၇ ၊၈ ၊၉ ဂဏာန်းသမား များအတွက်အချစ်ရေးကိုဖော်ပြပေးလိုက်ပါတယ်။
(၇)ဂဏန်းသမားများအတွက်အချစ်ရေး
အချစ်ရေးမှာအရူးမီးဝိုင်းဗျာများနေရတဲ့အချိန်ပေါ့။ အရာအားလုံးထက်ပိုပြီး ချစ်သူကိုဦးစားပေးနေမိလိမ့်မယ်။
မျက်ကန်းအချစ်လိုပေါ့။ ချစ်သူဘာလုပ်လုပ်တော့ ကိုယ်အတွက်က အကောင်းပေါ့။ အဲ့ဒါကြောင့်လည်း
မိတ်ဆွေတွေက သင့်ကို အချစ်ရူးလို့သတ်မှတ်ကြပါလိမ့်မယ်။
အချစ်ရူးလေးဖြစ်နေတော့ သူပြုသမျှနုရတဲ့အချိန်ပေါ့။ တစ်ခါတစ်ရံ စိုးရိမ်စိတ်တွေများပြီး
တစ်ယောက်တည်း ကြိတ်ခံစားနေရတတ်ပါတယ်။
(၈)ဂဏန်းသမားများအတွက်အချစ်ရေး
အချစ်ရေးမှာတော့ ချစ်သူနှစ်ဦးကြား တစ်ဦးနဲ့တစ်ဦးစိုးမိုးမှုကြီးနေချိန်ပါ။
ဘယ်အရာကမှချစ်သူလောက်အရေးမကြီးဆိုသလို ပတ်ဝန်းကျင်နဲ့တောင် ချစ်သူနဲ့ပတ်သက်ပြီး ရန်စကားဖြစ်တတ်ပါတယ်။
တစ်ယောက်နဲ့တစ်ယောက်ကတော့ သ၀န်တိုမှုတွေ စိတ်မချမှုတွေများနေတတ်ပါတယ်။
ကြားလူအနှောင့်အယှက်တွေရှိတာကြောင့် ချစ်သူရဲ့စကားတွေကို တခြားအရာထက်ပိုအလေးထားပြီး ယုံကြည်ပေးရပါလိမ့်မယ်။
ဒီအချိန်ဟာ အချစ်ကြီးသူက ပိုခံစားနေရမယ့်အချိန်ပါဘဲ။
(၉)ဂဏန်းသမားများအတွက်အချစ်ရေး
အချစ်ရေးမှာ အချစ်မီးလျှံကြားထဲကျော်ဖြတ်နေရတဲ့အချိန်ပေါ့။
ချစ်သူနှစ်ဦးကြားရှင်းလေရှုပ်လေပြသနာတွေကြောင့် စိတ်ပင်ပန်းရတတ်ပါတယ်။
နှစ်ယောက်ကြားထဲ တတိယလူဝင်လာတတ်ပြီး သုံးပွင့်ဆိုင်အချစ်ဖြစ်သွားတတ်ပါတယ်။
ဒီအချိန်ဟာ ချုပ်ခြယ်မှုတွေကင်းပြီး ချစ်သူရဲ့အကြိုက်လိုက်ပြီးနေရမယ့်အချိန်ပါဘဲ။
ကိုယ့်ဘက်က တင်းမာနေရင်းတော့ နှစ်ဦးကြားမှာ အချစ်ရေးလုံးဝ ပျက်သွားတတ်ပါတယ်။
Source- အဂ္ဂမင်း