ကောင်လေးတွေကရည်းစားစကားပြောပြီးဘာကြောင့်အဖြေမတောင်းချင်ကြတာလဲ

ကောင်လေးတွေကရည်းစားစကားပြောပြီးဘာကြောင့်အဖြေမတောင်းချင်ကြတာလဲ google

ရည်းစားစကားလာပြောပြီး အဖြေပြန်မတောင်းတဲ့ကောင်လေးတွေနဲ့ ကြုံဖူးလား။

 

 

ကိုယ်ကတော့ ငြင်းချင်လည်းငြင်းဖို့၊ လက်ခံချင်လည်း လက်ခံဖို့ အဆင်သင့်ပြင်ထားပြီးတော့မှ သူတို့ဘက်ကရှေ့ဆက်မတိုးဘဲရပ်နေတဲ့အခါ အောင့်သီးအောင့်သက်တော့ဖြစ်တာပေါ့။

 


သူတို့ဖက်ကလည်း အဲဒီလို အဖြေမတောင်းရတဲ့အကြောင်းရင်းတွေ ရှိပါလိမ့်မယ်။

 


ကိုယ်က သူ့ကိုချစ်တယ်လို့ ပြောလိုက်ပြီးမှ သူက ကိုယ့်ကို ငြင်းလိုက်တဲ့အခါ နှစ်ယောက်ကြားထဲက လက်ရှိဆက်ဆံရေးလေးပျောက်ဆုံးသွားမှာ စိုးရိမ်ပြီး အဖြေမတောင်းတာလည်း ဖြစ်နိုင်ပါတယ်။

 


ခဏလေးတွေ့တဲ့ လူတွေအနေနဲ့ ပြဿနာမရှိပေမယ့် အချိန်အကြာကြီး သူငယ်ချင်းကောင်းတွေဖြစ်လာခဲ့တဲ့ လူတွေအတွက်တော့ ဒီအခြေအနေမျိုးကို ရင်ဆိုင်ရမှာပါ။

 


ဒီတော့ ကောင်လေးတွေက နှစ်ယောက်ကြားထဲက ဆက်ဆံရေးကို ပြောင်းလဲသွားမှာကြောက်ရင်လည်း အဖြေတောင်းဖို့တွန့်ဆုတ်နေတတ်ပါတယ်။

 


စတွေ့တွေ့ချင်းမှာ သူ့ကိုအရမ်းသဘောကျပြီး ချစ်တယ်လို့ ပြောလိုကပြီးမှ တဖြည်းဖြည်း တွေ့တာလေးကြာလာတဲ့အခါ သူ့ရဲ့တချို့အကျင့်တွေကို သဘောမကျရာကနေ အဖြေမတောင်းတော့တာမျိုးလည်းဖြစ်နိုင်ပါတယ်။

 


တချို့ကောင်လေးတွေက ချစ်တယ်လို့တော့ ပြောလိုက်ပါတယ် ဒါပေမယ့် သူက စပြောကတည်းက သင်သူ့ကိုပြန်ချစ်လိမ့်မယ်လို့ ယုံကြည်ချက်ထားတာမျိုးမဟုတ်ဘူး။

 

 

သူ သင့်ကိုချစ်တယ်ဆိုတဲ့အကြောင်း အသိပေးရုံလောက်ပါပဲ။

 


သူ့ရဲ့စိတ်ထဲမှာကိုက သင်သူ့ကိုပြန်ချစ်လိမ့်မယ်ဆိုတာ ယုံကြည်မှုမရှိတာမို့ သင့်ဆီက အဖြေတောင်းဖို့ကိုလည်း နောက်ဆုတ်လိုက်တာမျိုး ဖြစ်နိုင်ပါလိမ့်မယ်။

 


ကိုယ်က သူ့ကိုချစ်တယ်လို့ ပြောလိုက်ပေမယ့် အခြားတစ်ဖက်မှာလည်း ကိုယ်က သူ့ကိုချစ်သာချစ်နေရတာ ကိုယ့်ဖက်က မပြည့်စုံတဲ့အနေအထားမျိုး၊

 


ဒါမှမဟုတ် ကိုယ်ချစ်တယ်လို့ပြောလိုက်တဲ့ကောင်မလေးက အရမ်းလှနေပြီး ကိုယ့်ကိုယ်ပြန်မကြိုက်လောက်ဖူးလို့ ခံစားနေရတဲ့အနေအထားမျိုးတွေခံစားရပြီဆိုရင် အဖြေတောင်းဖို့ကိုဝေေ၀၀ါးဝါး ဖြစ်သွားတတ်ကြပါတယ်။

 


ဒါက သင့်ကိုတကယ်မချစ်လို့မဟုတ်ပဲ သူ့ဘာသာစိတ်အားငယ်နေပြီး အဖြေလာမတောင်းရဲတော့တာ ဆိုတာကို နားလည်ထားသင့်ပါတယ်။

 

 

Source-Linn 

 

 

Myanmar Wedding Guide 

Read times
Rate this item
(2 votes)
Tagged under