ကံကောင်းခြင်းနဲ့စည်းစိမ်ဥစ္စာကြွယ်ဝခြင်းကိုကိုယ်စားပြုသော မှဲ့များ

ကံကောင်းခြင်းနဲ့စည်းစိမ်ဥစ္စာကြွယ်ဝခြင်းကိုကိုယ်စားပြုသော မှဲ့များ google

မှဲ့ နဲ့ပတ်သက်ပြီး အယူအဆ အမျိုးမျိုးရှိကြပါတယ်။

မှဲ့တစ်ခုစီတိုင်းမှာ ဘဝနဲ့ ပတ်သက်ပြီး ဖုံးကွယ်ထားတဲ့ မက်ဆေ့ချ် တစ်ခုစီရှိပါတယ်လို့ မှဲ့ပညာရှင်တွေက ဆိုကြပါတယ်။

ခန္ဓာကိုယ်ရဲ့ နေရာအမျိုးမျိုးမှာ မှဲ့တွေရှိနိုင်ပြီး အခုဖော်ပြမယ့် နေရာတွေမှာရှိတဲ့မှဲ့တွေကတော့ကံကောင်းခြင်းနဲ့စည်းစိမ်ဥစ္စာကြွယ်ဝခြင်းကိုပေးနိုင်ပါတယ်တဲ့။

(1) နှုတ်ခမ်းအပေါ်ဘက်မှာရှိတဲ့မှဲ့

အရမ်းကို ကောင်းတဲ့မှဲ့တစ်မျိုးဖြစ်ပြီး ရွယ်တူတန်းတူတွေထက် ငွေကြေး၊ အောင်မြင်မှု ပိုမိုရရှိတတ်တဲ့မှဲ့လို့ ဆိုနိုင်ပါတယ် ။

ဒီလိုမှဲ့ပိုင်ရှင်တွေက ခေါင်းနည်းနည်းမာတဲ့ သဘာဝရှိပေမဲ့ ဘာပဲလုပ်လုပ်အရမ်း ကို မြန်မြန် ဆန်ဆန်ေ အာင်မြင်တတ်တဲ့သူတွေ ဖြစ်ပါတယ်။

(2) နှာခေါင်းပေါ်မှာရှိတဲ့မှဲ့

နှာခေါင်းရဲ့တစ်ဘက်တစ်ချက်မှာမှဲ့ရှိနေမယ်ဆိုရင် သေချာပေါက်ချမ်းသာမယ်ဆိုတဲ့လက္ခဏာဖြစ်ပါတယ်။

ဒါပေမဲ့အောင်မြင်မှုနဲ့ ငွေကြေးနှစ်ခုစလုံးက အသက် ၃၀ နောက်ပိုင်း ဒါမှမဟုတ် အိမ်ထောင်ကျပြီးမှ ရရှိတတ်ပါတယ်။

(3) ညာဘက်ပါးပြင်ပေါ်ကမှဲ့

ညာဘက်ပါးပေါ်မှာ ထင်ရှားပြီး ပြတ်သားတိကျတဲ့ မှဲ့တစ်လုံးရှိမယ်ဆိုရင် အိမ် ထောင်ပြုပြီးနောက်မှာ အရမ်းကို ချမ်းသာကြွယ်ဝလာမယ်လို့ သိနိုင်ပါတယ်။

(4) မျက်ခုံး/မျက်လုံးနှစ်ခုကြားကမှဲ့

မျက်ခုံးနှစ်ခုကြားမှာဖြစ်ဖြစ်၊ မျက်လုံးနှစ်လုံးကြားမှာဖြစ်ဖြစ် မှဲ့တစ်လုံး ရှိမယ်ဆိုရင် ချမ်းသာပြီး ဘဝတစ်ခုကို သာသာ ယာယာနဲ့

အခြေချနိုင်မယ့် သူတစ်ဦးဖြစ်ပါလိမ့်မယ်။ ဘဝမှာ တောင့်တစရာမလို ဘဲ ငွေကြေးပြည့်ပြည့် စုံစုံနဲ့ နေရ တတ်ပါတယ်။

(5) ခါး

ခါးရဲ့ဘေးတစ်ဖက်တစ်ချက်မှာရှိတဲ့ မှဲ့က ကံကောင်းခြင်းရော ကံဆိုးခြင်းရော နှစ်မျိုးစလုံးဖြစ်စေနိုင် ပါတယ်။

ဥစ္စာပစ္စည်းပြည့်စုံကြွယ်ဝပြီး ကြီးပွားတိုးတက်မှာ ဖြစ်ပေမဲ့ ဘဝရဲ့အချိန်တော်တော်များများမှာ ဝမ်းနည်းစရာ၊ စိတ်မချမ်းမြေ့စရာတွေကြုံရမှာ ဖြစ်ပါတယ်။

(6) ညာဘက်လက်ဝါးပြင်ကမှဲ့

ညာဘက်လက်ဝါးပြင်မှာ မှဲ့ရှိရင် ဘဝမှာ အောင်မြင်မှုနဲ့ ကြွယ်ဝမှုနှစ်မျိုးလုံး ရနိုင်ပါတယ်။

ဒါပေမဲ့ ကံကောင်းမယ့်အချိန် က လက်ဝါးပြင်ပေါ်က မှဲ့ရဲ့ တည်နေရာအပေါ်မှာမူတည်ပါတယ်။

မှဲ့က လက်ဝါးရဲ့ အပေါ်ပိုင်းမှာရှိမယ်ဆိုရင်ငယ် ရွယ် တဲ့အချိန်ကစပြီး အောင်မြင်ပြည့်စုံမှာဖြစ်ပြီးလက်ဝါးရဲ့ အောက်ပိုင်းမှာ ရှိမယ်ဆိုရင်

အသက်ရလာတဲ့အချိန်မှာမှ စည်းစိမ် ဥစ္စာနဲ့ အောင်မြင်မှုတွေရရှိနိုင်မှာပါ။

(7) ရင်ဘတ်ပေါ်မှာရှိတဲ့မှဲ့

ရင်ဘတ်ရဲ့ ညာဘက်အခြမ်းမှာရှိတဲ့မှဲ့က စည်းစိမ်ဥစ္စာ အများအပြားပိုင်ဆိုင်စေပြီး ဘဝကို အေးအေးချမ်းချမ်းပျော်ပျော် ရွှင်ရွှင် ဖြတ်သန်းနိုင်ခြင်းကို ပြတဲ့မှဲ့ဖြစ်ပါတယ်။

(8) မေးစေ့ပေါ်မှာရှိတဲ့မှဲ့

မေးစေ့ပေါ်မှာရှိတဲ့မှဲ့က စည်းစိမ်ဥစ္စာနဲ့ ပတ်သက်ရင် ကံကောင်းခြင်းကို ပြပေမဲ့ လူမှုဆက်ဆံရေးနဲ့ ပတ်သက်ရင် အား နည်းပြီး အထီးကျန်နေရတတ်တဲ့သူတွေဖြစ်ပါတယ်။

Credit: Sunthit.Com

 

Zawgyi ျဖင့္ဖတ္ရန္...

မွဲ႔ နဲ႔ပတ္သက္ၿပီး အယူအဆ အမ်ိဳးမ်ိဳးရွိၾကပါတယ္။

မွဲ႔တစ္ခုစီတိုင္းမွာ ဘဝနဲ႔ ပတ္သက္ၿပီး ဖုံးကြယ္ထားတဲ့ မက္ေဆ့ခ်္ တစ္ခုစီရွိပါတယ္လို႔ မွဲ႔ပညာရွင္ေတြက ဆိုၾကပါတယ္။

ခႏၶာကိုယ္ရဲ႕ ေနရာအမ်ိဳးမ်ိဳးမွာ မွဲ႔ေတြရွိႏိုင္ၿပီး အခုေဖာ္ျပမယ့္ ေနရာေတြမွာရွိတဲ့မွဲ႔ေတြကေတာ့ကံေကာင္းျခင္းနဲ႔စည္းစိမ္ဥစၥာႂကြယ္ဝျခင္းကိုေပးႏိုင္ပါတယ္တဲ့။

(1) ႏႈတ္ခမ္းအေပၚဘက္မွာရွိတဲ့မွဲ႔

အရမ္းကို ေကာင္းတဲ့မွဲ႔တစ္မ်ိဳးျဖစ္ၿပီး ႐ြယ္တူတန္းတူေတြထက္ ေငြေၾကး၊ ေအာင္ျမင္မႈ ပိုမိုရရွိတတ္တဲ့မွဲ႔လို႔ ဆိုႏိုင္ပါတယ္ ။

ဒီလိုမွဲ႔ပိုင္ရွင္ေတြက ေခါင္းနည္းနည္းမာတဲ့ သဘာဝရွိေပမဲ့ ဘာပဲလုပ္လုပ္အရမ္း ကို ျမန္ျမန္ ဆန္ဆန္ေ အာင္ျမင္တတ္တဲ့သူေတြ ျဖစ္ပါတယ္။

(2) ႏွာေခါင္းေပၚမွာရွိတဲ့မွဲ႔

ႏွာေခါင္းရဲ႕တစ္ဘက္တစ္ခ်က္မွာမွဲ႔ရွိေနမယ္ဆိုရင္ ေသခ်ာေပါက္ခ်မ္းသာမယ္ဆိုတဲ့လကၡဏာျဖစ္ပါတယ္။

ဒါေပမဲ့ေအာင္ျမင္မႈနဲ႔ ေငြေၾကးႏွစ္ခုစလုံးက အသက္ ၃၀ ေနာက္ပိုင္း ဒါမွမဟုတ္ အိမ္ေထာင္က်ၿပီးမွ ရရွိတတ္ပါတယ္။

(3) ညာဘက္ပါးျပင္ေပၚကမွဲ႔

ညာဘက္ပါးေပၚမွာ ထင္ရွားၿပီး ျပတ္သားတိက်တဲ့ မွဲ႔တစ္လုံးရွိမယ္ဆိုရင္ အိမ္ ေထာင္ျပဳၿပီးေနာက္မွာ အရမ္းကို ခ်မ္းသာႂကြယ္ဝလာမယ္လို႔ သိႏိုင္ပါတယ္။

(4) မ်က္ခုံး/မ်က္လုံးႏွစ္ခုၾကားကမွဲ႔

မ်က္ခုံးႏွစ္ခုၾကားမွာျဖစ္ျဖစ္၊ မ်က္လုံးႏွစ္လုံးၾကားမွာျဖစ္ျဖစ္ မွဲ႔တစ္လုံး ရွိမယ္ဆိုရင္ ခ်မ္းသာၿပီး ဘဝတစ္ခုကို သာသာ ယာယာနဲ႔

အေျခခ်ႏိုင္မယ့္ သူတစ္ဦးျဖစ္ပါလိမ့္မယ္။ ဘဝမွာ ေတာင့္တစရာမလို ဘဲ ေငြေၾကးျပည့္ျပည့္ စုံစုံနဲ႔ ေနရ တတ္ပါတယ္။

(5) ခါး

ခါးရဲ႕ေဘးတစ္ဖက္တစ္ခ်က္မွာရွိတဲ့ မွဲ႔က ကံေကာင္းျခင္းေရာ ကံဆိုးျခင္းေရာ ႏွစ္မ်ိဳးစလုံးျဖစ္ေစႏိုင္ ပါတယ္။

ဥစၥာပစၥည္းျပည့္စုံႂကြယ္ဝၿပီး ႀကီးပြားတိုးတက္မွာ ျဖစ္ေပမဲ့ ဘဝရဲ႕အခ်ိန္ေတာ္ေတာ္မ်ားမ်ားမွာ ဝမ္းနည္းစရာ၊ စိတ္မခ်မ္းေျမ့စရာေတြႀကဳံရမွာ ျဖစ္ပါတယ္။

(6) ညာဘက္လက္ဝါးျပင္ကမွဲ႔

ညာဘက္လက္ဝါးျပင္မွာ မွဲ႔ရွိရင္ ဘဝမွာ ေအာင္ျမင္မႈနဲ႔ ႂကြယ္ဝမႈႏွစ္မ်ိဳးလုံး ရႏိုင္ပါတယ္။

ဒါေပမဲ့ ကံေကာင္းမယ့္အခ်ိန္ က လက္ဝါးျပင္ေပၚက မွဲ႔ရဲ႕ တည္ေနရာအေပၚမွာမူတည္ပါတယ္။

မွဲ႔က လက္ဝါးရဲ႕ အေပၚပိုင္းမွာရွိမယ္ဆိုရင္ငယ္ ႐ြယ္ တဲ့အခ်ိန္ကစၿပီး ေအာင္ျမင္ျပည့္စုံမွာျဖစ္ၿပီးလက္ဝါးရဲ႕ ေအာက္ပိုင္းမွာ ရွိမယ္ဆိုရင္

အသက္ရလာတဲ့အခ်ိန္မွာမွ စည္းစိမ္ ဥစၥာနဲ႔ ေအာင္ျမင္မႈေတြရရွိႏိုင္မွာပါ။

(7) ရင္ဘတ္ေပၚမွာရွိတဲ့မွဲ႔

ရင္ဘတ္ရဲ႕ ညာဘက္အျခမ္းမွာရွိတဲ့မွဲ႔က စည္းစိမ္ဥစၥာ အမ်ားအျပားပိုင္ဆိုင္ေစၿပီး ဘဝကို ေအးေအးခ်မ္းခ်မ္းေပ်ာ္ေပ်ာ္ ႐ႊင္႐ႊင္ ျဖတ္သန္းႏိုင္ျခင္းကို ျပတဲ့မွဲ႔ျဖစ္ပါတယ္။

(8) ေမးေစ့ေပၚမွာရွိတဲ့မွဲ႔

ေမးေစ့ေပၚမွာရွိတဲ့မွဲ႔က စည္းစိမ္ဥစၥာနဲ႔ ပတ္သက္ရင္ ကံေကာင္းျခင္းကို ျပေပမဲ့ လူမႈဆက္ဆံေရးနဲ႔ ပတ္သက္ရင္ အား နည္းၿပီး အထီးက်န္ေနရတတ္တဲ့သူေတြျဖစ္ပါတယ္။

Credit: Sunthit.Com

 

Myanmar Wedding Guide

jjjj

Read times Last modified on Tuesday, 03 March 2020 16:28
Rate this item
(1 Vote)
Tagged under