မိန်းမတစ်ယောက် ယောင်္ကျားတစ်ယောက်ကို အရှူးအမူးချစ်သွားရင်

မိန်းမတစ်ယောက် ယောင်္ကျားတစ်ယောက်ကို အရှူးအမူးချစ်သွားရင် google

အမျိုးသမီးတစ်ယောက်ဟာ အမျိုးသားတစ်ယောက်ကို သိပ်ချစ်မိသွားပြီဆိုရင်

သူမရဲ့အတွေးတွေက သူ့ဆီမှာပဲရစ်ဝဲနေမယ်။သူ့ကိုဘယ်လောက် ပျော်အောင်လုပ်ပေးလိုက်လို့ သူဘယ်လောက်ကျေနပ်သွားတယ်ဆိုတာက သူမရဲ့ထိုက်တန်မှုပဲလို့ ခံစားနေရမယ်။

 

အမျိုးသမီး တော်တော်များများက အမျိုးသားတစ်ယောက်ကို ချစ်မိပြီဆိုရင် မျက်စိမှိတ် ခေါင်းငြိမ့်၊ ထာဝရ ပေးဆပ်ပြီး ချစ်တတ်ကြပါတယ်။သူမ ပေးဆပ်လိုက်တဲ့ ကိစ္စတိုင်းအတွက် အသိအမှတ်ပြုခံချင်တဲ့ စိတ်နဲ့ မျှော်လင့်တောင့်တ နေသူတွေပါ။

 

အမျိုးသမီးတွေမှာ ပေးလို့မကုန်တဲ့ အချစ်တွေ ရှိနေပုံရပါတယ်။ ဒါပေမဲ့လည်း သူတို့ကိုယ်သူတို့ ကျတော့ နည်းနည်းပဲချစ်ကြတယ်။အဆိုးဆုံးက သူမရဲ့ သူငယ်ချင်းတွေနဲ့ ရှိရမယ့် ကိုယ်ပိုင်ချိန်တွေကို ငြင်းပယ်စတေးခြင်းပါပဲ။ သူ့နားမှာ မရှိတဲ့အချိန်ကြာသွားရင် မယုံမကြည်ဖြစ်မှာဆိုးလို့၊ သူလွမ်းနေမှာဆိုးလို့ ဆိုတဲ့ အကြောင်းပြချက်တွေနဲ့ပေါ့။ သူနဲ့အဆင်မပြေဖြစ်တဲ့အခါမျိုးမှာ သူငယ်ချင်းကောင်းတွေအကြံဉာဏ်အထောက်အပံ့ကောင်းတွေပေးတတ်တယ်ဆိုတာကို မမေ့ပါနဲ့။

 

သူ့မရဲ့ ရည်မှန်းချက်ပန်းတိုင်တွေက အဆုံးသတ်မှာ သူမအတွက်ပိုကောင်းလိမ့်မယ်ဆိုတဲ့ ယူဆချက်ကြောင့် သူမရဲ့ အလုပ်ရွေးတာ၊ ပညာရေးနဲ့ပတ်သက်တဲ့ အခွင့်အလမ်းရတာ၊ ခရီးထွက်တာမျိုးတွေကို စွန့်ပယ်ခြင်းဟာ သူမရဲ့ ကိုယ်ပိုင် စိတ်ဆန္ဒပြည့်ဝမှုအတွက် မျှော်လင့်ချက်တွေကို ပျက်သုဉ်းစေပါလိမ့်မယ်။

 

Myanmar Wedding Guide

Read times Last modified on Monday, 06 May 2019 16:08
Rate this item
(3 votes)
Tagged under