ယောကျာ်းလေးတွေဆီက မိန်းကလေးတွေ တကယ်လိုချင်တဲ့ အရာ (၈)မျိုး

ယောကျာ်းလေးတွေဆီက မိန်းကလေးတွေ တကယ်လိုချင်တဲ့ အရာ (၈)မျိုး google.com

မိန်းကလေးတွေ ဘာလိုချင်မှန်းမသိဘူး၊ ဘာဖြစ်ချင်မှန်းမသိဘူး ဆိုတဲ့ စကားလေးတွေ မကြာခဏ ကြားရတတ်ပါတယ်။

 

 

ယောကျာ်းလေးတွေဟာ သူတို့ဆီကနေ မိန်းကလေးတွေ ဘာတွေလိုချင်လဲဆိုတာ တကယ်ပဲ မသိတာလား၊ မသိချင်ယောင်ဆောင်နေတာလားဆိုတာကိုတော့ သူတို့ကိုယ်တိုင်ပဲ သိမှာပါ။ ကဲ ဘာပဲဖြစ်ဖြစ်…မိန်းကလေးတွေ ယောကျာ်းလေးတွေဆီက အမှန်တကယ် လိုချင်တာတွေကတော့ ဒီမှာပါနော်။

 

 

() ကိုယ့်ကိုယ်ကို ယုံကြည်မှုရှိတာ၊ ပြတ်သားတာ

 

ယောကျာ်းလေးတစ်ယောက်က ကိုယ့်ကိုယ်ကို ယုံကြည်မှုရှိတဲ့အခါ၊ တွေဝေမှုမရှိဘဲ ပြတ်သားတဲ့အခါမျိုးမှာ ဆွဲဆောင်မှုအပြည့်ရှိတယ်လို့ မိန်းကလေးတွေက ထင်ကြပါတယ်တဲ့။ ပြီးတော့ သူတို့ချစ်သူတွေကိုလည်း ကိုယ့်ကိုယ်ကို ယုံကြည်မှုရှိတဲ့သူ၊ ပြတ်သားတဲ့သူ ဖြစ်စေချင်ကြပါတယ်။

 

 

() တည်ငြိမ်ရင့်ကျက်မှု

 

ယောကျာ်းလေးကပဲ အရာရာမှာ ဦးဆောင်ရမယ်လို့တော့ မဟုတ်ပေမယ့် မိန်းကလေးလောက်မှ မတည်ငြိမ်ဘူး၊ မရင့်ကျက်ဘူးဆိုရင်တော့ စိတ်ပျက်စရာကြီး ဖြစ်နေမှာပါ။ ဒါကြောင့် ယောကျာ်းလေးတစ်ယောက်အနေနဲ့ ဘယ်လိုမိန်းကလေးမျိုးနဲ့ပဲတွဲတွဲ တည်ငြိမ်ရင့်ကျက်မှုရှိဖို့ လိုပါတယ်။

 

 

() ကိုယ်ချင်းစာစိတ်

 

မိန်းကလေးမှ၊ ယောကျာ်းလေးမှ မဟုတ်ပါဘူး။ ကိုယ်ချင်းစာစိတ်ဆိုတာ လူတိုင်းမှာ ရှိသင့်တာပါ။ မိန်းကလေးတွေက သူတို့ချစ်သူကို ကိုယ်ချင်းစာစိတ်ရှိတဲ့သူ၊ ကြင်နာတတ်တဲ့သူ၊ မိန်းကလေး၊ ယောကျာ်းလေး မခွဲခြားဘဲ တန်းတူဆက်ဆံတတ်တဲ့သူမျိုးဖြစ်ဖို့ မျှော်လင့်ကြပါတယ်။

 

 

() စကားပြောပြေပြစ်တာ

 

စကားပြောကောင်းတဲ့သူ တစ်ယောက်ဖြစ်ဖို့ မလိုပေမယ့် စကားပြောပြေပြစ်ပြီး ပေါင်းတတ်၊ သင်းတတ်တဲ့သူမျိုးဖြစ်ဖို့လိုပါတယ်။ သင် ဒီလိုလူမျိုးဖြစ်ဖို့ သင့်ချစ်သူက ဖွင့်မပြောရင်တောင် မျှော်လင့်နေမှာပါ။

 

 

() ရည်မှန်းချက်ရှိတဲ့သူ

 

ယောကျာ်းလေးတစ်ယောက်က ဘဝအတွက် သေချာစဉ်းစားပြီး plan တစ်ခုတော့ ရှိရမှာပါ။ မိသားစုတည်ဆောက်မယ့်သူပဲဖြစ်ဖြစ်၊ တစ်ယောက်တည်းသမားပဲလုပ်လုပ် ဘဝအတွက် plan မရှိလို့၊ ရည်မှန်းချက်မရှိလို့ မရပါဘူး။ ဒါကြောင့် ဒီအချက်ကလည်း ယောကျာ်းလေးတွေအတွက် အရေးပါတဲ့ အချက်ပါပဲနော်။

 

 

() ကိုယ့်ကိုယ်ကို တန်ဖိုးထားတဲ့သူ

 

ကိုယ့်ကိုယ်ကို ဒုက္ခပေးတဲ့လုပ်ရပ်တွေ မလုပ်တတ်တဲ့သူ၊ ကိုယ့်ကိုယ်ကို တန်ဖိုးထားတဲ့သူတစ်ယောက် ဖြစ်စေချင်ပါတယ်တဲ့။ ဥပမာ- မူးယစ်ဆေးဝါးသုံးစွဲတာမျိုး မလုပ်တဲ့သူပေါ့။

 

 

() ချစ်တတ်တဲ့သူ

 

မိန်းကလေးတွေဟာ သူတို့ဘယ်လိုပုံစံမျိုးပဲဖြစ်ဖြစ် ချစ်နေတယ်ဆိုတဲ့ ချစ်သူမျိုးကို လိုချင်ကြပါတယ်။ သင့်အနေနဲ့သူတို့ရဲ့ ဖြစ်တည်မှုနဲ့ပတ်သက်လို့တန်ဖိုးထားပြီး ချစ်တတ်တဲ့သူတစ်ယောက် ဖြစ်စေချင်တာပါ။

 

 

() သစ္စာရှိတဲ့သူ

 

မိန်းကလေးတစ်ယောက်အတွက် ချစ်သူရဲ့သစ္စာဖောက်ခြင်းကို ခံရတာက အဆိုးဆုံးခံစားချက်ဖြစ်ပါတယ်။ ဒါကြောင့် သင့်ကို သစ္စာရှိတဲ့သူတစ်ယောက် ဖြစ်စေချင်တာဟာ သူတို့လိုချင်တာတွေထဲက တစ်ချက်ပါပဲ။

 

 

Credit;Aunty May

Read times Last modified on Thursday, 04 October 2018 09:35
Rate this item
(1 Vote)