ရာသီခွင်အလိုက်ချစ်သူနဲ့ပြတ်ဆဲရခြင်းအကြောင်းအရင်း အပိုင်း (၁)

ရာသီခွင်အလိုက်ချစ်သူနဲ့ပြတ်ဆဲရခြင်းအကြောင်းအရင်း အပိုင်း (၁) google

relationship ကိုစတင်ရပ်ဆဲသူအများစုမှာ ကိုယ်ကိုတိုင်မသိနိုင်ပေမဲ့ ရာသီခွင်အလိုက်တူညီတဲ့ လိုအင်မပြည့်မှုတွေရှိပါတယ်။

 

 

(၁) Aries (March 21 - April 19)

 

 

သင့်ချစ်သူက မိဿရာသီဖွားဆိုရင် သူ့ကို မျက်စိအောက်ကအပျောက်မခံနိုင်ပဲ တောက်တဲ့ကပ်သလိုတွယ်ကပ်ခံရတာမျိုးကို သည်းမခံနိုင်ပါဘူး။


ဒီရာသီဖွားတွေက လုံးဝကို အချုပ်အချယ်ကင်းပြီး လွတ်လပ်တာမျိုးကို နှစ်သက်ကြသူတွေပါ။


relationship ရှိပေမဲ့လည်း ကိုယ်ပိုင်လွတ်လပ်မှုကို တန်ဖိုးထားမြတ်နိုးသူတွေဖြစ်တဲ့ အတွက် သူ့ကို ချုပ်ချယ်မွန်းကြပ်စေတာမျိုးကို သည်းခံမှာမဟုတ်ပါဘူး။

 

သင့်အချစ်ကြောင့် မွန်းကြပ်စေတာကို သိရင်တောင် လက်မခံနိုင်ကြပါဘူး။

 

 

 

(၂) Taurus (April 20 - May 20)

 

 

ပြိဿရာသီဖွားချစ်သူ ဆိုရင်တော့ ဂုဏ်သိက္ခာကို ရှေ့တန်းတင်သူဖြစ်ပြီး သူကိုယ်တိုင်အတွက် မြင့်မားတဲ့ စံသတ်မှတ်ချက်တွေရှိတာကြောင့် သူ့ကို မလေးမစားပြုသူမှန်သမျှကို သူ့ဘဝထဲက ထုတ်ပစ်တတ်ကြပါတယ်။


သူက သင့်ကို ဘယ်လောက်ထိပဲ ချစ်ချစ် သူ့ကို မလေးမစားဆက်ဆံတဲ့ ချစ်သူကိုတော့ ဘဝထဲက အပြီိးအပိုင်ထုတ်ပစ်ဖို့ ဝန်မလေးတတ်ကြပါဘူး။ သင်က သူ့ကို စနောက်ပြီးတော့ မလေးမစားလုပ်မိရင်တောင် လက်မခံနိုင်ကြပါဘူး။

 

 

 

(၃) Gemini (May 21 - June 20)

 

 

ချစ်သူက မေထုန်ရာသီဖွား ဆိုရင်တော့ ဆိုရှယ်ကျတာကို နှစ်သက်သူ လူအများနဲ့ ပြောဆိုဆက်ဆံရတာကို နှစ်သက်ပြီး အပေါင်းအသင်းဝင်ဆံ့တာမျိုးကို ကြိုက်နှစ်သက်သူဖြစ်တဲ့ အတွက်


သင်က anti-social သမား၊ လူတွေနဲ့မရောပဲ တစ်သီးတစ်သန့်နေရတတ်တဲ့ သူမျိုးဆိုရင်တော့ သင်နဲ့ရေရှည်မှာ အဆင်ပြေနိုင်မှာ မဟုတ်ပါဘူး။


မဖော်ရွေတတ်သူ၊ သူနဲ့အတူ သွားသွားလာလာ အတူမရှိပေးနိုင်တဲ့ လူမျိုးဆိုရင်တော့ ကြာလာရင် သင့်ကို စိတ်ကုန်သွားတာမျိုးဖြစ်နိုင်ပါတယ်။

 

 

 

(၄) Cancer ( June 21 - July 22)

 

 

သင့်ချစ်သူက ကရကဋ်ရာသီဖွားဆိုရင် သူက သင်ကတစ်သီးတစ်သန့်နေပြီး သူကို မပြောဆိုပဲ လျို့ဝှက်ထားတာမျိုး၊ ထိန်ချန်ထားတာမျိုးကို မကြိုက်ပါဘူး။


စိတ်ခံစားလွယ်သူတစ်ယောက်ဖြစ်တဲ့ အတွက် သူ့ရဲ့ခက်ခဲတဲ့ အချိန်မျိုးမှာ သင်နဲ့တူတူ စကားတွေပြောပြီးဆွေးနွေးတိုင်ပင်ချင်သူပါ။


ဒါကြောင့် သင်က သူ့ကို လျှိုထားတာမျိုး၊ ပွင့်ပွင့်လင်းလင်း မရှိတာမျိုးဆိုရင် သူတို့လိုချင်တဲ့ နက်နဲတဲ့ စိတ်ခံစားချက်ဆက်နွယ်မှုမျိုးမရတဲ့ အခါ သင့်ကို ထားခဲ့နိုင်ပါတယ်။

 

Source- Chelmoteam 

 

Myanmar Wedding Guide 

 

 

Wedding banner design 03 1

Read times Last modified on Thursday, 18 July 2019 15:42
Rate this item
(2 votes)
Tagged under