ရာသီခွင်အလိုက်အချစ်ရေး အပိုင်း(၁)

ရာသီခွင်အလိုက်အချစ်ရေး အပိုင်း(၁) google

ပိဿ ရာသီဖွား၊ မေထုန်ရာသီဖွား၊ ကရကဋ် ရာသီဖွား နဲ့ သိဟ် ရာသီဖွား တို့ရဲ့ အချစ်ရေးနဲ့ ပတ်သက်တဲ့ စိတ်ခံစားချက်တွေ အကြောင်း ပြောပြထားပါတယ်။

 

 

 မွေးတဲ့ ရာသီခွင်တွေပေါ် မူတည်ပြီး လူတိုင်းမှာ မတူညီတဲ့ ကံကြမ္မာတွေနဲ့ အကျင့်စရိုက်တွေ ရှိတာကြောင့်မို့ ဘယ်ရာသီဖွားတွေက ဘယ်လို အချစ်စိတ်မျိုး ရှိသလဲဆိုတာ ပြောပြပေးမယ်နော်။

 

Taurus ( ပြိဿ ရာသီဖွား ) – ဧပြီလ ၂၀ ရက်နေ့ကနေ မေလ ၂၀ ရက် အတွင်း မွေးဖွားသူများ

 


ပြိဿရာသီဖွားတွေကတော့ အချစ်ရေးနဲ့ ပတ်သက်ရင် လေးနက်တဲ့ ခံစားချက်တွေ ရှိကြတဲ့သူတွေပါ။


ဒါကြောင့်မို့ ဘဝလက်တွဲဖော် ဆိုရင်လည်း သူတို့ကို လေးလေးနက်နက် ချစ်ပေးပြီး ရေရှည်လက်တွဲ သွားမယ့် သူမျိုးတွေကိုပဲ ရွေးချယ်လေ့ရှိပါတယ်။


အပျော်ရည်းစားထားတာတွေ ဘာတွေကို စိတ်မဝင်စားတတ်ကြသလို သစ္စာဖောက်တဲ့ အပြုအမူမျိုးတွေကိုလည်း ဘယ်လိုမှ လက်ခံနိုင်ကြတဲ့ ရာသီဖွားတွေပါ။


ချစ်ရတဲ့သူအတွက် ဆိုရင် အရာရာပေးဆပ်ဖို့ အသင့်ဖြစ်နေတဲ့ သူမျိုးတွေလည်း ဖြစ်ကြပါတယ်။

 

 

Gemini ( မေထုန်ရာသီဖွား ) – မေလ ၂၁ ရက်နေ့ကနေ ဇွန်လ ၂၀ ရက် အတွင်း မွေးဖွားသူများ

 


မေထုန်ရာသီဖွားတွေကတော့ ချစ်သူနဲ့ ပြိုင်ဘက်တွေလို စိန်ခေါ် ယှဉ်ပြိုင်ရတာကို နှစ်သက်ကြတဲ့ လူမျိုးတွေပါ။


တကယ်တော့ ချစ်သူရဲ့ အရည်အချင်းတွေကို သိချင်ကြပြီး အဲ့အရည်အချင်းတွေ အပေါ် သူကပါ ဂုဏ်ယူချင်တာကြောင့် ဖြစ်ပါတယ်။


ပြီးတော့ သူတို့က သူတို့ရဲ့ ချစ်သူ ဘယ်သွားနေလဲ၊ ဘာကြိုက်တတ်လဲ၊ ဘယ်သူနဲ့ ရှိနေလဲစတဲ့ ချစ်သူနဲ့ ပတ်သက်တဲ့ အကြောင်းအရာ မှန်သမျှကို


စိတ်ဝင်စားတတ်တာကြောင့်မို့ မေထုန်ရာသီဖွားတွေနဲ့ ရည်းစားဖြစ်ရင် မေးခွန်းလေးတွေ ဖြေဖို့ မပျင်းနဲ့နော်။

 

 

Cancer ( ကရကဋ် ရာသီဖွား )- ဇွန်လ ၂၁ ရက်နေ့ကနေ ဇူလိုင် ၂၂ ရက် အတွင်း မွေးဖွားသူများ


ကရကဋ် ရာသီဖွားတွေကတော့ နားလည်မှုရှိတဲ့ ချစ်သူမျိုးတွေပါ။ ချစ်သူအပေါ် နားလည်မှု ရှိသလို ကိုယ့်အပေါ် နားလည်ပေးတဲ့ ချစ်သူမျိုးကိုပဲ ရှာဖွေကြပါတယ်။


သူတို့နဲ့ လက်တွဲမယ် ဆိုရင်တော့ အပြန်အလှန် ယုံကြည်မှုနဲ့ နားလည်မှုအပေါ် အခြေတည်ထားတဲ့ ချစ်ခရီးလမ်းကို လျှောက်လှမ်းရမှာပါ။

 

 

Leo ( သိဟ် ရာသီဖွား ) – ဇူလိုင်လ ၂၃ ရက်ကနေ သြဂုတ်လ ၂၂ ရက် အတွင်း မွေးဖွားသူများ

 

 


သိဟ်ရာသီဖွားတွေကတော့ စိတ်ခံစားမှု အကဲဆတ်တဲ့ ၊ ခံစားလွယ်တတ်တဲ့ သဘောရှိသူတွေပါ။


သေးသေးလေးတွေကိုက အစ စူးစူးနစ်နစ် ခံစားတတ်ကြတာမို့ သူတို့နဲ့ ချစ်သူ ဖြစ်ရင်တော့ အစစ အရာရာ ဂရုစိုက်ပေးဖို့ လိုတယ်နော်။

 

သူတို့ကလည်း သူတို့ချစ်သူကို သေးသေးမွှားမွှား ကိစ္စလေးတွေက အစ ဂရုစိုက် ဖြည့်ဆည်းပေးတတ်ပါတယ်။ သူတို့ရဲ့ စိတ်ခံစားမှုတွေကို

 

နားလည်ပေးမယ့် သူမျိုး၊ သူတို့ကို ဂရုတစိုက် ရှိပေးမယ့် သူမျိုးတွေကိုပဲ လက်တွဲဖော် အဖြစ်ရွေးချယ်လေ့ရှိကြပါတယ်။

 

 

 

Source -Marry 

 

Myanmar Wedding Guide

Read times Last modified on Wednesday, 10 July 2019 17:13
Rate this item
(0 votes)
Tagged under