Relationship တစ်ခုရုတ်တရက်သွေးအေးသွားတာဘာကြောင့်လဲ

Relationship တစ်ခုရုတ်တရက်သွေးအေးသွားတာဘာကြောင့်လဲ google.com

အချစ်ရေးကတောက်လျှောက်အဆင်ပြေနေပြီး သူ့ဘက်ကရုတ်တရက်ချက်ချင်းကြီးအေးစက်သွားတဲ့အခါ

ဘာကြောင့်ပါလိမ့်ဆိုပြီး နားလည်ရခက်နေပါလိမ့်မယ်။ ပြီးတော့ အရင်ကဆိုမခေါ်မပြောနေရင်လည်း ခဏပဲဖြစ်ပြီး နှစ်ယောက်ကြားမှာအချိန်အကြာကြီးအေးစက်နေတာမျိုး၊ မခေါ်မပြောဘဲနေနိုင်တာမျိုးမရှိပါဘူး။ ဒါကြောင့် ဘာလို့များသူ့ဘက်ကချက်ချင်းကြီးအေးစက်သွားရလဲဆိုတာကိုမသိနိုင်လောက်အောင်ဖြစ်နေတဲ့သူလေးတွေအတွက် သင့်ချစ်သူရုတ်တရက်အေးစက်သွားရခြင်း ဖြစ်နိုင်ချေအကြောင်းရင်းတွေကို ဖော်ပြပေးလိုက်ပါတယ်။

 

သင်ရဲ့အပြုအမူ၊ အပြောအဆိုတွေကြောင့်

ချစ်သူတွေဖြစ်လာတဲ့အခါ တစ်ယောက်နဲ့တစ်ယောက် အပြန်အလှန်နားလည်ပေး၊ သည်းခံပေးရတာတွေရှိပါတယ်။ အဲ့ဒီအထဲမှာစိတ်ဆိုးလို့ပဲဖြစ်ဖြစ်ပြောလိုက်မိတဲ့ အပြောအဆိုအမှားလေးတွေကိုလည်းသည်းခံရတာပါပဲ။ စိတ်ကြည်နေတဲ့အချိန်တွေမှာ ဘာမှမဖြစ်လောက်တဲ့စကားလေးတွေဆိုပေမယ့်စိတ်မကြည်တဲ့အခါမျိုး၊ ထပ်ခါထပ်ခါကြားနေရတဲ့အခါမျိုးမှာသည်းခံနိုင်စွမ်းတွေလည်းတဖြည်းဖြည်းနည်းလာပါတယ်။ ဒီတော့ သင့်ရဲ့အပြောအဆိုနဲ့ အပြုအမူတချို့ကြောင့် သူစိတ်တွေပင်ပန်းနေပြီး သင့်ကိုမခေါ်မပြောဘဲ နေနိုင်တာမျိုးလည်းဖြစ်နိုင်ပါတယ်။

 

အသစ်တွေ့နေတာကြောင့်

သင်တို့နှစ်ယောက် အတူတကွတည်ဆောက်မယ်လို့တွေးထားတဲ့အနာဂတ်စိတ်ကူးလေးတွေလည်းရှိမှာပါ။ ပြီးတော့ရန်ဖြစ်လိုက်ပြန်ချစ်လိုက်နဲ့ ဖြတ်သန်းခဲ့ကြပေမယ့် သူ့ဘက်ကရုတ်တရက်ကြီးအေးစက်သွားနိုင်တာက သင်တို့နှစ်ယောက်အတူတကွစိတ်ကူးထားတဲ့အနာဂတ်အစီအစဉ်တွေကို သင်နဲ့မဟုတ်ဘဲ တခြားတစ်ယောက်နဲ့လည်း တည်ဆောက်လို့ရတယ်လို့ သူတွေးနေတာကြောင့်ဖြစ်နိုင်ပါတယ်။

 

တခြားအခက်အခဲတွေလည်းရှိနေလို့

သင်တို့နှစ်ယောက်ကဘယ်လောက်ပဲရန်ဖြစ်ဖြစ် ပြန်မခေါ်ဘဲမနေနိုင်တဲ့သူတွေဖြစ်ကြပေမယ့် အခုတော့အဲ့လိုမဟုတ်ဘဲ သူ့ဘက်ကအရမ်းကိုနေနိုင်နေတယ်ဆိုရင် သူ့မှာ သင်နဲ့ဖြစ်တဲ့ပြဿနာတင်မကဘဲ တခြားပြဿနာတွေလည်းရှိနေတာကြောင့်လည်းဖြစ်နိုင်ပါတယ်။ ဒီတော့ သင့်ဘက်ကသူ့မှာတခြားဘာပြဿနာတွေရှိနေလဲဆိုတာကိုမေးဖို့လိုပါတယ်။

 

သင့်ဘက်ကသူ့ကိုအရမ်းလိုအပ်နေတဲ့ပုံစံမျိုးလုပ်နေလို့

လူတစ်ယောက်ကိုအရမ်းလိုအပ်တဲ့ပုံစံမျိုးလုပ်ပြလိုက်တဲ့အခါ သူ့ဘက်က သင့်ကိုချေသွားနိုင်ပါတယ်။ ဒီတော့ သင်သူ့ကိုဘယ်လောက်ချစ်ချစ်သူမရှိရင်မဖြစ်တဲ့ပုံစံမျိုး၊ သူ့ကိုအရမ်းလိုအပ်တဲ့ပုံစံမျိုးမပြသင့်ပါဘူး။ ဒီတော့ သူ့ဘက်က အရမ်းချေနေတယ်ဆိုရင် သင်ကသူ့ကိုအရမ်းလိုအပ်တဲ့ပုံစံမျိုးပြခဲ့ဖူးသလားဆိုတာပြန်စဉ်းစားကြည့်လိုက်ပါ။

 

သူတစ်ယောက်တည်းနေဖို့လိုအပ်နေလို့

ဘယ်သူပဲဖြစ်ဖြစ်တစ်ယောက်တည်းနေဖို့လိုအပ်တဲ့အချိန်ဆိုတာရှိပါတယ်။ ဒီတော့သူ့မှာလည်းအဲ့ဒီလိုမျိုး တစ်ယောက်တည်းနေဖို့လိုအပ်နေတဲ့အချိန်မျိုးရှိမှာပါပဲ။ သင်တို့နှစ်ယောက်ပြဿနာကြောင့် သင့်ကို စိတ်ကုန်သွားတာလား၊ သူတစ်ယောက်တည်းနေဖို့လိုအပ်နေတာကြောင့် သင့်ကိုမခေါ်မပြောဘဲ နေနေတာလားဆိုတာကိုသိရဖို့အချိန်နည်းနည်းတော့ပေးလိုက်ပါနော်။

 

 

Credit : Auntymay

Myanmar Wedding Guide

Read times Last modified on Tuesday, 05 March 2019 16:20
Rate this item
(3 votes)