ပြောမှသိ၊ တောင်းမှရမယ့် အချစ်မျိုးကို လုံးဝမလိုချင်တဲ့ မာနခဲလေးတွေဆိုတာ ဒီလိုပါ

ပြောမှသိ၊ တောင်းမှရမယ့် အချစ်မျိုးကို လုံးဝမလိုချင်တဲ့ မာနခဲလေးတွေဆိုတာ ဒီလိုပါ google

တစ်ချို့မိန်းကလေးတွေဟာ မာနကိုအရမ်းတန်ဖိုးထားတဲ့သူတွေဖြစ်ပါတယ်။ အချစ်ရေးမှာလည်း ဒီလိုမိန်းကလေးတွေဟာ ဘယ်လောက်ချစ်ချစ် မာနကိုတော့ လုံးဝအထိခိုက်မခံချင်ကြပါဘူး။

ခုဖော်ပြပေးမှာကတော့ ကိုယ်ပြောမှပဲ သိမယ့်၊ တောင်းမှပဲရမယ့် အချစ်မျိုးကိုလုံးဝမလိုချင်တဲ့ မာနခဲလေးတွေအကြောင်းပါ။ သင်လည်းဒီလိုလူတွေထဲက တစ်ယောက်ဖြစ်တယ်ဆိုရင်တော့ သင်ဟာလုံးဝကို စိတ်နေမြင့်တဲ့ မာနခဲလေးတစ်ယောက်ပါ။

 

() ဂရုစိုက်ဖို့မပြောချင်ဘူး

ဒီလိုမိန်းကလေးတွေဟာ ချစ်သူရဲ့ဂရုစိုက်မှုတွေကို အမြဲလိုချင်တဲ့သူတွေဖြစ်နေသည့်တိုင်အောင် ဂရုစိုက်ဖို့ဘယ်တော့မှ တောင်းဆိုမှာမဟုတ်ပါဘူး။ တောင်းဆိုလိုက်လို့ ရလာမယ့် ဂရုစိုက်မှုတွေ၊ ကြင်နာမှုတွေထက်စာရင် အရွဲ့တိုက်နေလိုက်မယ့်သူမျိုးတွေပါ။

 

() နေ့ထူးနေ့မြတ်တွေကို မှတ်ထားစေချင်တယ်

ဒီလိုမိန်းကလေးတွေဟာ ကိုယ်တိုင်ကလည်း ချစ်သူကို အရမ်းတန်ဖိုးထားတဲ့သူတွေဖြစ်ပါတယ်။ သူတို့ကိုယ်တိုင်ကတန်ဖိုးထားသလို ချစ်သူကလည်း တန်ဖိုးထားမှကြိုက်တဲ့သူတွေဖြစ်ပါတယ်။ ဒါကြောင့် မွေးနေ့၊ နှစ်ပတ်လည် စတဲ့ နေ့ထူးနေ့မြတ်တွေကို မပြောလည်း မှတ်မိပေးစေချင်ကြပါတယ်။ ဒီလိုမှမဟုတ်ပဲ ကိုယ့်ဖက်က သတိပေးမှသိတာထက်စာရင် သူတို့ကိုယ်တိုင်ကလည်း မသိချင်ယောင်ဆောင်နေမယ့်သူတွေဖြစ်ပါတယ်။

 

() အလိုက်သိစေချင်တယ်

ဒီလိုမိန်းကလေးတွေဟာ ချစ်သူကို အလိုက်သိဖို့ တကူးတကမပြောချင်ကြပါဘူး။ သူတို့နေမကောင်းဖြစ်နေတဲ့အချိန် ဂရုစိုက်ဖို့၊ ကြင်နာဖို့၊ ဝမ်းနည်းနေတဲ့အချိန် နှစ်သိမ့်ပေးဖို့၊ အထီးကျန်နေတဲ့အချိန် အဖော်ပြုပေးဖို့တွေကို မပြောလည်း သိစေချင်ပါတယ်။ ဒီလိုမှမဟုတ်ပဲ အလိုက်မသိရင်တော့ ပါးစပ်ကပြောမနေတော့ပဲ စွန့်ပစ်ဖို့တောင် ဝန်မလေးတတ်တဲ့သူတွေပါ။

 

() အချိန်မှန်ဆက်သွယ်ဖို့မပြောချင်ဘူး

ဒီလိုမိန်းကလေးတွေဟာ ချစ်သူနဲ့ ဝေးတဲ့အခါတွေမှာ ချစ်သူဆီက ဆက်သွယ်မှုကို အချိန်မှန်ရချင်တဲ့သူတွေဖြစ်ပါတယ်။ ဒါကြောင့် ချစ်သူနဲ့ဝေးနေတဲ့အချိန်တွေမှာ ဖုန်းပုံမှန်ဆက်ဖို့၊ စာပုံမှန်ပို့ဖို့ကို တတွတ်တွတ်ပြောမနေချင်ပါဘူး။ ချစ်သူက ဂရုမစိုက်ဘူး၊ ပစ်ထားတယ်လို့ ခံစားရပြီဆိုတာနဲ့ ဆက်တိုက်ရွဲ့တော့မယ့်သူတွေဖြစ်ပါတယ်။

 

() စိတ်ဆိုးတဲ့အကြောင်းရင်းတွေမပြောချင်ဘူး

တစ်ခါတလေ နှုတ်ခမ်းဆူပြီး စိတ်ဆိုးနေတဲ့အချိန်တွေမှာ ဘာဖြစ်တာလဲ၊ ဘာလို့စိတ်ကောက်တာလဲ ဆိုတာမျိုးမေးတာ လုံးဝမကြိုက်ပါဘူး။ ကိုယ့်ဘာသာကိုယ် ဘာမှားသွားလဲ၊ ဘာလုပ်မိလိုက်လို့လဲဆိုတာကို ရအောင်ပြန်စဉ်းစားစေချင်တဲ့သူတွေပါ။ ဘာကြောင့်စိတ်ဆိုးတယ်ဆိုတာမျိုးကိုပြောလိုက်ရင် အရမ်းအချော့ခံချင်တယ်လို့ ထင်သွားမှာမျိုးကို လုံးဝမလိုလားတာကြောင့် စိတ်ဆိုးတဲ့အကြောင်းရင်းတွေကို လုံးဝမပြောချင်ကြပါဘူး။

 

Credit;Aunty May

Read times Last modified on Tuesday, 22 January 2019 13:40
Rate this item
(1 Vote)