိုးစားပြစရာမလိုပါဘူး။
နှစ်ဦးစလုံး တူညီတဲ့ ဘဝရည်မှန်းချက်ထားရှိခြင်း
အချစ်ဆုံး သူငယ်ချင်းတွေရဲ့ ဘဝမှာ တူညီတဲ့ ရည်မှန်းချက်တွေ ရှိတတ်ပါတယ်။
သို့မဟုတ်ဘဲ ရည်မှန်းချက်ချင်း ကွဲလွဲနေစေကာမူ တစ်ယောက်ရဲ့ ရည်မှန်းချက်ကို တစ်ယောက်က ပြည့်ပြည့်ဝဝ ထောက်ခံခြင်းပဲဖြစ်ပါတယ်။
အဲဒီ ရည်မှန်းချက်နဲ့ ပတ်သက်ရင် တစ်ယောက်နဲ့တစ်ယောက် စကားများဖို့ မလိုတော့ပါဘူး။

Read times Last modified on Wednesday, 19 September 2018 14:40
Rate this item
(1 Vote)