ချစ်သူအပေါ် ဆိုးတတ်တဲ့မိန်းကလေးတွေရဲ့အချက်များ - ၂

ချစ်သူအပေါ် ဆိုးတတ်တဲ့မိန်းကလေးတွေရဲ့အချက်များ - ၂ google.com

နွဲ့ဆိုးဆိုးတတ်တဲ့ ကောင်မလေးတွေက ကိုယ့်ချစ်သူကို အမြဲတမ်း ဘယ်လိုပုံစံနဲ့ ဆိုးရမလဲဆိုတာ

စဉ်းစားကြ ပါတယ်။

 

နွဲ့ဆိုးဆိုးတတ်တဲ့ မိန်းကလေးတွေကြောင့် တစ်ခါတစ်ရံ ဒီလိုအမူအယာတွေက ချစ်သူစိတ်ညစ်သွားခြင်း၊ စိတ်ကုန်သွားတာကို စိုးရိမ်ပေမယ့်လည်း နွဲ့ဆိုးမဆိုးဘဲ မနေနိုင်ကြပါဘူး။

 

နွဲ့ဆိုးဆိုးတတ်တဲ့ ကောင်မလေးတွေက သိသိရက်နဲ့ ရွဲ့ခြင်း၊ ကန့်လန့်တိုက်ခြင်း တွေ ပြုလုပ်တတ်ကြပါတယ်။

 

နွဲ့ဆိုးဆိုးတတ်တဲ့ ကောင်မလေးတွေက ခေါင်းမာတဲ့အချိန်တွေ၊ ဆိုးတဲ့အချိန်တွေမှာ ချစ်သူက လျစ်လျှူရှုသွားမှာကိုလည်း သေမတတ် ကြောက်တတ်ကြပါသေးတယ်။

 

နွဲ့ဆိုးဆိုးတတ်တဲ့ ကောင်မလေးတွေက ကိုယ့်ချစ်သူကို တခြားမိန်းကလေးတွေနဲ့ လုံးဝစိတ်မချတတ်ပါဘူး။

 

ကိုယ့်ချစ်သူက ဖောက်ပြန်သွားခြင်း သို့မဟုတ် ကိုယ်နဲ့အကြောင်းအမျိုးမျိုးကြောင့် ပြတ်သွားခြင်း၊ တခြားသူလက်ထဲ ရောက်သွားမှာကို စိတ်ကူးထဲတောင် ထည့်မစဉ်းစားနိုင်လောက်အောင်ကို သဝန်တိုတတ်ကြပါတယ်။

 

နွဲ့ဆိုးဆိုးတတ်တဲ့ မိန်းကလေးတွေဟာ ကိုယ့်ချစ်သူရဲ့ရည်းစားဟောင်း၊ သူငယ်ချင်းမိန်းကလေးတွေနဲ့လည်း စိတ်ထဲမှာ အမြဲတမ်း သဝန်တိုနေတတ်တဲ့သူတွေဖြစ်တတ်ကြပါတယ်။

 

သို့ပေမယ့် ယင်းကိစ္စနဲ့ပတ်သက်ပြီး အဓိပ္ပာယ်မရှိမှန်းတော့သိပေမယ့်လည်း ကိုယ့်ချစ်သူကို ပြဿနာအမြဲရှာတတ်တဲ့ နွဲ့ဆိုးဆိုးတတ်တဲ့သူတွေ ဖြစ်ကြပါတယ်။

Read times Last modified on Wednesday, 19 September 2018 14:48
Rate this item
(1 Vote)