ယောကျာ်းလေးတစ်ယောက်လိုချင်တဲ့မိန်းကလေးအမျိုးအစား (၄) မျိုး

ယောကျာ်းလေးတစ်ယောက်လိုချင်တဲ့မိန်းကလေးအမျိုးအစား (၄) မျိုး google

မိန်းကလေးတွေလိုပဲ ယောက်ျားလေးတွေမှာလည်း ချစ်သူနဲ့ပတ်သက်ပြီး စံသတ်မှတ်ချက်လေးတွေရှိပါတယ်။ ငွေကြေးတွေ၊ အပြင်ပိုင်းပကာသနတွေထက် အတွင်းစိတ်ကိုပိုပြီး ပစ်မှတ်ထားကြတာဖြစ်ပါတယ်။

ခုဖော်ပြပေးမှာကတော့ ယောက်ျားလေးတော်တော်များများပြောတဲ့ ချစ်သူတစ်ယောက်မှာရှိရမယ့် သူတို့လိုချင်တဲ့အချက်လေးတွေပဲဖြစ်ပါတယ်။ ကြည့်လိုက်ပါဦးနော်။

 

() တန်ဖိုးထားတဲ့မိန်းကလေး

ယောက်ျားလေးတွေဟာလည်း မိန်းကလေးတွေလိုပဲ တန်ဖိုးအထားခံချင်တဲ့သူတွေဖြစ်ပါတယ်။ သူတို့ကိုအမြဲတမ်းနားလည်ပေးမယ့်သူကို လိုချင်ကြပါတယ်။ သူတို့ရဲ့အရှိကိုအရှိအတိုင်း၊ ဖြစ်တည်မှုတိုင်းကို လက်ခံပေးပြီး ချစ်ပေးနိုင်မယ့်မိန်းကလေးမျိုးကို လိုချင်ကြပါတယ်။ သူတို့လုပ်ပေးတဲ့သေးငယ်တဲ့ အရာလေးတွေကအစ ပျော်ရွှင်နေပြီး ကျေးဇူးတင်နေတတ်တဲ့ မိန်းကလေးမျိုးကို သူတို့အလိုချင်ဆုံးပါပဲ။ ဂုဏ်တွေ၊ ငွေကြေးတွေကြောင့်မဟုတ်ပဲ သူတို့ဖြစ်နေလို့ကို ချစ်နေတဲ့ မိန်းကလေးမျိုးကိုယောက်ျားတိုင်း လိုချင်ကြပါတယ်။

 

() လေးစားမှုရှိတဲ့ မိန်းကလေး

ယောက်ျားလေးတွေဟာ ပင်ကိုယ်သဘာဝမှာကိုက လေးစားမှုကို လိုချင်တဲ့သူတွေဖြစ်ပါတယ်။ ဒါကသူတို့ရဲ့သဘာဝဖြစ်တာကြောင့် လက်မခံလို့မရပါဘူး။ ဒါကြောင့်ယောကျာ်းလေးတွေဟာ သူတို့ကိုလေးစားပြီး ရိုသေတတ်တဲ့ မိန်းကလေးတွေကို လိုချင်ကြပါတယ်။ တစ်နေ့နေ့မှာ အိမ်ထောင်တစ်ခုကို ဦးဆောင်ရမယ့် အိမ်ထောင်ဦးစီးလောင်းတစ်ယောက်အနေနဲ့ ဇနီးလောင်းဆီက လေးစားမှုကို လိုချင်တာမျိုးဖြစ်ပါတယ်။

 

() မချုပ်ခြယ်တဲ့မိန်းကလေး

ယောက်ျားလေးတွေဟာ အပေါင်းအသင်း အပျော်အပါးမင်တဲ့သူတွေဖြစ်ပါတယ်။ ဒါပေမယ့်လည်း ဘယ်အရာကိုလုပ်သင့်တယ်၊ ဘယ်အရာကိုမလုပ်သင့်ဘူးလဲဆိုတာကို သူတို့ဘာသာသူတို့ခွဲခြားတတ်ပါတယ်။ ဒါကြောင့် သူတို့ကိုချုပ်ခြယ်တာ၊ အမိန့်ပေးတာ၊ ဟောက်တာတွေ၊ ထိန်းချုပ်တာတွေလုပ်တာမကြိုက်ပါဘူး။ ဒါ့အပြင်ဘေးနားကနေ တတွတ်တွတ်နဲ့ အကုန်လုံးလိုက်ပြောနေတဲ့ မိန်းကလေးမျိုးကိုမလိုချင်ကြပါဘူး။ သူတို့ကို အားလုံးလိုက်လျောပေးဖို့ပြောတာ မဟုတ်ပါဘူး။ ဒါပေမယ့်သူတို့ကို အထက်စီးဆန်ဆန် မဆက်ဆံမိဖို့ အထူးဂရုစိုက်ဖို့လိုပါတယ်။

 

() ပံ့ပိုးပေးတဲ့မိန်းကလေး

ယောကျာ်းလေးတွေဟာ သူတို့ရဲ့အိပ်မက်၊ မျှော်လင့်ချက်၊ ရည်မှန်းချက်တွေကို ပံ့ပိုးပေးနိုင်မယ့် မိန်းကလေးမျိုးကို လိုချင်ကြပါတယ်။ ဒီလိုပြောလို့ ငွေကြေးကိုပဲဆိုလိုတာမဟုတ်ပါဘူး။ သူတို့ကိုအကြံဥာဏ်ကောင်းတွေပေးတတ်တဲ့၊ သူတို့ဖြစ်ချင်တဲ့အရာကို နားလည်ပေးပြီး အမြဲတမ်းသူတို့ဖက်ကနေ ရပ်တည်အားပေးတတ်တဲ့ မိန်းကလေးမျိုးကို လိုချင်ကြတာဖြစ်ပါတယ်။

 

 

Credit;Aunty May

Read times Last modified on Wednesday, 16 January 2019 15:10
Rate this item
(1 Vote)