(12.3.2020 မှ 18.3.2020 အထိ) တစ်ပတ်စာ ၇ရက်သားသမီးဟောစာတမ်း

(12.3.2020 မှ 18.3.2020 အထိ) တစ်ပတ်စာ ၇ရက်သားသမီးဟောစာတမ်း google

တနင်္ဂနွေ

ဒီကာလအတွင်းကံဇာတာအထူးကောင်းမွန်သောကာလဖြစ်၍ မှန်ကန်သောဆုံးဖြတ်ချက်များဖြင့် ဘဝ၏ တိုးတတ် မှုများ ရှာဖွေခွင့်ရရှိလိမ့်မည်။

လုပ်ငန်းတွင် ကိုယ်နဲ့တိုက်ရိုက်မဆိုင်တဲ့အခြားသောကိစ္စများ ပူးတွဲလုပ်ကိုင် ဆောင်ရွက်ရမည်။

ခေါင်းစားသောလုပ်ငန်းကိစ္စများ၊ဉာဏအလုပ်များမှ ထူးထူးခြားခြားငွေကြေးအမြတ်အစွန်းများ ရရှိတတ်ပါတယ်။

လုပ်ငန်းရှင်များ ကြီးပွားအောင်မြင်မည့် အကြံဉာဏ်ကောင်းများရှိရင်တော့ လက်တွေ့ဆောင်ရွက် ခြင်းဖြင့် အကျိုးထူးမည်။

အမျိုးမျိုးသော အခွင့်အရေးများစွာအနက်မှမိမိဘဝမြင့်မားတိုးတတ် မည့် အခွင့်အရေး ကောင်းများ ရွေးချယ်နိုင်မည့် အချိန်ကာလဖြစ်ပါတယ်။

ဘာသာရေးကိစ္စများ ထူးခြားစွာ လုပ်ကိုင် ဆောင်ရွက်ရပြီး ဆေးပညာရပ်ပိုင်းဆိုင်ရာ ကိစ္စရပ်များအတွက် အကျိုးရှိဖြစ်ထွန်းမည်။

ငွေကြေးကံကောင်းမွန်၍ ထီကံစမ်းသင့် သည့်ကာလ ဖြစ်ပါတယ်။ အိမ်ထောင်ရှင်များ အိမ်ထောင်ရေးကိစ္စများ အတိုက်အခံရှိသော်လည်း ပြန်လည် သင့် မြတ်မည်။

ချစ်သူများ အနာဂါတ် အချစ်ရေးကိစ္စ များအား လှပစွာ တည်ဆောက် ပုံဖေါ်နိုင်မည်။

ပညာသင်ကြား နေသူများ အခြားသူတို့မရရှိနိုင်သော ကံကောင်းမှုများ တွေ့ကြုံရတတ်သည်။ ကျက်ထားတဲ့စာတွေ စာမေးပွဲမှာ တိုးပါလိမ့်မယ်။

အကျိုးပေးဂဏန်း ၉/၆/၂

အထူးဟော ကံမြင့်မားနေမည်။

ယတြာ ခြေသုတ်ခုံလေး ၂ ခုဘုရားစေတီမှာလှူလိုက်ပါ။

 

တနင်္လာ

ဒီကာလအတွင်းများများတွေးခေါ်ပြီး များများလုပ်ကိုင်လိုသည့်ဆန္ဒများ ကိန်းဝပ်နေတတ်သည်။

လုပ်ငန်း ပိုင်းတွင် ပြဿနာအသေးအဖွဲ့များ ယှဉ်တွဲဖြစ်ပေါ်နေပေမယ့်အဆုံးသတ်ပြေလည် အောင်မြင်မည်။

လုပ်ဖေါ်ကိုင် ဖက်တို့၏အတိုက်အခံပြုမှုကြောင့်အထက်အကြီးအကဲများနှင့်အဆင်မပြေဖြစ်တတ်သည်။

လုပ်ငန်းရှင်များ စိတ်ကူး သစ်၊ အယူအဆသစ်များဖြင့် ဆောင်ရွက်လိုက်ရင်တော့ လုပ်ငန်းကိစ္စများအတွက် အောင်မြင်မှု များရရှိတတ်သည်။

အိမ်ထောင် ရှင်များ မောင်နှမသားချင်းများနှင့် ပတ်သက်ပြီး မိသားစုပဋိပက္ခကြုံမည်။ ချစ်သူများ ကံကောင်းသော အချစ် အားအင်များဖြင့် အနာဂတ်ကို ဖြတ်ကျော်နိုင်မည်။

လူငယ်များ ပြဿနာတွေနဲ့ နီးနီးကပ်ကပ် ရင်ဆိုင်ဖြေရှင်းရ ပါမယ်။ ဒါပေမယ့် ကံကောင်းမှုတွေ တိုက်ဆိုင်ပြီး ပြဿနာတွေ ပြေလည်သွားမယ်။

ရာသီအကူးအပြောင်း အဖျားနဲ့ ပတ်သက်တဲ့ ကျန်းမာရေးအညံ့တွေ ပေါ်ပေါက် တတ်ပါတယ်။ ကိုယ်ပိုင်လုပ်ငန်းမှာ ပြဿနာ အနှောက်အယှက် မကြာခဏ တွေ့ကြုံရတတ်ပါမယ်။

အောင်မြင်နေတဲ့လုပ်ငန်းရှင်တွေပိုသတိထားပါ။ ပညာသင်ကြားနေသူများ ပညာရေးကံဇာတာမျာ မြင့်မားတိုးတတ်၍ အောင်မြင်မှုများ ရယူခွင့် ရှိမည်။

ပညာရေးကောင်းပေမယ့် ဂိမ်း ဆော့တာနဲ့ဖျော်ဖြေရေးကိစ္စတွေကို လုပ်မိရင်စာကိုလစ်ဟင်းသွားတတ်ပါတယ်။

အကျိုးပေးဂဏန်း ၂/၃/၇

အထူးဟော ရန်အတိုက်အခိုက်ကျော်လွှားပြီး စိတ်ချမ်းသာရပါလိမ့်မည်။

ယတြာ နှင်းဆီအဖြူ၇ပွင့်ဘုရားကပ်လှူလိုက်ပါ။

 

အင်္ဂါ

ဒီကာလအတွင်းငွေကြေးရရှိမှုကံကောင်းသော်လည်း အဖက်မတင်သောကာလဖြစ်သည်။ စိတ်ပင်ပန်းဖိစီးမှု များပြားပြီး ဆုံးဖြတ်သုံးသပ်ချက်များအတွက် လွဲချော်မှုများ ယှဉ်တွဲနေရတတ်သည်။

စိတ်ညစ်စရာတွေကိုခေါင်းထဲ ထည့်ထားရင် ဘာမှမလုပ်နိုင် ဖြစ်တတ်ပါတယ်။ logကျနေတဲ့ မိမိအရေးကြီးတဲ့ accountများ ပြန်ဆယ်ယူရတတ်ပါ တယ်။

လုပ်ငန်းတွင် အောင်မြင်မှုများ ရရှိတတ်သော်လည်း ပြင်းထန်သောလုံ့လစိုက်ထုတ်မှုများဖြင့် ကြိုးစားဆောင် ရွက်ရ မည်။

မိသားစု၊ မောင်နှမ သားချင်း အရေးကိစ္စများအတွက်ခေါင်းစားနေရမည်။ အိမ်၊ ခြံမြေကိစ္စများကြောင့် အကျိုးအမြတ်ရရှိမည်။

နိုင်ငံရပ်ခြားဒေသများနှင့် ပတ်သက်၍ လုပ်ငန်းသစ်များ လုပ်ကိုင်ဆောင်ရွက်ရမည်။ မိမိကံ အကောင်း၊ အဆိုး ဒွန်တွဲနေပြီး ငွေကြေး၊ အနှောက်အယှက်ပြဿနာများ သတိပြုပါ။

လုပ်ငန်းရှင်များမိမိလုပ်ငန်း ကိစ္စများတွင် လုပ်ဖေါ်ကိုင်ဖက်များနှင့် ပတ်သက်၍ ငွေကြေးကိစ္စသတိပြုပါ။

ပညာသင်ယူသူများ ပညာရေးမှာ စိတ်လောတာကြောင့်မေးခွန်းတွေမှားဖြေမိတတ်ပါတယ်။မိမိအိမ်ထောင်ဖက်ထံမှ မေတ္တာတရားများ ယခင်ထက် ပိုမိုရရှိမည်။

ချစ်သူများစိတ်သဘောထားတိုက်ဆိုင်မှု ညီညွတ်နေမည်။

အကျိုးပေးဂဏန်း ၁/၃/၈

အထူးဟော ကံအဆိုးတွေရောထွေးပါနေတတ်သည်။

ယတြာ အာလူးနဲ့ဝက်သားရောချက်ပြီး ရဟန်းသံဃာတွေကိုလောင်းလှူလိုက်ပါ။

 

ဗုဒ္ဓဟူး/ရာဟု

ဒီကာလဟာရန် အနှောက်အယှက်မကင်းတဲ့ ကာလတစ်ခုပါပဲ။ လုပ်ငန်းကိစ္စများအတွက် အတိုက်အခံပဋိပက္ခ ပြဿနာစကားများ ပြောဆိုရပြီး အကျိုးအမြတ်နည်းပါးသော ကာလဖြစ်သည်။

မိသားစုအတွင်း လုပ်ငန်းကိစ္စများ အတွက် တိုးတတ်မှုနည်းပါးသည့်အခြေအနေတွင် ရှိနေပြီး ငွေကြေးကြွေးမြီးပြဿနာများ ပေါ်ပေါက်တွေ့ကြုံရ တတ်သည်။

အရေးကြီးသော မိသားစုကိစ္စများအတွက် တာဝန်ဖြေရှင်းပေးရပြီး စိတ်လေလွင့်မှု များပြားနေမည်။

ရည်မှန်းချက်များဖြင့် လက်တွေ့အခြေအနေအရ လွဲချော်နေတတ်ပြီး စီးပွားရေးပိုင်း တိုးတတ်မှုနှေးတာမျိုးကြုံမည်။

ကိုယ်လက်မအီမသာဖြစ်ခြင်းနှင့် ချွေးထွက်လွန်လူနုံးခြင်းတွေနဲ့ ပက်သက်သည့် ကျန်းမာရေးအညံ့များကို အထူး သတိပြုပါ။

သူများကိုအာမခံပေးရင်တော့ ငွေကြေးဆုံးရှုံးမှု များတွေ့ကြုံရတတ်သည်။ လုပ်ငန်းရှင်များ မိမိလုပ်ငန်း ပိုင်းတွင် မျှော်မှန်းသလောက် အဆင်မပြေနိုင်သောကာလ ဖြစ်သည်။

ပညာသင်ယူသူများ လုံ့လစိုက်ထုတ်မှုနည်းပါး သောကြောင့် အရာရာထင်ထားသလောက် အကျိုးမရှိဖြစ်နေမည်။

အိမ်ထောင်ရှင်များ အိမ်ထောင်ရေးသာယာမှု နည်းပါးမည်။ ချစ်သူများ ကြားလူနှောက်ယှက်မှုကြောင့် အဆုံးသက်ပြီးဆုံးမှုဖြစ်စဉ်များ ရင်ဆိုင်ရတတ်သည်။

အကျိုးပေးဂဏန်း ၂/၅/၈

အထူးဟော အပြိုင်အဆိုင်အတိုက်အခံများနေသည်။

ယတြာ ဖီးကြမ်းငှက်ပျောသီးတစ်ဖီး နီးစပ်ရာဘုန်းကြီးကျောင်းကိုလှူလိုက်ပါ။

 

ကြာသပတေး

ဒီကာလအတွင်း ထူးခြားသော တိုးတတ်ပြောင်းလဲ ကြီးပွားမှုများ မိမိနှင့်မိသားစုလက်ဝယ်သို့ရောက်ရှိပြီး ကံကောင်းမှုအမျိုးမျိုးကို ရယူပိုင်ဆိုင်ခွင့် ရှိမည်။

ထီဆုကြီးများပေါက်ခြင်း သို့မဟုတ် ထီပေါက်သကဲ့သို့ ငွေကြေးကံ အထူးကောင်းမွန်သော အခွင့်အရေးများ ရယူဖန်တီးခွင့်ရှိလိမ့်မည်။

ဘုန်းကံဩဇာအရှိန်အဝါ ထူးခြားစွာတိုးတတ် မြင့်မားမည့် ကာလဖြစ်သည်။ အခြားသူတို့ရရှိရန် အခွင့်အရေးကောင်းများ မိမိထံသို့ အလွယ်တကူရောက်ရှိ လာမည်။

မိသားစု၌ လူမှုရေးကိစ္စများအတွက် ငွေကြေးသုံးစွဲကုန်ကျမှုများ များပြားနေတတ်သည်။ ငွေကြေးများ ရရှိသော်လည်း လက်ထဲငွေမမြဲတတ်ပါ။

လုပ်ငန်း၌ကောင်းသော နေရာဌာန အပြောင်းအရွှေကိစ္စများ တွေ့ကြုံနိုင် သည်။ လုပ်ငန်းရှင်များ လုပ်ငန်းပိုင်းအောင်မြင်သော်လည်း ငွေကြေးကိစ္စများအတွက် ခေါင်းခဲနေရမည်။

ပညာသင် ကြားနေသူများ ပညာရေးအထွဋ်အထိပ်သို့ ရောက်ရှိမည့် ကာလအပိုင်းအခြားဖြစ်သည်။ မိမိတို့ကြိုးစားသလောက် အောင်မြင်မှုတွေ ရလာတတ်ပါတယ်။

အိမ်ထောင်ရှင် များ ငွေကြေးကိစ္စများကြောင့် အိမ်တွင်းရေးပြဿနာများ ဖြေ ရှင်းနေရမည်။

ချစ်သူများ အချစ်ရေးကံလန်းနေ၍ အရင်ထက်ပိုမိုသော မေတ္တာတရားများ ရယူပိုင်ဆိုင်ခွင့်ရရှိမည်။

အကျိုးပေးဂဏန်း ၃/၅/၆

အထူးဟော လုပ်ငန်းစီးပွားမှန်းထားသည်ထက်ပိုမိုတိုးတတ်ပါလိမ့်မယ်

ယတြာ စံပယ်ပန်း တစ်ကုံးဘုရားလှူပေးလိုက်ပါ။

 

သောကြာ

ဒီကာလအတွင်း စိတ်ပင်ပန်း၊ လူပင်ပန်းဖြင့် ဗျာများနေရသော ကာလဖြစ်သည်။ မိမိကြံစည်ကြိုးပမ်းမှု ကြောင့် ပြည့်ဝအောင် မြင်မှုများ ရရှိသော်လည်း စိတ်ပူပန်မှုများ ယှဉ်တွဲနေရမည်။

အဓိကတော့အောက်လက် ငယ်သားတွေက ထင်သလောက် အားမကိုးရတတ်ပါဘူး။ စာရင်းဇယားတွေနဲ့ပက်သက်ပြီးသေသေသပ်သပ် လုပ်ကိုင် ဆောင်ရွက်ပါ။

လုပ်ငန်းကိစ္စအမျိုးမျိုးအား ဆောင်ရွက်ရန်အတွက် အခွင့်အရေးသစ်များ တွေ့ကြုံပေါ် ပေါက် လာမည်။ နိုင်ငံရပ်ခြားနှင့်ပတ်သက်သော ကိစ္စရပ်များအတွက် အတိုက်အခံကြုံမည်။

ကျန်းမာရေးပိုင်း အသေးအဖွဲ့ အညံ့ရှိတတ်ပါတယ်။ ခရီးသွားလာမှုအတွက် စိတ်အနှောက်အယှက် များ ဖြစ်တတ်သည်။

ခရီးသွားပြီးလုပ်ကိုင် ရတဲ့အလုပ်တွေအဆင်မပြေဖြစ်တတ်ပါတယ်။

ကံအသင့်အတင့် ကောင်းမွန်သော ကာလဖြစ်သော်လည်း မိမိရည်မှန်းချက်ပန်းတိုင် ရောက်ရှိရန်အတွက် လိုအပ်သည်ထက် ပိုမိုလုံ့လ စိုက်ထုတ် ကြိုးပမ်းရမည်။

လုပ်ငန်းရှင်များ ပုံမှန်လည်ပတ်နိုင်ပြီးအဆက်အသွယ်သစ်များ ရရှိမည်။ ပညာသင်ယူသူများဖြေးဖြေးနှင့်မှန်မှန်မိမိကြိုးပမ်းမှု အဆင် ပြေ အောင်မြင် လာမည်။

အိမ်ထောင်ရှင်များ အိမ်ထောင်မှုတာဝန် ဝတ္တရားများအတွက် စိတ်ဖိစီးမှုများပြားနေတတ် သည်။

ချစ်သူများ မိသားစုအရေးကိစ္စများကြောင့် စကားပြောအဆင်မပြေဖြစ်ရတတ်သည်။

အကျိုးပေးဂဏန်း ၄/ဝ/၈

အထူးဟော အလုပ်များနေတတ်ပါတယ်။

ယတြာ ထန်းလျက် ၁၁လုံးဘုရားကပ်ပါ။

 

စနေ

ဒီကာလအတွင်း ပြဿနာ အနှောက်အယှက်များကြား စိတ်ညစ်ရသောကာလဖြစ်သည်။ မိမိကိုယ်တိုင် ပြဿနာ ဖန်တီးလိုမှု များအထူးသတိပြုရှောင်ကြဉ်ပါ။

ရွှေရတနာအသုံးအဆောင်ပစ္စည်းကောင်းများပျောက်ရှ ပျက်စီးဆုံးရှုံး တတ်သည့်ကာလဖြစ်သည်။

နိုင်ငံရပ်ခြားခရီး၊ ခရီးဝေးများ သွားလာရတတ်ပြီး ခရီးဝေးသွားလိုစိတ်များ ပြင်းထန် နေတတ်သည်။

လုပ်ငန်းရှင်များ မိမိယူဆသုံးသပ်ချက်များ လွဲချော်နေတတ်ပြီး ငွေကြေးကိစ္စ အနှောက် အယှက်ကြုံ မည်။

လုပ်ငန်းပိုင်း ဆက်လက်တိုးတတ်မြင့်မားပြီး ငွေကြေးအကျိုး ရှိသော်လည်း ပြဿနာများကြောင့် ဆုံးရှုံးမှုများ ပေါ်ပေါက်တွေ့ကြုံလာတတ်သည်။

အိမ်၊ ခြံ၊ မြေ၊ ယာဉ်တို့နှင့် ပတ်သက်၍ ပြဿနာအနှောက်အယှက်ကြုံမည်။

ဝန်ထမ်းတာဝန်ထမ်းရွက်နေသူများ အမှုပြဿနာများကြောင့် နေရာဌာန အပြောင်းအရွှေ့များ ကြုံတွေ့ရတတ်သည်။

ပညာသင်ကြားနေသူများ ပညာရေးကံမြင့်မားတိုးတတ်မည်။ မိမိကျက်ထားတာတွေ စာမေးပွဲမှာတိုးပါလိမ့်မယ်။

အိမ်ထောင်ရှင်များ စိတ်လိုက် မာန်ပါ ဆောင်ရွက်မှု ကြောင့် အိမ်ထောင်ရေး ပဋိပက္ခများ တွေ့ကြုံရတတ်သည်။

ချစ်သူများ အချစ်ရေးကံတိုးတက်လန်း ဆန်း သော ကာလဖြစ်ပါတယ်။

အကျိုးပေးဂဏန်း ၁/၅/၇

အထူးဟော အိပ်ရေးပျက်မခံလိုက်ပါနဲ့။ ကျန်းမာရေးညံ့သွားတတ်သည်။

ယတြာ ပေါက်ပေါက်ဆုပ်ဘုရားကပ်လှူလိုက်ပါ။

၇ရက်သားသမီးအပေါင်း ကောင်းသောလိုအင်ဆန္ဒတွေပြည့်ဝပါစေ ဆရာငြိမ်းအေးလူ(ဗေဒင်သုတေသီ)

0977 5555 695 / 09 44 5555 695

Fashion Designer ဖက်ရှင်ဒီဇိုင်နာ ၄၁၅ ယောက်ကိုရှာရန်နှိပ်ပါ။

 

Zawgyi ျဖင့္ဖတ္ရန္...

တနဂၤေႏြ

ဒီကာလအတြင္းကံဇာတာအထူးေကာင္းမြန္ေသာကာလျဖစ္၍ မွန္ကန္ေသာဆုံးျဖတ္ခ်က္မ်ားျဖင့္ ဘဝ၏ တိုးတတ္ မႈမ်ား ရွာေဖြခြင့္ရရွိလိမ့္မည္။

လုပ္ငန္းတြင္ ကိုယ္နဲ႔တိုက္႐ိုက္မဆိုင္တဲ့အျခားေသာကိစၥမ်ား ပူးတြဲလုပ္ကိုင္ ေဆာင္႐ြက္ရမည္။

ေခါင္းစားေသာလုပ္ငန္းကိစၥမ်ား၊ဉာဏအလုပ္မ်ားမွ ထူးထူးျခားျခားေငြေၾကးအျမတ္အစြန္းမ်ား ရရွိတတ္ပါတယ္။

လုပ္ငန္းရွင္မ်ား ႀကီးပြားေအာင္ျမင္မည့္ အႀကံဉာဏ္ေကာင္းမ်ားရွိရင္ေတာ့ လက္ေတြ႕ေဆာင္႐ြက္ ျခင္းျဖင့္ အက်ိဳးထူးမည္။

အမ်ိဳးမ်ိဳးေသာ အခြင့္အေရးမ်ားစြာအနက္မွမိမိဘဝျမင့္မားတိုးတတ္ မည့္ အခြင့္အေရး ေကာင္းမ်ား ေ႐ြးခ်ယ္ႏိုင္မည့္ အခ်ိန္ကာလျဖစ္ပါတယ္။

ဘာသာေရးကိစၥမ်ား ထူးျခားစြာ လုပ္ကိုင္ ေဆာင္႐ြက္ရၿပီး ေဆးပညာရပ္ပိုင္းဆိုင္ရာ ကိစၥရပ္မ်ားအတြက္ အက်ိဳးရွိျဖစ္ထြန္းမည္။

ေငြေၾကးကံေကာင္းမြန္၍ ထီကံစမ္းသင့္ သည့္ကာလ ျဖစ္ပါတယ္။ အိမ္ေထာင္ရွင္မ်ား အိမ္ေထာင္ေရးကိစၥမ်ား အတိုက္အခံရွိေသာ္လည္း ျပန္လည္ သင့္ ျမတ္မည္။

ခ်စ္သူမ်ား အနာဂါတ္ အခ်စ္ေရးကိစၥ မ်ားအား လွပစြာ တည္ေဆာက္ ပုံေဖၚႏိုင္မည္။

ပညာသင္ၾကား ေနသူမ်ား အျခားသူတို႔မရရွိႏိုင္ေသာ ကံေကာင္းမႈမ်ား ေတြ႕ႀကဳံရတတ္သည္။ က်က္ထားတဲ့စာေတြ စာေမးပြဲမွာ တိုးပါလိမ့္မယ္။

အက်ိဳးေပးဂဏန္း ၉/၆/၂

အထူးေဟာ ကံျမင့္မားေနမည္။

ယၾတာ ေျခသုတ္ခုံေလး ၂ ခုဘုရားေစတီမွာလႉလိုက္ပါ။

 

တနလၤာ

ဒီကာလအတြင္းမ်ားမ်ားေတြးေခၚၿပီး မ်ားမ်ားလုပ္ကိုင္လိုသည့္ဆႏၵမ်ား ကိန္းဝပ္ေနတတ္သည္။

လုပ္ငန္း ပိုင္းတြင္ ျပႆနာအေသးအဖြဲ႕မ်ား ယွဥ္တြဲျဖစ္ေပၚေနေပမယ့္အဆုံးသတ္ေျပလည္ ေအာင္ျမင္မည္။

လုပ္ေဖၚကိုင္ ဖက္တို႔၏အတိုက္အခံျပဳမႈေၾကာင့္အထက္အႀကီးအကဲမ်ားႏွင့္အဆင္မေျပျဖစ္တတ္သည္။

လုပ္ငန္းရွင္မ်ား စိတ္ကူး သစ္၊ အယူအဆသစ္မ်ားျဖင့္ ေဆာင္႐ြက္လိုက္ရင္ေတာ့ လုပ္ငန္းကိစၥမ်ားအတြက္ ေအာင္ျမင္မႈ မ်ားရရွိတတ္သည္။

အိမ္ေထာင္ ရွင္မ်ား ေမာင္ႏွမသားခ်င္းမ်ားႏွင့္ ပတ္သက္ၿပီး မိသားစုပဋိပကၡႀကဳံမည္။ ခ်စ္သူမ်ား ကံေကာင္းေသာ အခ်စ္ အားအင္မ်ားျဖင့္ အနာဂတ္ကို ျဖတ္ေက်ာ္ႏိုင္မည္။

လူငယ္မ်ား ျပႆနာေတြနဲ႔ နီးနီးကပ္ကပ္ ရင္ဆိုင္ေျဖရွင္းရ ပါမယ္။ ဒါေပမယ့္ ကံေကာင္းမႈေတြ တိုက္ဆိုင္ၿပီး ျပႆနာေတြ ေျပလည္သြားမယ္။

ရာသီအကူးအေျပာင္း အဖ်ားနဲ႔ ပတ္သက္တဲ့ က်န္းမာေရးအညံ့ေတြ ေပၚေပါက္ တတ္ပါတယ္။ ကိုယ္ပိုင္လုပ္ငန္းမွာ ျပႆနာ အေႏွာက္အယွက္ မၾကာခဏ ေတြ႕ႀကဳံရတတ္ပါမယ္။

ေအာင္ျမင္ေနတဲ့လုပ္ငန္းရွင္ေတြပိုသတိထားပါ။ ပညာသင္ၾကားေနသူမ်ား ပညာေရးကံဇာတာမ်ာ ျမင့္မားတိုးတတ္၍ ေအာင္ျမင္မႈမ်ား ရယူခြင့္ ရွိမည္။

ပညာေရးေကာင္းေပမယ့္ ဂိမ္း ေဆာ့တာနဲ႔ေဖ်ာ္ေျဖေရးကိစၥေတြကို လုပ္မိရင္စာကိုလစ္ဟင္းသြားတတ္ပါတယ္။

အက်ိဳးေပးဂဏန္း ၂/၃/၇

အထူးေဟာ ရန္အတိုက္အခိုက္ေက်ာ္လႊားၿပီး စိတ္ခ်မ္းသာရပါလိမ့္မည္။

ယၾတာ ႏွင္းဆီအျဖဴ၇ပြင့္ဘုရားကပ္လႉလိုက္ပါ။

 

အဂၤါ

ဒီကာလအတြင္းေငြေၾကးရရွိမႈကံေကာင္းေသာ္လည္း အဖက္မတင္ေသာကာလျဖစ္သည္။ စိတ္ပင္ပန္းဖိစီးမႈ မ်ားျပားၿပီး ဆုံးျဖတ္သုံးသပ္ခ်က္မ်ားအတြက္ လြဲေခ်ာ္မႈမ်ား ယွဥ္တြဲေနရတတ္သည္။

စိတ္ညစ္စရာေတြကိုေခါင္းထဲ ထည့္ထားရင္ ဘာမွမလုပ္ႏိုင္ ျဖစ္တတ္ပါတယ္။ logက်ေနတဲ့ မိမိအေရးႀကီးတဲ့ accountမ်ား ျပန္ဆယ္ယူရတတ္ပါ တယ္။

လုပ္ငန္းတြင္ ေအာင္ျမင္မႈမ်ား ရရွိတတ္ေသာ္လည္း ျပင္းထန္ေသာလုံ႔လစိုက္ထုတ္မႈမ်ားျဖင့္ ႀကိဳးစားေဆာင္ ႐ြက္ရ မည္။

မိသားစု၊ ေမာင္ႏွမ သားခ်င္း အေရးကိစၥမ်ားအတြက္ေခါင္းစားေနရမည္။ အိမ္၊ ၿခံေျမကိစၥမ်ားေၾကာင့္ အက်ိဳးအျမတ္ရရွိမည္။

ႏိုင္ငံရပ္ျခားေဒသမ်ားႏွင့္ ပတ္သက္၍ လုပ္ငန္းသစ္မ်ား လုပ္ကိုင္ေဆာင္႐ြက္ရမည္။ မိမိကံ အေကာင္း၊ အဆိုး ဒြန္တြဲေနၿပီး ေငြေၾကး၊ အေႏွာက္အယွက္ျပႆနာမ်ား သတိျပဳပါ။

လုပ္ငန္းရွင္မ်ားမိမိလုပ္ငန္း ကိစၥမ်ားတြင္ လုပ္ေဖၚကိုင္ဖက္မ်ားႏွင့္ ပတ္သက္၍ ေငြေၾကးကိစၥသတိျပဳပါ။

ပညာသင္ယူသူမ်ား ပညာေရးမွာ စိတ္ေလာတာေၾကာင့္ေမးခြန္းေတြမွားေျဖမိတတ္ပါတယ္။မိမိအိမ္ေထာင္ဖက္ထံမွ ေမတၱာတရားမ်ား ယခင္ထက္ ပိုမိုရရွိမည္။

ခ်စ္သူမ်ားစိတ္သေဘာထားတိုက္ဆိုင္မႈ ညီၫြတ္ေနမည္။

အက်ိဳးေပးဂဏန္း ၁/၃/၈

အထူးေဟာ ကံအဆိုးေတြေရာေထြးပါေနတတ္သည္။

ယၾတာ အာလူးနဲ႔ဝက္သားေရာခ်က္ၿပီး ရဟန္းသံဃာေတြကိုေလာင္းလႉလိုက္ပါ။

 

ဗုဒၶဟူး/ရာဟု

ဒီကာလဟာရန္ အေႏွာက္အယွက္မကင္းတဲ့ ကာလတစ္ခုပါပဲ။ လုပ္ငန္းကိစၥမ်ားအတြက္ အတိုက္အခံပဋိပကၡ ျပႆနာစကားမ်ား ေျပာဆိုရၿပီး အက်ိဳးအျမတ္နည္းပါးေသာ ကာလျဖစ္သည္။

မိသားစုအတြင္း လုပ္ငန္းကိစၥမ်ား အတြက္ တိုးတတ္မႈနည္းပါးသည့္အေျခအေနတြင္ ရွိေနၿပီး ေငြေၾကးေႂကြးၿမီးျပႆနာမ်ား ေပၚေပါက္ေတြ႕ႀကဳံရ တတ္သည္။

အေရးႀကီးေသာ မိသားစုကိစၥမ်ားအတြက္ တာဝန္ေျဖရွင္းေပးရၿပီး စိတ္ေလလြင့္မႈ မ်ားျပားေနမည္။

ရည္မွန္းခ်က္မ်ားျဖင့္ လက္ေတြ႕အေျခအေနအရ လြဲေခ်ာ္ေနတတ္ၿပီး စီးပြားေရးပိုင္း တိုးတတ္မႈေႏွးတာမ်ိဳးႀကဳံမည္။

ကိုယ္လက္မအီမသာျဖစ္ျခင္းႏွင့္ ေခြၽးထြက္လြန္လူႏုံးျခင္းေတြနဲ႔ ပက္သက္သည့္ က်န္းမာေရးအညံ့မ်ားကို အထူး သတိျပဳပါ။

သူမ်ားကိုအာမခံေပးရင္ေတာ့ ေငြေၾကးဆုံးရႈံးမႈ မ်ားေတြ႕ႀကဳံရတတ္သည္။ လုပ္ငန္းရွင္မ်ား မိမိလုပ္ငန္း ပိုင္းတြင္ ေမွ်ာ္မွန္းသေလာက္ အဆင္မေျပႏိုင္ေသာကာလ ျဖစ္သည္။

ပညာသင္ယူသူမ်ား လုံ႔လစိုက္ထုတ္မႈနည္းပါး ေသာေၾကာင့္ အရာရာထင္ထားသေလာက္ အက်ိဳးမရွိျဖစ္ေနမည္။

အိမ္ေထာင္ရွင္မ်ား အိမ္ေထာင္ေရးသာယာမႈ နည္းပါးမည္။ ခ်စ္သူမ်ား ၾကားလူေႏွာက္ယွက္မႈေၾကာင့္ အဆုံးသက္ၿပီးဆုံးမႈျဖစ္စဥ္မ်ား ရင္ဆိုင္ရတတ္သည္။

အက်ိဳးေပးဂဏန္း ၂/၅/၈

အထူးေဟာ အၿပိဳင္အဆိုင္အတိုက္အခံမ်ားေနသည္။

ယၾတာ ဖီးၾကမ္းငွက္ေပ်ာသီးတစ္ဖီး နီးစပ္ရာဘုန္းႀကီးေက်ာင္းကိုလႉလိုက္ပါ။

 

ၾကာသပေတး

ဒီကာလအတြင္း ထူးျခားေသာ တိုးတတ္ေျပာင္းလဲ ႀကီးပြားမႈမ်ား မိမိႏွင့္မိသားစုလက္ဝယ္သို႔ေရာက္ရွိၿပီး ကံေကာင္းမႈအမ်ိဳးမ်ိဳးကို ရယူပိုင္ဆိုင္ခြင့္ ရွိမည္။

ထီဆုႀကီးမ်ားေပါက္ျခင္း သို႔မဟုတ္ ထီေပါက္သကဲ့သို႔ ေငြေၾကးကံ အထူးေကာင္းမြန္ေသာ အခြင့္အေရးမ်ား ရယူဖန္တီးခြင့္ရွိလိမ့္မည္။

ဘုန္းကံဩဇာအရွိန္အဝါ ထူးျခားစြာတိုးတတ္ ျမင့္မားမည့္ ကာလျဖစ္သည္။ အျခားသူတို႔ရရွိရန္ အခြင့္အေရးေကာင္းမ်ား မိမိထံသို႔ အလြယ္တကူေရာက္ရွိ လာမည္။

မိသားစု၌ လူမႈေရးကိစၥမ်ားအတြက္ ေငြေၾကးသုံးစြဲကုန္က်မႈမ်ား မ်ားျပားေနတတ္သည္။ ေငြေၾကးမ်ား ရရွိေသာ္လည္း လက္ထဲေငြမၿမဲတတ္ပါ။

လုပ္ငန္း၌ေကာင္းေသာ ေနရာဌာန အေျပာင္းအေ႐ႊကိစၥမ်ား ေတြ႕ႀကဳံႏိုင္ သည္။ လုပ္ငန္းရွင္မ်ား လုပ္ငန္းပိုင္းေအာင္ျမင္ေသာ္လည္း ေငြေၾကးကိစၥမ်ားအတြက္ ေခါင္းခဲေနရမည္။

ပညာသင္ ၾကားေနသူမ်ား ပညာေရးအထြဋ္အထိပ္သို႔ ေရာက္ရွိမည့္ ကာလအပိုင္းအျခားျဖစ္သည္။ မိမိတို႔ႀကိဳးစားသေလာက္ ေအာင္ျမင္မႈေတြ ရလာတတ္ပါတယ္။

အိမ္ေထာင္ရွင္ မ်ား ေငြေၾကးကိစၥမ်ားေၾကာင့္ အိမ္တြင္းေရးျပႆနာမ်ား ေျဖ ရွင္းေနရမည္။

ခ်စ္သူမ်ား အခ်စ္ေရးကံလန္းေန၍ အရင္ထက္ပိုမိုေသာ ေမတၱာတရားမ်ား ရယူပိုင္ဆိုင္ခြင့္ရရွိမည္။

အက်ိဳးေပးဂဏန္း ၃/၅/၆

အထူးေဟာ လုပ္ငန္းစီးပြားမွန္းထားသည္ထက္ပိုမိုတိုးတတ္ပါလိမ့္မယ္

ယၾတာ စံပယ္ပန္း တစ္ကုံးဘုရားလႉေပးလိုက္ပါ။

 

ေသာၾကာ

ဒီကာလအတြင္း စိတ္ပင္ပန္း၊ လူပင္ပန္းျဖင့္ ဗ်ာမ်ားေနရေသာ ကာလျဖစ္သည္။ မိမိႀကံစည္ႀကိဳးပမ္းမႈ ေၾကာင့္ ျပည့္ဝေအာင္ ျမင္မႈမ်ား ရရွိေသာ္လည္း စိတ္ပူပန္မႈမ်ား ယွဥ္တြဲေနရမည္။

အဓိကေတာ့ေအာက္လက္ ငယ္သားေတြက ထင္သေလာက္ အားမကိုးရတတ္ပါဘူး။ စာရင္းဇယားေတြနဲ႔ပက္သက္ၿပီးေသေသသပ္သပ္ လုပ္ကိုင္ ေဆာင္႐ြက္ပါ။

လုပ္ငန္းကိစၥအမ်ိဳးမ်ိဳးအား ေဆာင္႐ြက္ရန္အတြက္ အခြင့္အေရးသစ္မ်ား ေတြ႕ႀကဳံေပၚ ေပါက္ လာမည္။ ႏိုင္ငံရပ္ျခားႏွင့္ပတ္သက္ေသာ ကိစၥရပ္မ်ားအတြက္ အတိုက္အခံႀကဳံမည္။

က်န္းမာေရးပိုင္း အေသးအဖြဲ႕ အညံ့ရွိတတ္ပါတယ္။ ခရီးသြားလာမႈအတြက္ စိတ္အေႏွာက္အယွက္ မ်ား ျဖစ္တတ္သည္။

ခရီးသြားၿပီးလုပ္ကိုင္ ရတဲ့အလုပ္ေတြအဆင္မေျပျဖစ္တတ္ပါတယ္။

ကံအသင့္အတင့္ ေကာင္းမြန္ေသာ ကာလျဖစ္ေသာ္လည္း မိမိရည္မွန္းခ်က္ပန္းတိုင္ ေရာက္ရွိရန္အတြက္ လိုအပ္သည္ထက္ ပိုမိုလုံ႔လ စိုက္ထုတ္ ႀကိဳးပမ္းရမည္။

လုပ္ငန္းရွင္မ်ား ပုံမွန္လည္ပတ္ႏိုင္ၿပီးအဆက္အသြယ္သစ္မ်ား ရရွိမည္။ ပညာသင္ယူသူမ်ားေျဖးေျဖးႏွင့္မွန္မွန္မိမိႀကိဳးပမ္းမႈ အဆင္ ေျပ ေအာင္ျမင္ လာမည္။

အိမ္ေထာင္ရွင္မ်ား အိမ္ေထာင္မႈတာဝန္ ဝတၱရားမ်ားအတြက္ စိတ္ဖိစီးမႈမ်ားျပားေနတတ္ သည္။

ခ်စ္သူမ်ား မိသားစုအေရးကိစၥမ်ားေၾကာင့္ စကားေျပာအဆင္မေျပျဖစ္ရတတ္သည္။
အက်ိဳးေပးဂဏန္း ၄/ဝ/၈

အထူးေဟာ အလုပ္မ်ားေနတတ္ပါတယ္။

ယၾတာ ထန္းလ်က္ ၁၁လုံးဘုရားကပ္ပါ။

 

စေန

ဒီကာလအတြင္း ျပႆနာ အေႏွာက္အယွက္မ်ားၾကား စိတ္ညစ္ရေသာကာလျဖစ္သည္။ မိမိကိုယ္တိုင္ ျပႆနာ ဖန္တီးလိုမႈ မ်ားအထူးသတိျပဳေရွာင္ၾကဥ္ပါ။

ေ႐ႊရတနာအသုံးအေဆာင္ပစၥည္းေကာင္းမ်ားေပ်ာက္ရွ ပ်က္စီးဆုံးရႈံး တတ္သည့္ကာလျဖစ္သည္။

ႏိုင္ငံရပ္ျခားခရီး၊ ခရီးေဝးမ်ား သြားလာရတတ္ၿပီး ခရီးေဝးသြားလိုစိတ္မ်ား ျပင္းထန္ ေနတတ္သည္။

လုပ္ငန္းရွင္မ်ား မိမိယူဆသုံးသပ္ခ်က္မ်ား လြဲေခ်ာ္ေနတတ္ၿပီး ေငြေၾကးကိစၥ အေႏွာက္ အယွက္ႀကဳံ မည္။

လုပ္ငန္းပိုင္း ဆက္လက္တိုးတတ္ျမင့္မားၿပီး ေငြေၾကးအက်ိဳး ရွိေသာ္လည္း ျပႆနာမ်ားေၾကာင့္ ဆုံးရႈံးမႈမ်ား ေပၚေပါက္ေတြ႕ႀကဳံလာတတ္သည္။

အိမ္၊ ၿခံ၊ ေျမ၊ ယာဥ္တို႔ႏွင့္ ပတ္သက္၍ ျပႆနာအေႏွာက္အယွက္ႀကဳံမည္။

ဝန္ထမ္းတာဝန္ထမ္း႐ြက္ေနသူမ်ား အမႈျပႆနာမ်ားေၾကာင့္ ေနရာဌာန အေျပာင္းအေ႐ႊ႕မ်ား ႀကဳံေတြ႕ရတတ္သည္။

ပညာသင္ၾကားေနသူမ်ား ပညာေရးကံျမင့္မားတိုးတတ္မည္။ မိမိက်က္ထားတာေတြ စာေမးပြဲမွာတိုးပါလိမ့္မယ္။

အိမ္ေထာင္ရွင္မ်ား စိတ္လိုက္ မာန္ပါ ေဆာင္႐ြက္မႈ ေၾကာင့္ အိမ္ေထာင္ေရး ပဋိပကၡမ်ား ေတြ႕ႀကဳံရတတ္သည္။

ခ်စ္သူမ်ား အခ်စ္ေရးကံတိုးတက္လန္း ဆန္း ေသာ ကာလျဖစ္ပါတယ္။

အက်ိဳးေပးဂဏန္း ၁/၅/၇

အထူးေဟာ အိပ္ေရးပ်က္မခံလိုက္ပါနဲ႔။ က်န္းမာေရးညံ့သြားတတ္သည္။

ယၾတာ ေပါက္ေပါက္ဆုပ္ဘုရားကပ္လႉလိုက္ပါ။

၇ရက္သားသမီးအေပါင္း ေကာင္းေသာလိုအင္ဆႏၵေတြျပည့္ဝပါေစ ဆရာၿငိမ္းေအးလူ(ေဗဒင္သုေတသီ)

0977 5555 695 / 09 44 5555 695

Fashion Designer ဖက္ရွင္ဒီဇိုင္နာ ၄၁၅ ေယာက္ကိုရွာရန္နွိပ္ပါ။

 

Myanmar Wedding Guide

 

1we

Read times
Rate this item
(0 votes)
Tagged under