ခုခေတ်သမီးရည်းစားစုံတွဲတွေဘာကြောင့် ပြတ်ဆဲလွယ်ကြလဲ

ခုခေတ်သမီးရည်းစားစုံတွဲတွေဘာကြောင့် ပြတ်ဆဲလွယ်ကြလဲ google.com

အဖေ နဲ့ အမေ သမီးရည်းစားဘဝတုန်းက တစ်ယောက်နဲ့တစ်ယောက် အပြန်အလှန်ပေးစာတွေတွေ့တော့ ကိုယ့်ခေတ်ချစ်သူစုံတွဲတွေနဲ့ ပြန်လည်သုံးသပ်မိတယ် ။

တကယ်တော့ သူတို့ခေတ်တုန်းကလူကြီးတွေကစည်းကမ်းတင်းမှတင်း ၊ နောက်ပြီး ပိုကွာခြားတာက ကိုယ်တွေလိုဖုန်းတွေ Social media တွေဘာမှမရှိ ၊ လည်ပတ်စရာ နေရာလည်းရှား ။ ဒါတောင် သူတို့တွေတကယ်မြဲအောင် တွဲနိုင်ကြတယ် ။ရည်းစားသက်တမ်း ၆ နှစ် ၇ နှစ်လည်း မငြီးမငြူတွဲခဲ့ကြတာပဲ ။ ခုခေတ်မှာတော့ ၂ နှစ် ၃ နှစ် တွဲနိုင်ရင်ကိုတကယ့် စဆရက စုံတွဲပဲ ။ မျိုးဆက်တစ်ဆက်လောက်ခြားယုံနဲ့ ဘာလို့ချစ်ခြင်းမေတ္တာဟာ အဲ့လောက်ကွာခြားသွားလဲအံ့ဩစရာပဲ ။ အကြမ်းဖျင်း သုံးသပ်မိတာတော့ အခုခေတ်စုံတွဲတွေ အချိန်ကြာရှည်အောင်မတွဲနိုင်ကြတာ ဒီအချက်တွေကြောင့်ပဲလို့ထင်တယ် ။

 

()ချစ်တာနဲ့ ကြိုက်တာကို မကွဲပြားတာ

 

လူတစ်ယောက်နဲ့ bar တစ်ခုခု EDM ပွဲတစ်ခုခုမှာ အမှတ်မထင်ဆုံမယ် ။ သူက ကြည့်ကောင်းတယ် ၊ ချောတယ် ။ တစ်ယောက်နဲ့ တစ်ယောက် သဘောကျကြတယ် ။ ဒါနဲ့ပဲ ကိုယ်ကသူ့ကို ချစ်နေမိပြီလို့ ထင်သွားတာတော့ မှားနေပြီလို့ပြောရလိမ့်မယ် ။ ချစ်ခြင်းမေတ္တာဆိုတာ ရုတ်တရက် ဝုန်းဒိုင်းဖြစ်လာတာ မျိုးလည်း မဟုတ်သလို လူတစ်ယောက်ကို ချစ်မိတာကိုတောင် အချိန်တစ်ခုကြာမှာ "ဩော် ငါသူ့ကိုချစ်မိနေပါလား" လို့ သတိထားမိလာတာမျိုးပဲ ။

 

 

()ကြိုးစားအားထုတ်မှုမရှိတာ

 

မိန်းကလေးတွေကြုံဖူးပါလိမ့်မယ် ကိုယ့်ကိုမရရင်သေပါတော့မယ်ဆိုတာမျိုးနဲ့ တကယ်လည်းကျရော ကိုယ်က ၂ လ ၃ လ လောက်မူလိုက်ရင်ပဲလက်လျော့သွားကြတာမျိုးတွေ ၊ အရင်ခေတ်က ၃ နှစ် ၃ မိုး စောင့်ပါမယ်ဆိုတဲ့စကားက အခုကျတော့ ဟာသ ကြီးကိုဖြစ်ရော ။ အဲ့တာထက်ဆိုးတာက ချစ်သူရည်းစားဖြစ်ကြပြီးပြီဆို တစ်ယောက်နဲ့ တစ်ယောက် စိတ်ဆိုး စိတ်ကောက် တာတွေလည်းကြိုးစားပမ်းစား မချော့ချင်ကြတာ ၊ သဘောထား သေးသိမ်ကြတာ ။

 

 

()စိတ်မငြိမ်တာ

 

အခုသစ်ပင် ဖြစ်ချင်ဖြစ်နေပြီး နောက် ၂ မိနစ်နေရင် သစ်ပင်ပေါ်ကရှဥ့် ဖြစ်ချင်ဖြစ်သွားတတ်တာ ခုခေတ်လူငယ်တွေပဲ ။ တစ်ယောက်ထဲတောင် အဲ့လိုဖြစ်နေတာ ၊ စုံတွဲ ၂ ယောက်ဆိုပိုဆိုးတာပေါ့ ။ အဲ့လို စိတ်မငြိမ်တာနဲ့ပဲ ex တွေအများကြီးတွေဖြစ်ပြီး စိတ်ညစ်ကြရတော့တာ ။

 

 

()တိုးတတ်လာတဲ့ နည်းပညာ

 

ဒါကတော့ အပေါ်မှာပြောခဲ့သလိုပဲ အရင်ခေတ်ကချစ်သူစုံတွဲတွနဲ့အကွာခြားဆုံးအချက်ပဲ ။ အရင်ခေတ်ကစုံတွဲတွေမှာ သမီးရည်းစားပြဿနာ ၃ ခုရှိတယ်ဆို ခုခေတ်မှာ ၄ ခု ရှိလိမ့်မယ် ။ အဲ့နောက်တစ်ခုက Facebook ပဲ ။ အထူးသဖြင့် တစ်ယောက်နဲ့တစ်ယောက် သဝန်တိုကြတာတွေ ။ နောက်ပြီး Social network တွေပေါ်မှာကျတော့ ကိုယ့်ချစ်သူမဟုတ်တဲ့ တခြား တစ်ယောက်ယောက် နဲ့ ပိုပြီးရင်းနှီး စကားစပြောနိုင်တာတွေဟာ ခုခေတ်သမီးရည်းစားတွေအတွက်တော့ ကြီးမားတဲ့ပြဿနာပဲ ။

ဒီ ၄ ချက်ကြောင့်ပဲ အခုခေတ် သမီးရည်းစားစုံတွဲတွေ လမ်းခွဲကြတယ်လို့မဆိုနိုင်ပေမယ့် များသောအားဖြင့်တော့ ဒီအကြောင်းအရာတွကြောင့်ပါပဲ ။

 

Myanmar Wedding Guide

 

Credit;လူငယ်မီဒီယာ

Read times Last modified on Wednesday, 19 September 2018 10:01
Rate this item
(1 Vote)