ကျွန်မက ကိုယ်ဝန်ကြီးနဲ့မို့ မလုပ်ပါနဲ့လို့ ပြောနေတာကိုမရဘူး

ကျွန်မက ကိုယ်ဝန်ကြီးနဲ့မို့ မလုပ်ပါနဲ့လို့ ပြောနေတာကိုမရဘူး google.com

“မရဘူး .. ရှင့်ကို ရာအိမ်မှူးနဲ့ကို တိုင်မှာ”

 

“မိန်းမကလည်းကွာ .. ငါကချစ်လို့စတာကို .. လာပါ .. ပြန်ရအောင်”

 

“မပြန်ဘူး .. မပြန်ဘူး .. ရှင့်ကိုတိုင်ကိုတိုင်မှာ .. အဲ့ဒါမှ ရှင် နောက်မလုပ်ရဲမှာ”

 

ရုံးရှေ့က ဆူဆူညံညံ အသံတွေကြောင့် ဘာဖြစ်တာလဲဆိုပြီး ထွက်ကြည့်မိတော့ မျိုးချစ်နဲ့ သူ့မိန်းမပေါက်ကြီး .. ပေါက်ကြီးဆိုတာက တစ်နှစ်တစ်ယောက် မှန်မှန်မွေးနေကျမို့လို့ ပေါက်ကြီးလို့ခေါ်တာ ..

 

အမြဲတမ်း လင်မယား တကျက်ကျက်နဲ့ ရန်ဖြစ်နေတာတောင် ပေါက်ကြီးတို့လင်မယားက တစ်နှစ်တစ်သားတော့ ပုံမှန်ပေါက်နေကျ ..

 

 

အခုလည်း ကလေးတစ်ယောက်က လက်မှာတွဲလောင်းဆွဲလို့ .. ဗိုက်ထဲမှာက တစ်ယောက်နဲ့ .. အဲဒါလည်း အခုထိအဖြေထုတ်လို့မရသေးတဲ့ ပုစ္ဆာ ..

 

“ရာအိမ်မှူးရေ .. ရာအိမ်မှူး တပည့်နဲ့ကျွန်မကို ကွာရှင်းပေးပါ”

 

“ဘာဖြစ်လာပြန်ပြီလဲဟာ .. နင်တို့လင်မယားကလည်း အမြဲတမ်းရန်ဖြစ်မယ်လို့များ တွေးထားသလား .. ကဲ .. ကဲ .. ရုံးခန်းထဲလာခဲ့ကြ ..”

 

“လင်မယားနှစ်ယောက် ရုံးခန်းထဲရောက်တော့ ကိုယ်ကပဲ စမေးလိုက်တယ် ..”

 

“ကဲ … လုပ်စမ်းပါဦး .. ဘာဖြစ်ကြတာလဲ .. ပေါက်ကြီး အရင်စပြော ..”

 

“ရာအိမ်မှူးတပည့်ပေါ့ .. လူလိုကိုနားမလည်ဘူး .. ကျွန်မက ကိုယ်ဝန်ကြီးနဲ့မို့ မလုပ်ပါနဲ့လို့ပြောနေတာတောင် မရဘူး .. အတင်း မရမက လုပ်တာ .. ကျွန်မလည်း ဗိုက်ကိုထိမှာဆိုးလို့ ရှောင်ပါသေးတယ် .. အဲ့ဒါကို ဒင်းကလက်ကို အတင်းချုပ်ထားတာ”

 

ဟင် !! ဘာတွေလဲဟ

 

အဲ့ဒီမှာတင် သူ့ယောင်္ကျားက

 

“ဟဲ့ .. နင် ရာအိမ်မှူးရှေ့မှာ မဟုတ်တာမပြောနဲ့ .. ကိုယ့်မိန်းမ ကိုယ်ချစ်လို့ပဲဥစ္စာ .. လုပ်တော့ ဘာဖြစ်လဲ”

 

“တော်ပါ ရှင့်ကိုကလေးတွေရှေ့မှာ မလုပ်ပါနဲ့ ကိုမျိုးချစ်ရယ်လို့ ပြောတာတောင် မရမက လုပ်ပြီးတော့”

 

“ကလေးတွေရှေ့လည်း ဘာဖြစ်လဲ .. သူတို့အဖေနဲ့အမေ ချစ်ကြတယ်လို့တောင် ထင်ပြီးပျော်နေဦးမယ်”

 

“ဘာ !! ရှင်မရှက်ပေမယ့် ကျွန်မရှက်တယ်တော့ .. ဟိုနေ့ကလည်း အမေ့ရှေ့တောင် မရှောင် လာလုပ်လို့ တစ်ခါပြောထားသေးတာ မမှတ်ဘူးလား”

 

“အို .. မင်းအမေလည်း ငယ်ရာက ကြီးလာတာပဲဟာ .. သူလည်းနားလည်ပါတယ် .. လင်မယားတွေချစ်လို့ လုပ်တာပဲဟာ”

 

ကိုယ့်မှာ နားထောင်ရင်းနဲ့ မျက်လုံးပြူးသထက် ပြူးလာတယ်။

 

“ဘာပဲဖြစ်ဖြစ် ကျွန်မ မကြိုက်ဘူး .. လူရှေ့သူရှေ့မှာ မလုပ်ပါနဲ့ .. ရှင်လုပ်တာအရေးမကြီးဘူး .. ဗိုက်ထဲက ကလေးတစ်ခုခုဖြစ်လို့ကတော့ ရှင်အသေပဲ .. ရှင်လုပ်ချင်ရင် ကလေးမွေးပြီးမှ ကြိုက်သလိုလုပ် .. အခုတော့ ဆောရီးပဲ”

 

ကိုယ်လည်းနားမလည်နိုင်တော့တာနဲ့ သေချာမေးရတော့တယ်

 

“ကဲ .. ငါ့ကိုလည်း နားလည်အောင် ရှင်းပြကြပါဦး .. နင့်ကိုမျိုးချစ်က ဘာလုပ်လို့လဲ”

 

“ဒီလို ရာအိမ်မှူးရေ .. မနက်ကပေါ့ .. !@#$%^&*()”

 

“ဟာ .. အဲ့ဒါတော့ မျိုးချစ်လွန်တာပေါ့ကွာ .. သူ့ခမျာ မပေါ့မပါးကြီးနဲ့ဥစ္စာ .. ပြီးတော့ မင်းကလူရှေ့သူရှေ့မှာပါ သွားလုပ်တော့ ဟိုက ဘယ်ကြိုက်မလဲ”

 

“ကျွန်တော်လည်း သူ့ကိုကြည့်ပြီး ဘယ်လိုမှမနေနိုင်တော့တာနဲ့ လုပ်လိုက်မိတာပါ ရာအိမ်မှူး”

 

“ဟုတ်ပါပြီ .. မင်းမိန်းမကို ချစ်လို့လုပ်တယ်ဆိုတာကို ငါနားလည်ပါတယ် .. ဒါပေမယ့် ပေါက်ကြီးမွေးပြီးမှ လုပ်ချင်လုပ် .. ဟုတ်ပြီလား”

 

“ဟုတ်ကဲ့ပါ ရာအိမ်မှူး .. တပည့်ဆင်ခြင်ပါ့မယ်”

 

“အေး .. မင်းတို့လင်မယားလည်း ဘာမဟုတ်တဲ့ ကိစ္စနဲ့ ရန်ခဏခဏဖြစ်တဲ့အသံ မကြားချင်ဘူး .. နားလည်လား .. ကဲ .. သွားကြတော့”

 

“ဟူးးးးးးးးးးးးးးးးးး ဒီလင်မယားလည်း ပြဿနာတက်စရာမရှိ ပြဿနာရှာ .. ကလိထိုးတဲ့ကိစ္စနဲ့တောင် ရန်ဖြစ်နေကြသေးတယ် .. တကယ်ဆို ဟိုကောင်ကလည်း ကိုယ့်မိန်းမကိုယ်ဝန်ကြီးနဲ့ကို ကလိသွားထိုးရတယ်လို့ ..”

 

“လခွမ်း …………”

 

Credit – OU

Read times Last modified on Wednesday, 19 September 2018 10:45
Rate this item
(1 Vote)
Tagged under