အေးလွန်းတဲ့ယောင်္ကျား KTV ပို့မိတော့မှငါးပါးမှောက်သွားတယ်

အေးလွန်းတဲ့ယောင်္ကျား KTV ပို့မိတော့မှငါးပါးမှောက်သွားတယ် google.com

အေးလွန်းတဲ့ယောင်္ကျား KTV ပို့မိတော့မှငါးပါးမှောက်သွားတယ်….

ကိုချစ်ပိုတစ်ယောက်ဟာ သူ့မိန်းမအမြင်မှာ အေးလွန်းတယ်။မနက်ရုံးသွား၊ရုံးဆင်းရင်

ကြက်တောင်ကလပ်မှာ ကြက်တောင်ဝင်ရိုက် အိမ်ပြန်ထမင်းစား၊အိပ်၊မနက်ရုံးသွား ဒါနဲ့ပဲ သံသရာလည်နေတယ်။

ကိုချစ်ပို၊ရှင့်မှာလဲအေးလိုက်တာ၊ယောင်္ကျားပီပီသသဘီယာလေးဘာလေးတစ်ခါတစ်လေသောက်၊စင်တင်လေးဘာလေးသွား ကောင်မလေးတွေ သီချင်းဆိုတာတွေသွားကြည့်ပါလားဆိုတော့

ကိုချစ်ပိုက….အိုကွာ မင်းသိသားနဲ့ ဒါတွေက ငါနဲ့လားလားမှမအပ်စပ် ပြဒါးတစ်လမ်း သံတစ်လမ်း ငါ့ဟာ ငါအေးအေးနေပါရစေ။

မိန်းမလဲမဖြစ်ချေဘူး၊ဒင်းကို ငါကိုယ်တိုင် ပို့ပေးမှဆိုပီး တစ်ညနေ ကိုချစ်ပိုကြက်တောင်ရိုက်တာစောင့်ပြီး ကြက်တောင်ကလပ် ဘေးကပ်လျှက်ကစင်တင် ဘီယာဆိုင်ကို ခေါ်သွားတယ်။

ထိုင်ရုံရှိသေး ဘာမှမမှာရသေး ဝိတ်တာ တစ်ယောက်က မြန်မာဘီယာတစ်လုံး တန်းလာချသွားတော့ ကိုချစ်ပိုက သူ့မိန်းမကိုပြောတယ်၊ ငါတို့ကြက်တောင်ကလပ်ကတစ်ခြားလူတွေ

ဒီဆိုင်လာရင် မြန်မာဘီယာတစ်မျိုးပဲ သောက်ကြတယ် ပြောသံကြားဘူးတယ်ကွ။ငါ့လဲ ကြက်တောင်ကလပ်ကပဲ ဆိုပီး မြန်မာဘီယာကိုမမေးပဲ တန်းချသွားတာဖြစ်မယ်တဲ့။

မကြာပါဘူးကန်စွန်းပလိန်း တစ်ပွဲထပ်လာချသွားပြန်ရော။ကိုချစ်ပိုက ပြောပြန်ရော။မြန်မာဘီယာက ဒီဆိုင်မှာ promotion လုပ်နေတယ်ပြောတယ်၊့မြန်မာဘီယာ သောက်သူတိုင်း

ကိုကန်စွန်းပလိန်းတစ်ပွဲ free ပေးတယ်လို့ပြောတယ်၊ လက်စသပ်တော့ ကလပ်ကကောင်တွေ ဒီဆိုင်လာလာနေကြတာ ဒါကြောင့်ကိုး၊ ဟားဟားဟား…..။

သူ့မိန်းမကတော့ သိပ်မသင်္ကာတော့ဘူး။

ခဏနေတော့စင်တင်စတိတ်ရိုးက သီချင်းဆိုတဲ့ကောင်မလေးတစ်ယောက်

ဝိုင်းနားရောက်လာတယ်၊ထိုင်နေတဲ့ကိုချစ်ပိုကို ခုံအနောက်ကနေသိုင်းဖက်ပြီး၊ကိုချစ်ပိုကြီး သမီးကိုပန်းကုံးမချတာ ၃ ရက်ရှီပီနော်၊ ဒီနေ့တော့ သမီးကို ပန်းကုံးများများ ချရမယ်နော် ဧည့်သည်လဲပါးလို့

ခုဘယ်ဆိုင်ကစော်ကြီး ခေါ်လာတာတုန်း ဆိုပြီး ကိုချစ်ပို ပါးကိုလိမ်ဆွဲပြီး ထွက်သွားရော။

မိန်းမလဲပေါက်ကွဲပြီး လာစမ်းသေနာ၊ပြဒါးတစ်လမ်း သံတစ်လမ်းကြီးအိမ်ကျမှ ကောင်းကောင်းသိမယ် ဆိုပီး ကိုချစ်ပို ကိုနားရွက်က ဆွဲဆိုင်ရှေ့တွေ့တဲ့ taxi ကားပေါ်တက်ပြီး တစ်လမ်းလုံးဆဲဆိုလာတာကို

taxi ဒရိုင်ဘာကနောက်လှည့်ပြောတယ်။ကိုချစ်ပိုကြီး ဘယ်လိုဖြစ်တာလဲ၊အရင်စော်တွေလို မဟုတ်ဘူး၊ခင်ဗျား ဒီနေ့ခေါ်လာတဲ့ စော်ကြီးက ကြမ်းလိုက်တာတဲ့……..

 

Credit;မူရင်းရေးသားသူ

Read times Last modified on Wednesday, 19 September 2018 10:43
Rate this item
(1 Vote)