အရမ်းချစ်တတ်တဲ့ယောက်ျားထက် ယောကျာ်းပီသတဲ့ယောက်ျားနဲ့ဆုံဖို့က ပိုအရေးကြီးပါတယ်

အရမ်းချစ်တတ်တဲ့ယောက်ျားထက် ယောကျာ်းပီသတဲ့ယောက်ျားနဲ့ဆုံဖို့က ပိုအရေးကြီးပါတယ် google.com

မိန်းကလေးတစ်ယောက်ရဲ့ဘဝမှာ ကောင်းမွန်ပြီးယောကျာ်းပီသတဲ့ ယောကျာ်းမျိုးနဲ့ဆုံတွေ့ဖို့ကအရေးကြီးဆုံးပါ။

 

 

ယောက်ျားတစ်ယောက်သိပ်ချစ်တတ်တယ် သိပ်ကိုဂရုစိုက်တတ်တယ် သိပ်ကိုအလိုလိုက်တတ်တယ် ဆိုတာတွေထက် အရေးပါတာက တာဝန်သိတတ်တဲ့ယောက်ျားကောင်းဖြစ်ဖို့ပါပဲ။

 

ချစ်တယ်ဆိုတာ အချိန်တိုင်းဖြစ်နေတယ်လို့ထင်လား...ယောကျာ်းလေးပဲဖြစ်ဖြစ် မိန်းကလေးပဲဖြစ်ဖြစ် ဘယ်သူ့ကိုမဆို သင်တို့အချိန်တိုင်းချစ်တဲ့စိတ်ဖြစ်မနေတတ်ပါဘူး။ ဒါပေမဲ့ သံယောဇဉ်တွေမေတ္တာတွေကတော့ ရှိကြပါတယ်။ ဒါကြောင့် ချစ်လှပါချည်ရဲ့ဆိုတဲ့ ယောက်ျား သိပ်ကို Ro တတ်ပါချည်ရဲ့ဆိုတဲ့ အမျိုးသား ၊ ဂရုစိုက်တတ်ပါတယ်ဆိုတဲ့ယောက်ျားမျိုးတွေထက် မိန်းကလေးတစ်ယောက်အတွက်လိုအပ်တဲ့ယောက်ျားလေးဆိုတာ သူ့တာဝန်သူယူတတ်တဲ့အမျိုးသားမျိုးပါ။

 

ကိုယ်ချစ်တဲ့မိန်းကလေးစိတ်ဆင်းရဲမဲ့ကိစ္စကို ရှေ့ရောနောက်ပါ ရှောင်ပြီး တာဝန်သိတတ်တဲ့စိတ် ၊ ဆန္ဒကို သိက္ခာနဲ့ထိန်းပြီး ကိုယ့်မိန်းကလေးရဲ့အရှက်သိက္ခာကို အမြဲထည့်စဉ်းစားတဲ့စိတ်ရှိတဲ့ယောက်ျားလေးမျိုးကပိုတန်ဖိုးရှိပါတယ်။

 

ကိုယ်နဲ့တွဲခဲ့တဲ့ မိန်းကလေးကိုတန်ဖိုးထားတဲ့စိတ် အချိန်ကြာကြာတွဲခဲ့ပြီး လက်ကလေးကိုင်ခဲ့တာလေးကအစ ကိုယ်နဲ့ပတ်သတ်နေတာပါလားဆိုတဲ့ မိန်းကလေးတစ်ယောက်အပေါ်တာဝန်ယူတဲ့စိတ်ကလေးထားတတ်တဲ့ ယောက်ျားလေးမှသာ ယောက်ျားကောင်းပီသတဲ့ယောက်ျားဖြစ်မှာပါ။ ချစ်တယ်လို့ပြောပြီး မတရားတွေဂရုစိုက်ပြပြီး နောက်ဆုံး ထားသွားခဲ့တဲ့ယောက်ျားတွေလည်းအများကြီးပါ။ ကိုယ့်အပေါ်တာဝန်သိတတ်ပြီး စစ်မှန်တဲ့မေတ္တာပေးတတ်တဲ့ ယောက်ျားလေးမျိုးနဲ့တွေ့မှသာကိုယ့် ဘဝထဲကို အဝင်ခံဖို့အကြံပေးလိုက်ပါတယ်နော်.....

 

 

Credit;Trend Myanmar

Read times Last modified on Friday, 14 December 2018 16:41
Rate this item
(1 Vote)