(Dec 20 မှ 31 ထိ) ၇ရက်သားသမီး တဲ့ရော့ ကံကြမ္မာ ဟောကိန်း ...

(Dec 20 မှ 31 ထိ) ၇ရက်သားသမီး တဲ့ရော့ ကံကြမ္မာ ဟောကိန်း ... google

တနင်္ဂနွေ

========

ယခုကာလအတွင်းမိမိလိုလားလုပ်ဆောင်လိုသောကိစ္စများအဆင်ပြေကောင်းမွန်စွာဆောင်ရွက်အောင်မြင်နိုင်ပေလိမ့်မည်။အိမ်ထောင်ရှင်များအဖို့သတင်းကောင်းလေးများကြားရတတ်သည်။

 

ပျော်ရွှင်စရာကောင်းသောအချိန်ဖြစ်သလိုလက်ဆောင်ပစ္စည်းများလည်းလက်ဆောင်ရရှိတတ်သည်။ဂရုစိုက်ရန်မှာအမျိုးသမီးတစ်ဦးကြောင့်အမှုဖြစ်တတ်သည်။သတိထားပါ။အမှုမဖြစ်အောင်နေပါ။

 

အကြွေးကိစ္စ၊ငွေကိစ္စစကားများစရာလေးများလည်းကြုံရတတ်သည်။စီးပွားရေးအခက်အခဲကြုံနေရသူများအဖို့အဆင်ပြေကောင်းမွန်လာလိမ့်မည်။ငွေဝင်စရာကိစ္စရပ်များရှိသည်။

 

အမျိုးသမီးအသုံးအဆောင်ပစ္စည်းရောင်းဝယ်များ၊Online shopလုပ်ဆောင်နေသူများအဖို့လုပ်ငန်းကံလေးများပွင့်လိမ့်မည်။စုပေါင်းလုပ်ငန်းအကျိုးပေးမည်။လူငယ်များအဖို့ပညာရေးကံအထူးကောင်းမွန်သည်။

 

အတတ်ပညာနှင့်ပတ်သက်၍အကျိုးပေးသလိုအချစ်ရေးကံအလွန်ကောင်းနေတတ်သည်။

 

သတိပြုရန်မှာချစ်သူရှိသူများလည်းထပ်မံချစ်ကံပွင့်ခြင်းလေးတွေကြောင့်အနှောင့်အယှက်လေးတွေကြုံမယ်။ကျန်းမာရေးအနေနဲ့ရင်ဘတ်၊ဝမ်းဗိုက်နှင့်အာရုံကြောတို့အားသတိပြုပါ။

 

ယတြာအနေဖြင့်အခက်အခဲကြုံရပါကမိခင်ဖြစ်သူသို့မဟုတ်အဖွားအရွယ်သက်ကြီးရွယ်အိုကိုအားဆေးအာဟာရဒါနပြုပါ။

 

တနင်္လာ

=======

 

ယခုကာလအတွင်းမိမိသော်လည်းကောင်း၊မိသားစုအတွင်း၌သော်လည်းကောင်းကြုံတွေ့နေရသောအခက်အခဲများပြေလည်ငြိမ်းချမ်းအဆင်ပြေလည်လာလိမ့်မည်။

 

မနာလိုအနှောင့်အယှက်များမည်မျှရှိပါစေ၎င်းတို့အားရင်ဆိုင်ကျော်လွှားနိုင်ပေလိမ့်မည်။ထို့အတူမိမိအပေါ်အနိုင်ယူခဲ့သူများအားပြန်လည်အနိုင်ယူချေပနိုင်သောအခွင့်ကောင်းများလည်းကြုံတွေ့နိုင်သလိုခွင့်လွှတ်ခြင်းဖြင့်သာအနိုင်ယူပါ။

 

အကောင်းနှင့်အဆိုးနှစ်ခုအကြားစိတ်ကစားရင်းအကောင်းဖက်ကိုပြန်လည်ဦးတည်နေနိုင်ပေလိမ့်မည်။လုပ်ငန်းခွင်အတွင်းစာရင်းဇယားစာရွက်စာတမ်းများလက်ပြောင်းလက်လွဲှပြုမှုများပြုလုပ်ရာတွင်သတိနှင့်ဆောင်ရွက်ပါ။

 

အရေးကြီးသောလုပ်ငန်းကိစ္စများစကားပြောဆိုအောင်မြင်လိမ့်မည်။

 

သူတစ်ပါးကြိုက်သည်ဖြစ်စေ၊မကြိုက်သည်ဖြစ်စေပါဝင်ကူညီဖြေရှင်းပေးခြင်းများကိုမပြုလုပ်ပါနှင့်။ယခုကာလသည်အဆိုးနှင်းအကောင်းဒွန်တွဲနေသည့်ကြားဖြစ်သဖြင့်အစစသတိပြုနေထိုင်ပါ။

 

ပျိုရွယ်သောသူများအဖို့ဘဝအတွက်အရေးပါသောအိမ်ထောင်ဖက်ရွေးချယ်ရခြင်း၊မေတ္တာဖက်ရွေးချယ်ရခြင်းကိစ္စများကြုံတွေ့ရလိမ့်မည်။

 

မိမိဘဝကိုတိုးတက်ကောင်းမွန်စေပြီးလိုလားသောရည်မှန်းချက်များကိုထောက်ပံ့ပျိုးထောင်ပေးနိုင်သောသူများနှင့်တွေ့ဆုံရလိမ့်မည်။အတိတ်ကာလကမိမိကိုအသဲကွဲစေသွားသောသူများကိုပြန်လည်ချေမိုးနိုင်မည့်အခွင့်ကြုံမည်။

 

ကျန်းမာရေးအထူးဂရုစိုက်ပါ။အစာမှားဆေးမှားတတ်သည်။မမျှော်လင့်ပဲဆေးရုံဆေးခန်းသွားရတတ်သည်။

 

ယတြာအနေနဲ့ကတော့အဖြူအနက်တွဲဖက်ဝတ်ဆင်ခြင်းရှောင်ပါ။ဘုရားမှာပဲပြုတ်လေးဆွမ်းတော်တင်ပါ။

 

အင်္ဂါ

=======

 

ယခုကာလအတွင်းအလုပ်မရှိသူများအလုပ်ရှာဖွေနေသူများအလုပ်ရလိမ့်မည်။လုပ်ငန်းခွင်အတွင်းသူများအဖို့ရာထူးတိုးနေရာပြောင်းတင်ထားသူများအဖို့သတင်းထူးသတင်းကောင်းလေးများကြားရလိမ့်မည်။

 

အိမ်နေရာထိုင်ခင်းအပြောင်းအလဲလေးများကြုံမည်။အိမ်ပြောင်းရန်စီစဉ်သူများအဖို့နေရာသစ်ပတ်ဝန်းကျင်သစ်ကပိုမိုကောင်းမွန်နေပါလိမ့်မည်။တွေဝေစရာဒွိဖြစ်စရာကိစ္စများနှင့်အဆိုးအနှောင့်အယှက်များမည်မျှပင်ရှိနေပါစေ။

 

ကံတရားကမိမိဖက်တွင်ပါနေတတ်သည်။နှစ်လုံးထီဝါသနာပါသူများအဖို့နှစ်လုံးပေါက်လိမ့်မည်။

 

မိတ်သစ်ဆွေသစ်မိတ်ကောင်းဆွေကောင်းများရရှိခြင်း၊အထောက်အပံ့ကောင်းများရရှိခြင်းကြုံရလိမ့်မည်။ငွေဝင်လမ်းကြောင်းများပွင့်၍လုပ်ငန်းသစ်များတစ်ခုထက်ပိုသောလုပ်ငန်းများလုပ်ကိုင်ဆောင်ရွက်ရလိမ့်မည်။

 

ခရီးကံတွေကောင်းလိမ့်မည်။မိသားစုလိုက်ခရီးထွက်ခြင်း၊သူငယ်ချင်းအပေါင်းအသင်းများအဖွဲ့လိုက်အုပ်စုဖွဲ့၍ခရီးသွားရခြင်းများကြုံရလိမ့်မည်။ပျိုရွယ်သူများအဖို့လက်ရှိကြုံနေရသောအချစ်ရေးအခက်အခဲများပြေလည်သွားလိမ့်မည်။

 

အထင်လွဲခံရမှုများဖြေရှင်းစရာမလိုအေးချမ်းသွားလိမ့်မည်။အတိတ်ကာလကမိမိဘာပဲဖြစ်ခဲ့ဖြစ်ခဲ့မိမိဘဝကိုနားလည်ခွင့်လွှတ်ပေး၍လက်တွဲပေးနိုင်သောဘဝအဖော်မွန်ကောင်းကြုံတွေ့ရသလိုအရွယ်လွန်သူများပင်ရုတ်တရက်မင်္ဂလာကိစ္စများစီစဉ်ရတတ်သည်။

 

ပညာရေးကံအထူးကောင်းမွန်၍နိုင်ငံရပ်ခြားပြည်ပထွက်ရန်စီစဉ်သူများအဖို့အကူအညီကောင်းများရရှိမည်။စာမေးပွဲနီးကပ်သောသူများအဖို့အအေးပတ်၍ဖျားတတ်သည်ဂရုစိုက်ပါ။အစာအိမ်ဝမ်းဗိုက်ဒုက္ခပေးတတ်သည်။

 

ယတြာအနေနဲ့မယ်သီလရှင်များအားဆွမ်းဆန်စိမ်းလောင်းလှူပါ။

 

ဗုဒ္ဓဟူး

=======

 

ယခုကာလအတွင်းအမြန်ဆုံးသာကံမြင့်ကံတက်စေရန်တရော်ကင်ပွန်းဖြင့်ခေါင်းလျှော်ရေဆေးခြင်းပြုလုပ်ပါ။ကံတွေနိမ့်နေတတ်သည်။စိတ်နှင့်လူနှင့်မကပ်စိတ်သွားတိုင်းကိုယ်မပါဖြစ်နေတတ်သည်။

 

ဆိုးဆိုးဝါးဝါးကျန်းမာရေးအညံ့မရှိပဲနေထိုင်မကောင်းဖြစ်တတ်သည်။ရင်းနှီးသူများနှင့်လည်းစကားများခြင်းခိုက်ရန်ဖြစ်ပွားခြင်းများကြုံမည်။

 

မိမိသော်လည်းကောင်းမိမိအပေါင်းအသင်းမိတ်ဆွေများကြောင့်သော်လည်းကောင်းဆေးရုံဆေးခန်းများသွားရရောက်ရတတ်သလိုအမှုကိစ္စများလည်းဖြေရှင်းရခြင်းများကြုံရလိမ့်မည်။

 

လက်ရှိလုပ်ကိုင်နေရသောအလုပ်တွင်မပျော်ပိုက်ပြောင်းလဲလိုစိတ်များဖြစ်ပေါ်နေတတ်သည်သို့သော်မည်သည့်လုပ်ငန်းပြောင်းလဲရမည်မသိယောင်ချာချာအခြေအနေများလည်း

 

တွေ့ကြုံရတတ်သည်။ငွေဝင်ကောင်းသော်လည်ငွေမမြဲ စိတ်အနှောင့်အယှက်ကြုံပြီးငွေကုန်တတ်သည်။

 

ထူးခြားချက်မှာမိမိလက်လွန်ထားသောငွေများပြန်မရတော့ဟုသတ်မှတ်ထားသောမိမိပိုင်ပစ္စည်းများငွေများလက်ဝယ်ပြန်လည်ရတတ်သည်။

 

သို့သော်ငွေမချေးရ။ဆုံးတတ်သည်။စာရွက်စာတမ်းကိစ္စများလူမှုရေးကိစ္စများတွင်ငွေကိုအဓိကမထားပဲကူညီဆောင်ရွက်လုပ်ကိုင်ပေးရင်းမှမိမိအတွက်ထူးခြားသောတိုးတက်မှုများပွင့်လန်းလိမ့်မည်။

 

ပညာရေးအထူးသတိထားပါ။ထူးထူးခြားခြားအောင်မြင်နိုင်သလိုစိတ်အနှောင့်အယှက်ကြီးကြီးမားမားကြုံတတ်သည်။မိဘဆွေမျိုးများနှင့်စကားများအချင်းများကာအရွဲ့တိုက်လိုသောစိတ်များပေါ်မည်။

 

စာမေးပွဲဖြေစဉ်ကျန်းမာရေးအညံ့ကြုံတတ်သည်။မေတ္တာရေးတွင်ချစ်သူအတွက်အမြဲကာကွယ်ပေးနေတတ်ခြင်းစိုးရိမ်စိတ်ပူပန်နေရခြင်းများကြောင့်စိတ်နှောင့်အယှက်ကြုံမည်။

 

အချစ်သစ်နှင့်ဘဝခရီးဆက်မည်ကြံကာမှအချစ်ဟောင်းပြန်ပေါ်လာတတ်သောအခြေအနေများလည်းကြုံတတ်သည်။

 

ယတြာအနေနဲ့ ဘုရားတစ်ဆူ၏မိမိနေ့နံထောင့်တွင်ခရေပန်းလေးများကိုဖက်ရွက်လေးပေါ်ဖြန့်ခင်း၍အညံ့အဆိုးများပြေဖို့ဆုတောင်းပါ။အဝတ်အစားဟောင်းတစ်စုံစွန့်ပါ။

 

ကြာသပတေး

===========

 

ယခုကာလအတွင်းအေးအေးချမ်းချမ်းနေတတ်သောမိမိဘဝထဲကိုအပူသောကများဆောင်ယူလာတတ်သူများနှင့်ကြုံတွေ့ရလိမ့်မည်။

 

မိမိကိုယ်တိုင်ကလည်းအမှားကိုမှားမှန်းသိလျက်နှင့်ရှေ့ဆက်မတိုးသင့်ပဲခေါင်းမာမာဖြင့်ရှေ့ဆက်တိုးနေရသောအခြေအနေကိစ္စရပ်များကြုံမည်။မိမိလက်ရှိအခြေအနေအားပျက်စီးရန်နည်းအမျိုးမျိုးဖြင့်မနာလိုကြိုးပမ်းသူများနှင့်တွေ့ကြုံရမည်။

 

မိမိဒုက္ခရောက်ခြင်းအပေါ်ကူညီမည့်သူထက်ဝမ်းမြောက်နေသူများရှိနေတတ်သည်။အချိန်ကြာကြာမိတ်ဆွေဟုသတ်မှတ်လက်တွဲပေါင်းသင်းလာသူများကပင်ကိုယ့်အပေါ်မကောင်းတာမျိုးကြုံမည်။လူယုံမထားသင့်ပါ။

 

လုပ်ငန်းခွင်အတွင်းလုပ်ကိုင်ဆောင်ရွက်နေသူများအဖို့မိမိအား မနာလိုအပြိုင်အဆိုင်ပြုသူပေါများမည်။ချောက်တွန်းခံရခြင်းစွပ်စွဲခံရခြင်းများကြုံရတတ်သလိုအထင်လွဲမှုများလည်းရင်ဆိုင်ဖြေရှင်းရမည်။

 

စာရွက်စာတမ်းကိစ္စများစာရင်းဇယားများကိုသတိဖြင့်ဆောင်ရွက်ပါ။မိမိမှစေတနာဖြင့်လုပ်ကိုင်ဆောင်ရွက်ပေးသောအရာများမှအကောင်းပြောမခံရခြင်းအပြင်နောက်ကွယ်တွင်မိမိအတင်းအဖျင်းပြောခြင်းပါခံရတတ်သည်။ငွေလိမ်ခံရတတ်သည်။ငွေမချေးရဆုံးတတ်သည်။

 

မည်မျှပင်အခဲအခဲအနှောင့်အယှက်ကြုံတွေ့ရပါစေငိုကြွေးနေရပါစေ။ခေတ္တသီးခံစောင့်ဆိုင်းပါ။အရာရာအားလုံးကိုအနိုင်ယူကျော်လွှားနိုင်လိမ့်မည်။အမျိုးသမီးကြီးတစ်ဦးဆီမှအကူအညီအထောက်အပံ့ကောင်းများရလိမ့်မည်။

 

ကျန်းမာရေးအနေဖြင့်သွေးသားနှင့်ပတ်သက်သောအရာများဂရုစိုက်ပေးပါ။မျက်လုံးမတော်တဆထိခိုက်မိတတ်သည်။မတော်တဆထိခိုက်မှုများသတိပြုပါ။

 

ပညာရေးအထူးဂရုပြုသင့်သောကာလဖြစ်သည်။ပျိုရွယ်သူများအဖို့အချစ်ရေးမှာငိုကြွေးစရာလေးများကြုံမည်။ချစ်သူကစိတ်ကစားနေတတ်

 

သည်။ကံဆိုးပါကစနှိုက်ငှက်လေးများမျက်စိရှေ့ပျံသန်းသွားပါလိမ့်မည်။

 

ယတြာအနေနဲ့လမ်းဘေးမှကိုယ်အင်္ဂါချို့တဲ့နေသူများကိုအစာအာဟာရဒါပြုပါ။

 

သောကြာ

========

 

ယခုကာအတွင်းအနှောင့်အယှက်အတိုက်အခံများမည်မျှရှိပါစေကျော်လွှားနိုင်လိမ့်မည်။အစစအရာရာဦးတည်လိုက်သည့်နေရာတိုင်းတွင်အခက်အခဲများရှိနေတတ်ပြီ

 

းမိမိကိုယ်စွမ်းဉာဏ်စွမ်းဖြင့်တာဝန်ယူဖြေရှင်းနိုင်မှုများကြောင့်ပြန်လည်အဆင်ပြေလိမ့်မည်။လုပ်ငန်းခွင်မှသူများအဖို့အောက်လက်ငယ်သားများ၏ကိစ္စများလိုက်လံဖြေရှင်းပေးရခြင်းများကြုံမည်။

 

အလုပ်ပိုတာဝန်ပိုများလုပ်ကိုင်ရခြင်းကြောင့်ယခင်ထက်ပို၍စိတ်ပင်ပန်းလူပင်ပန်းဖြစ်ရလိမ့်မည်။နေရာထိုင်ခင်းနှင့်ပတ်သက်၍စကားပြောစရာလေးများကြုံမည်။

 

မိသားစုအတွင်းမောင်နှမသားချင်းများကြောင့်စိတ်ညစ်ရတတ်သည်။

 

မိသားစုချင်းစိတ်ဝမ်းကွဲရတတ်သည်။အခြေအနေနှင့်အချိန်အခါကိုကောင်းစွာသုံးသပ်လုပ်ဆောင်နိုင်ခြင်းကြောင့်ဘဝတိုးတက်မှုများကြုံတွေ့ရလိမ့်မည်။

 

ယာဉ်ကားကိစ္စများဖြင့်စကားပြောရတတ်သည်။နာမည်ကောင်းရတတ်သည်။မတော်တဆထိခိုက်မှုများသတိပြုပါ။ကျန်းမာရေးအနည်းငယ်အညံ့ရှိသည်။

 

ရပ်ဝေးပြည်ပနှင့်ပတ်သက်သောလုပ်ငန်းများမှသတင်းစကားကောင်းများကြားရမည်။ပညာရေးကံကောင်းမွန်သည်မဖြစ်မနေကြိုးပမ်းအားထုတ်မှုကြောင့်မျှော်လင့်ထားသည်များဖြစ်လိမ့်မည်။

 

ချစ်သူမရှိသူများချစ်သူရတတ်သည်။ချစ်သူရှိသူများအဖို့စကားများစရာကိစ္စလေးများကြုံမည်။ကိုယ့်အရေးထက်ချစ်သူကိုပိုဦးစားပေးနေရခြင်းများကြုံမည်။

 

ယတြာအနေနဲ့အခက်အခဲကြုံပါကခြင်္သေ့နှစ်ကောင်မုခ်ဦးရှိသောဘုရားတစ်ဆူဆူတွင်ရွှေသင်္ကန်းကပ်လှူပူဇော်ဆုတောင်းပါ။

 

စနေ

======

 

ယခုကာလအတွင်းအထီးကျန်ဆန်နေလိမ့်မည်။ကိုယ်တိုင်ကလည်းသီးသန့်နေထိုင်နေလိုစိတ်တွေများနေခြင်းများကြုံမည်။ယခုကာလအတွင်းခေါင်းမာတဇွတ်ထိုးဆန်သည့်စိတ်ကိုလျော့ပါ။

 

မာနကိုရှေ့တန်းမတင်ပဲမိမိကိုယ်ကိုနှိမ့်ချခြင်းကြောင့်မည်မျှပင်အခက်အခဲကြုံစေကာမူအစစအရာရာအကောင်းဖက်သို့ဦးတည်သွားလိမ့်မည်။

 

လုပ်ငန်းခွင်အတွင်းလုပ်ကိုင်ဆောင်ရွက်နေသူများအဖို့ငွေထက်သစ္စာတရားကိုပိုမိုဦးစားပေးလုပ်ကိုင်ဆောင်ရွက်မှုကြောင့်ကောင်းသောအကြီးအကဲလူကြီးများ၏အထောက်အကူကောင်းများရရှိမည်။

 

လက်ရှိအချိန်တွင်တတ်နိုင်သမျှဘာသာရေးနှင့်သက်ဆိုင်သောကိစ္စများပြုလုပ်လေလေဘဝကံတက်လမ်းကြောင်းများပွင့်လေဖြစ်သလိုထူးခြားသောပုဂ္ဂိုလ်များဆီမှမမျှော်လင့်ပဲအကူအညီကောင်းများရရှိတတ်သည်။

 

လုပ်ငန်းခွင်အတွင်းလုပ်ကိုင်သူများအဖို့နည်းကောင်းလမ်းမှန်များညွှန်ကြားပေးနိုင်သောသူများဆရာကောင်းများ၏အထောက်အပံ့များရရှိမည်။ငွေကိုအဓိကမထားပါနှင့်။အရာရာကိုမိမိပညာဉာဏ်ဖြင့်သုံးသပ်ဆောင်ရွက်ပါ။

 

လုပ်ငန်းသစ်များလုပ်ဆောင်ခြင်း၊လမ်းသစ်ထွင်ခြင်းထက်လုပ်ငန်းဟောင်းလမ်းကြောင်းဟောင်းအတိုင်းရှေ့ဆက်သွားခြင်းဖြင့်ထူးခြားသောတက်လမ်းများပွင့်လိမ့်မည်။

 

အရာရာသည်းခံပါ အချိန်ကိုစောင့်ဆိုင်း၍အလုပ်လုပ်ပါ။ငွေမမြဲပဲငွေကုန်ကြေးကျများလိမ့်မည်။ကိုယ့်ကိစ္စထက်သူတစ်ပါးကိစ္စများအတွက်ငွေကုန်တတ်သည်။ယခုကာလအတွင်းသတိပြုစေလိုတာကတော့ငွေကိုအဓိကထားမလုပ်ဆောင်ပါနှင့်။

 

ပညာရေးအထူးကောင်းမွန်ပြီးမိမိရည်မှန်းချက်များပြည့်ဝပေလိမ့်မည်။ကျန်းမာရေးအညံ့ရှိသည်။မျက်စိဖြင့်ပတ်သက်လို့ဥပါဒ်ပေးတတ်သည်။

 

ပျိုရွယ်သူများအနေဖြင့်အချစ်ရေးမှာဦးစားမပေးသင့်သောအချိန်ဖြစ်သည်။မေတ္တာရေးကိစ္စများဆုံးဖြတ်ရာတွင်အချိန်ယူပါ။

 

အထင်လွဲခံနေရမှုများပြေလည်လိမ့်မည်။မေတ္တာစစ်နှင့် အတုအယောင်ကိုကွဲပြားသိမြင်လာလိမ့်မည်။ဝေးကွာနေသူများပြန်လည်ဆုံစည်းနိုင်သလိုသစ္စာတရားနှင့်စစ်မှန်သောမေတ္တာကိုရရှိမည့်အချိန်ပါ။

 

ချစ်သူမှပစ်ခွာခံရသူများအဖို့အတိတ်ကိုတွေးဆွေးမနေပါနဲ့လို့အကြံပေးပါရစေ။

 

ယတြာအနေနဲ့အခက်အခဲကြုံတွေ့ရပါကအဘဘိုးဘိုးအောင်ရုပ်တုအားသန့်ရှင်းရေးပြုလုပ်ခြင်းပန်းရေချမ်းကပ်လှူကာဆုတောင်းပါ။

 

Crd-ဆရာရဲထက်မွန်(ခါတော်မှီ)

 

Zawgyi ျဖင့္ဖတ္ရန္...

တနဂၤေႏြ

========


ယခုကာလအတြင္းမိမိလိုလားလုပ္ေဆာင္လိုေသာကိစၥမ်ားအဆင္ေျပေကာင္းမြန္စြာေဆာင္ရြက္ေအာင္ျမင္နိုင္ေပလိမ့္မည္။အိမ္ေထာင္ရွင္မ်ားအဖို႕သတင္းေကာင္းေလးမ်ားၾကားရတတ္သည္။

 

ေပ်ာ္ရႊင္စရာေကာင္းေသာအခ်ိန္ျဖစ္သလိုလက္ေဆာင္ပစၥည္းမ်ားလည္းလက္ေဆာင္ရရွိတတ္သည္။ဂရုစိုက္ရန္မွာအမ်ိဳးသမီးတစ္ဦးေၾကာင့္အမႈျဖစ္တတ္သည္။သတိထားပါ။အမႈမျဖစ္ေအာင္ေနပါ။

 

အေၾကြးကိစၥ၊ေငြကိစၥစကားမ်ားစရာေလးမ်ားလည္းၾကံဳရတတ္သည္။စီးပြားေရးအခက္အခဲၾကံဳေနရသူမ်ားအဖို႔အဆင္ေျပေကာင္းမြန္လာလိမ့္မည္။ေငြဝင္စရာကိစၥရပ္မ်ားရွိသည္။

 

အမ်ိုးသမီးအသံုးအေဆာင္ပစၥည္းေရာင္းဝယ္မ်ား၊Online shopလုပ္ေဆာင္ေနသူမ်ားအဖို႔လုပ္ငန္းကံေလးမ်ားပြင့္လိမ့္မည္။စုေပါင္းလုပ္ငန္းအက်ိဳးေပးမည္။လူငယ္မ်ားအဖို႔ပညာေရးကံအထူးေကာင္းမြန္သည္။

 

အတတ္ပညာနွင့္ပတ္သက္၍အက်ိဳးေပးသလိုအခ်စ္ေရးကံအလြန္ေကာင္းေနတတ္သည္။

 

သတိျပဳရန္မွာခ်စ္သူရွိသူမ်ားလည္းထပ္မံခ်စ္ကံပြင့္ျခင္းေလးေတြေျကာင့္အေနွာင့္အယွက္ေလးေတြျကံဳမယ္။က်န္းမာေရးအေနနဲ႕ရင္ဘတ္၊ဝမ္းဗိုက္နွင့္အာရံုေၾကာတို႔အားသတိျပဳပါ။

 

ယၾတာအေနျဖင့္အခက္အခဲၾကံဳရပါကမိခင္ျဖစ္သူသို႔မဟုတ္အဖြားအရြယ္သက္ႀကီးရြယ္အိုကိုအားေဆးအာဟာရဒါနျပဳပါ။

 

 

တနလၤာ

=======

 

ယခုကာလအတြင္းမိမိေသာ္လည္းေကာင္း၊မိသားစုအတြင္း၌ေသာ္လည္းေကာင္းၾကံဳေတြ႕ေနရေသာအခက္အခဲမ်ားေျပလည္ၿငိမ္းခ်မ္းအဆင္ေျပလည္လာလိမ့္မည္။

 

မနာလိုအေနွာင့္အယွက္မ်ားမည္မ်ွရွိပါေစ၄င္းတို႔အားရင္ဆိုင္ေက်ာ္လႊားနိုင္ေပလိမ့္မည္။ထို႔အတူမိမိအေပၚအနိုင္ယူခဲ႕သူမ်ားအားျပန္လည္အနိုင္ယူေခ်ပနိုင္ေသာအခြင့္ေကာင္းမ်ားလည္းျကံဳေတြ႕နိုင္သလိုခြင့္လႊတ္ျခင္းျဖင့္သာအနိုင္ယူပါ။

 

အေကာင္းနွင့္အဆိုးနွစ္ခုအၾကားစိတ္ကစားရင္းအေကာင္းဖက္ကိုျပန္လည္ဦးတည္ေနနိုင္ေပလိမ့္မည္။လုပ္ငန္းခြင္အတြင္းစာရင္းဇယားစာရြက္စာတမ္းမ်ားလက္ေျပာင္းလက္လဲႊျပဳမႈမ်ားျပဳလုပ္ရာတြင္သတိနွင့္ေဆာင္ရြက္ပါ။

 

အေရးႀကီးေသာလုပ္ငန္းကိစၥမ်ားစကားေျပာဆိုေအာင္ျမင္လိမ့္မည္။

 

သူတစ္ပါးၾကိဳက္သည္ျဖစ္ေစ၊မျကိုက္သည္ျဖစ္ေစပါဝင္ကူညီေျဖရွင္းေပးျခင္းမ်ားကိုမျပဳလုပ္ပါနွင့္။ယခုကာလသည္အဆိုးနွင္းအေကာင္းဒြန္တဲြေနသည့္ၾကားျဖစ္သျဖင့္အစစသတိျပဳေနထိုင္ပါ။

 

ပ်ိဳရြယ္ေသာသူမ်ားအဖို႔ဘဝအတြက္အေရးပါေသာအိမ္ေထာင္ဖက္ေရြးခ်ယ္ရျခင္း၊ေမတၱာဖက္ေရြးခ်ယ္ရျခင္းကိစၥမ်ားၾကံဳေတြ႕ရလိမ့္မည္။

 

မိမိဘဝကိုတိုးတက္ေကာင္းမြန္ေစၿပီးလိုလားေသာရည္မွန္းခ်က္မ်ားကိုေထာက္ပံ႕ပ်ိဳးေထာင္ေပးနိုင္ေသာသူမ်ားနွင့္ေတြ႕ဆံုရလိမ့္မည္။အတိတ္ကာလကမိမိကိုအသဲကဲြေစသြားေသာသူမ်ားကိုျပန္လည္ေခ်မိုးနိုင္မည့္အခြင့္ၾကံဳမည္။

 

က်န္းမာေရးအထူးဂရုစိုက္ပါ။အစာမွားေဆးမွားတတ္သည္။မေမွ်ာ္လင့္ပဲေဆးရံုေဆးခန္းသြားရတတ္သည္။

 

ယၾတာအေနနဲ႕ကေတာ့အျဖဴအနက္တဲြဖက္ဝတ္ဆင္ျခင္းေရွာင္ပါ။ဘုရားမွာပဲျပဳတ္ေလးဆြမ္းေတာ္တင္ပါ။

 

 

အဂၤါ

=======

 

ယခုကာလအတြင္းအလုပ္မရွိသူမ်ားအလုပ္ရွာေဖြေနသူမ်ားအလုပ္ရလိမ့္မည္။လုပ္ငန္းခြင္အတြင္းသူမ်ားအဖို႔ရာထူးတိုးေနရာေျပာင္းတင္ထားသူမ်ားအဖို့သတင္းထူးသတင္းေကာင္းေလးမ်ားၾကားရလိမ့္မည္။

 

အိမ္ေနရာထိုင္ခင္းအေျပာင္းအလဲေလးမ်ားၾကံဳမည္။အိမ္ေျပာင္းရန္စီစဥ္သူမ်ားအဖို႔ေနရာသစ္ပတ္ဝန္းက်င္သစ္ကပိုမိုေကာင္းမြန္ေနပါလိမ့္မည္။ေတြေဝစရာဒိြျဖစ္စရာကိစၥမ်ားနွင့္အဆိုးအေနွာင့္အယွက္မ်ားမည္မ်ွပင္ရွိေနပါေစ။

 

ကံတရားကမိမိဖက္တြင္ပါေနတတ္သည္။နွစ္လံုးထီဝါသနာပါသူမ်ားအဖို႔နွစ္လံုးေပါက္လိမ့္မည္။

 

မိတ္သစ္ေဆြသစ္မိတ္ေကာင္းေဆြေကာင္းမ်ားရရွိျခင္း၊အေထာက္အပံ႕ေကာင္းမ်ားရရွိျခင္းျကံဳရလိမ့္မည္။ေငြဝင္လမ္းေၾကာင္းမ်ားပြင့္၍လုပ္ငန္းသစ္မ်ားတစ္ခုထက္ပိုေသာလုပ္ငန္းမ်ားလုပ္ကိုင္ေဆာင္ရြက္ရလိမ့္မည္။

 

ခရီးကံေတြေကာင္းလိမ့္မည္။မိသားစုလိုက္ခရီးထြက္ျခင္း၊သူငယ္ခ်င္းအေပါင္းအသင္းမ်ားအဖဲြ႕လိုက္အုပ္စုဖဲြ႕၍ခရီးသြားရျခင္းမ်ားၾကံဳရလိမ့္မည္။ပ်ိဳရြယ္သူမ်ားအဖို႔လက္ရွိၾကံဳေနရေသာအခ်စ္ေရးအခက္အခဲမ်ားေျပလည္သြားလိမ့္မည္။

 

အထင္လဲြခံရမႈမ်ားေျဖရွင္းစရာမလိုေအးခ်မ္းသြားလိမ့္မည္။အတိတ္ကာလကမိမိဘာပဲျဖစ္ခဲ႕ျဖစ္ခဲ႕မိမိဘဝကိုနားလည္ခြင့္လႊတ္ေပး၍လက္တဲြေပးနိုင္ေသာဘဝအေဖာ္မြန္ေကာင္းၾကံဳေတြ႕ရသလိုအရြယ္လြန္သူမ်ားပင္ရုတ္တရက္မဂၤလာကိစၥမ်ားစီစဥ္ရတတ္သည္။

 

 

ပညာေရးကံအထူးေကာင္းမြန္၍နိုင္ငံရပ္ျခားျပည္ပထြက္ရန္စီစဥ္သူမ်ားအဖို႔အကူအညီေကာင္းမ်ားရရွိမည္။စာေမးပဲြနီးကပ္ေသာသူမ်ားအဖို႔အေအးပတ္၍ဖ်ားတတ္သည္ဂရုစိုက္ပါ။အစာအိမ္ဝမ္းဗိုက္ဒုကၡေပးတတ္သည္။

 

ယၾတာအေနနဲ႕မယ္သီလရွင္မ်ားအားဆြမ္းဆန္စိမ္းေလာင္းလွဴပါ။

 

 

ဗုဒၶဟူး

=======

 

ယခုကာလအတြင္းအျမန္ဆံုးသာကံျမင့္ကံတက္ေစရန္တေရာ္ကင္ပြန္းျဖင့္ေခါင္းေလ်ွာ္ေရေဆးျခင္းျပဳလုပ္ပါ။ကံေတြနိမ့္ေနတတ္သည္။စိတ္နွင့္လူနွင့္မကပ္စိတ္သြားတိုင္းကိုယ္မပါျဖစ္ေနတတ္သည္။

 

ဆိုးဆိုးဝါးဝါးက်န္းမာေရးအညံ႕မရွိပဲေနထိုင္မေကာင္းျဖစ္တတ္သည္။ရင္းနွီးသူမ်ားနွင့္လည္းစကားမ်ားျခင္းခိုက္ရန္ျဖစ္ပြားျခင္းမ်ားၾကံဳမည္။

 

မိမိေသာ္လည္းေကာင္းမိမိအေပါင္းအသင္းမိတ္ေဆြမ်ားေၾကာင့္ေသာ္လည္းေကာင္းေဆးရံုေဆးခန္းမ်ားသြားရေရာက္ရတတ္သလိုအမႈကိစၥမ်ားလည္းေျဖရွင္းရျခင္းမ်ားၾကံဳရလိမ့္မည္။

 

လက္ရွိလုပ္ကိုင္ေနရေသာအလုပ္တြင္မေပ်ာ္ပိုက္ေျပာင္းလဲလိုစိတ္မ်ားျဖစ္ေပၚေနတတ္သည္သို႔ေသာ္မည္သည့္လုပ္ငန္းေျပာင္းလဲရမည္မသိေယာင္ခ်ာခ်ာအေျခအေနမ်ားလည္း

 

ေတြ႕ၾကံဳရတတ္သည္။ေငြဝင္ေကာင္းေသာ္လည္ေငြမျမဲ စိတ္အေနွာင့္အယွက္ၾကံဳၿပီးေငြကုန္တတ္သည္။

 

ထူးျခားခ်က္မွာမိမိလက္လြန္ထားေသာေငြမ်ားျပန္မရေတာ့ဟုသတ္မွတ္ထားေသာမိမိပိုင္ပစၥည္းမ်ားေငြမ်ားလက္ဝယ္ျပန္လည္ရတတ္သည္။

 

သို႔ေသာ္ေငြမေခ်းရ။ဆံုးတတ္သည္။စာရြက္စာတမ္းကိစၥမ်ားလူမွဳေရးကိစၥမ်ားတြင္ေငြကိုအဓိကမထားပဲကူညီေဆာင္ရြက္လုပ္ကိုင္ေပးရင္းမွမိမိအတြက္ထူးျခားေသာတိုးတက္မွုမ်ားပြင့္လန္းလိမ့္မည္။

 

ပညာေရးအထူးသတိထားပါ။ထူးထူးျခားျခားေအာင္ျမင္နိုင္သလိုစိတ္အေနွာင့္အယွက္ၾကီးၾကီးမားမားၾကံဳတတ္သည္။မိဘေဆြမ်ိဳးမ်ားနွင့္စကားမ်ားအခ်င္းမ်ားကာအရြဲ႕တိုက္လိုေသာစိတ္မ်ားေပၚမည္။

 

စာေမးပဲြေျဖစဥ္က်န္းမာေရးအညံ႕ၾကံဳတတ္သည္။ေမတၱာေရးတြင္ခ်စ္သူအတြက္အျမဲကာကြယ္ေပးေနတတ္ျခင္းစိုးရိမ္စိတ္ပူပန္ေနရျခင္းမ်ားေျကာင့္စိတ္ေနွာင့္အယွက္ၾကံဳမည္။

 

အခ်စ္သစ္နွင့္ဘဝခရီးဆက္မည္ၾကံကာမွအခ်စ္ေဟာင္းျပန္ေပၚလာတတ္ေသာအေျခအေနမ်ားလည္းၾကံဳတတ္သည္။

 

ယၾတာအေနနဲ႕ ဘုရားတစ္ဆူ၏မိမိေန႕နံေထာင့္တြင္ခေရပန္းေလးမ်ားကိုဖက္ရြက္ေလးေပၚျဖန္႔ခင္း၍အညံ႕အဆိုးမ်ားေျပဖို႔ဆုေတာင္းပါ။အဝတ္အစားေဟာင္းတစ္စံုစြန့္ပါ။

 

 

ၾကာသပေတး

===========

 

ယခုကာလအတြင္းေအးေအးခ်မ္းခ်မ္းေနတတ္ေသာမိမိဘဝထဲကိုအပူေသာကမ်ားေဆာင္ယူလာတတ္သူမ်ားနွင့္ၾကံဳေတြ႕ရလိမ့္မည္။

 

မိမိကိုယ္တိုင္ကလည္းအမွားကိုမွားမွန္းသိလ်က္နွင့္ေရွ႕ဆက္မတိုးသင့္ပဲေခါင္းမာမာျဖင့္ေရွ႕ဆက္တိုးေနရေသာအေျခအေနကိစၥရပ္မ်ားၾကံဳမည္။မိမိလက္ရွိအေျခအေနအားပ်က္စီးရန္နည္းအမ်ိဳးမ်ိဳးျဖင့္မနာလိုႀကိုးပမ္းသူမ်ားနွင့္ေတြ႕ၾကံဳရမည္။

 

မိမိဒုကၡေရာက္ျခင္းအေပၚကူညီမည့္သူထက္ဝမ္းေျမာက္ေနသူမ်ားရွိေနတတ္သည္။အခ်ိန္ျကာျကာမိတ္ေဆြဟုသတ္မွတ္လက္တဲြေပါင္းသင္းလာသူမ်ားကပင္ကိုယ့္အေပၚမေကာင္းတာမ်ိုးၾကံဳမည္။လူယံုမထားသင့္ပါ။

 

လုပ္ငန္းခြင္အတြင္းလုပ္ကိုင္ေဆာင္ရြက္ေနသူမ်ားအဖို႔မိမိအား မနာလိုအျပိဳင္အဆိုင္ျပဳသူေပါမ်ားမည္။ေခ်ာက္တြန္းခံရျခင္းစြပ္စဲြခံရျခင္းမ်ားၾကံဳရတတ္သလိုအထင္လဲြမွဳမ်ားလည္းရင္ဆိုင္ေျဖရွင္းရမည္။

 

စာရြက္စာတမ္းကိစၥမ်ားစာရင္းဇယားမ်ားကိုသတိျဖင့္ေဆာင္ရြက္ပါ။မိမိမွေစတနာျဖင့္လုပ္ကိုင္ေဆာင္ရြက္ေပးေသာအရာမ်ားမွအေကာင္းေျပာမခံရျခင္းအျပင္ေနာက္ကြယ္တြင္မိမိအတင္းအဖ်င္းေျပာျခင္းပါခံရတတ္သည္။ေငြလိမ္ခံရတတ္သည္။ေငြမေခ်းရဆံုးတတ္သည္။

 

မည္မ်ွပင္အခဲအခဲအေနွာင့္အယွက္ၾကံဳေတြ႕ရပါေစငိုေၾကြးေနရပါေစ။ေခတၱသီးခံေစာင့္ဆိုင္းပါ။အရာရာအားလံုးကိုအနိုင္ယူေက်ာ္လႊားနိုင္လိမ့္မည္။အမ်ိုးသမီးႀကီးတစ္ဦးဆီမွအကူအညီအေထာက္အပံ႕ေကာင္းမ်ားရလိမ့္မည္။

 

က်န္းမာေရးအေနျဖင့္ေသြးသားနွင့္ပတ္သက္ေသာအရာမ်ားဂရုစိုက္ေပးပါ။မ်က္လံုးမေတာ္တဆထိခိုက္မိတတ္သည္။မေတာ္တဆထိခိုက္မွဳမ်ားသတိျပဳပါ။

 

ပညာေရးအထူးဂရုျပဳသင့္ေသာကာလျဖစ္သည္။ပ်ိဳရြယ္သူမ်ားအဖို႔အခ်စ္ေရးမွာငိုေၾကြးစရာေလးမ်ားျကံဳမည္။ခ်စ္သူကစိတ္ကစားေနတတ္

 

သည္။ကံဆိုးပါကစနွိဳက္ငွက္ေလးမ်ားမ်က္စိေရွ႔ပ်ံသန္းသြားပါလိမ့္မည္။

 

ယျတာအေနနဲ႕လမ္းေဘးမွကိုယ္အဂၤါခ်ို့တဲ႕ေနသူမ်ားကိုအစာအာဟာရဒါျပဳပါ။

 

 

ေသာျကာ

========

 

ယခုကာအတြင္းအေနွာင့္အယွက္အတိုက္အခံမ်ားမည္မွ်ရွိပါေစေက်ာ္လႊားနိုင္လိမ့္မည္။အစစအရာရာဦးတည္လိုက္သည့္ေနရာတိုင္းတြင္အခက္အခဲမ်ားရွိေနတတ္ၿပီ

 

းမိမိကိုယ္စြမ္းဥာဏ္စြမ္းျဖင့္တာဝန္ယူေျဖရွင္းနိုင္မွဳမ်ားေၾကာင့္ျပန္လည္အဆင္ေျပလိမ့္မည္။လုပ္ငန္းခြင္မွသူမ်ားအဖို႔ေအာက္လက္ငယ္သားမ်ား၏ကိစၥမ်ားလိုက္လံေျဖရွင္းေပးရျခင္းမ်ားၾကံဳမည္။

 

အလုပ္ပိုတာဝန္ပိုမ်ားလုပ္ကိုင္ရျခင္းေၾကာင့္ယခင္ထက္ပို၍စိတ္ပင္ပန္းလူပင္ပန္းျဖစ္ရလိမ့္မည္။ေနရာထိုင္ခင္းနွင့္ပတ္သက္၍စကားေျပာစရာေလးမ်ားၾကံဳမည္။

 

မိသားစုအတြင္းေမာင္ႏွမသားခ်င္းမ်ားေၾကာင့္စိတ္ညစ္ရတတ္သည္။

 

မိသားစုခ်င္းစိတ္ဝမ္းကဲြရတတ္သည္။အေျခအေနနွင့္အခ်ိန္အခါကိုေကာင္းစြာသံုးသပ္လုပ္ေဆာင္နိုင္ျခင္းေၾကာင့္ဘဝတိုးတက္မွဳမ်ားၾကံဳေတြ႕ရလိမ့္မည္။

 

ယာဥ္ကားကိစၥမ်ားျဖင့္စကားေျပာရတတ္သည္။နာမည္ေကာင္းရတတ္သည္။မေတာ္တဆထိခိုက္မွဳမ်ားသတိျပဳပါ။က်န္းမာေရးအနည္းငယ္အညံ႕႕ရွိသည္။

 

ရပ္ေဝးျပည္ပနွင့္ပတ္သက္ေသာလုပ္ငန္းမ်ားမွသတင္းစကားေကာင္းမ်ားၾကားရမည္။ပညာေရးကံေကာင္းမြန္သည္မျဖစ္မေနႀကိဳးပမ္းအားထုတ္မွဳေၾကာင့္ေမ်ွာ္လင့္ထားသည္မ်ားျဖစ္လိမ့္မည္။

 

ခ်စ္သူမရွိသူမ်ားခ်စ္သူရတတ္သည္။ခ်စ္သူရွိသူမ်ားအဖို႔စကားမ်ားစရာကိစၥေလးမ်ားၾကံဳမည္။ကိုယ့္အေရးထက္ခ်စ္သူကိုပိုဦးစားေပးေနရျခင္းမ်ားၾကံဳမည္။

 

ယၾတာအေနနဲ႕အခက္အခဲၾကံဳပါကျခေသၤ႕နွစ္ေကာင္မုခ္ဦးရွိေသာဘုရားတစ္ဆူဆူတြင္ေရႊသကၤန္းကပ္လွဴပူေဇာ္ဆုေတာင္းပါ။

 

 

စေန

======

 

ယခုကာလအတြင္းအထီးက်န္ဆန္ေနလိမ့္မည္။ကိုယ္တိုင္ကလည္းသီးသန္႔ေနထိုင္ေနလိုစိတ္ေတြမ်ားေနျခင္းမ်ားၾကံဳမည္။ယခုကာလအတြင္းေခါင္းမာတဇြတ္ထိုးဆန္သည့္စိတ္ကိုေလ်ာ့ပါ။

 

မာနကိုေရွ႕တန္းမတင္ပဲမိမိကိုယ္ကိုနွိမ့္ခ်ျခင္းေၾကာင့္မည္မွ်ပင္အခက္အခဲၾကံဳေစကာမူအစစအရာရာအေကာင္းဖက္သို႔ဦးတည္သြားလိမ့္မည္။

 

လုပ္ငန္းခြင္အတြင္းလုပ္ကိုင္ေဆာင္ရြက္ေနသူမ်ားအဖို႔ေငြထက္သစၥာတရားကိုပိုမိုဦးစားေပးလုပ္ကိုင္ေဆာင္ရြက္မွဳေၾကာင့္ေကာင္းေသာအႀကီးအကဲလူႀကီးမ်ား၏အေထာက္အကူေကာင္းမ်ားရရွိမည္။

 

လက္ရွိအခ်ိန္တြင္တတ္နိုင္သမွ်ဘာသာေရးနွင့္သက္ဆိုင္ေသာကိစၥမ်ားျပဳလုပ္ေလေလဘဝကံတက္လမ္းေၾကာင္းမ်ားပြင့္ေလျဖစ္သလိုထူးျခားေသာပုဂၢိဳလ္မ်ားဆီမွမေမ်ွာ္လင့္ပဲအကူအညီေကာင္းမ်ားရရွိတတ္သည္။

 

လုပ္ငန္းခြင္အတြင္းလုပ္ကိုင္သူမ်ားအဖို႔နည္းေကာင္းလမ္းမွန္မ်ားညႊန္ၾကားေပးနိုင္ေသာသူမ်ားဆရာေကာင္းမ်ား၏အေထာက္အပံ႕မ်ားရရွိမည္။ေငြကိုအဓိကမထားပါနွင့္။အရာရာကိုမိမိပညာဥာဏ္ျဖင့္သံုးသပ္ေဆာင္ရြက္ပါ။

 

လုပ္ငန္းသစ္မ်ားလုပ္ေဆာင္ျခင္း၊လမ္းသစ္ထြင္ျခင္းထက္လုပ္ငန္းေဟာင္းလမ္းေၾကာင္းေဟာင္းအတိုင္းေရွ႕ဆက္သြားျခင္းျဖင့္ထူးျခားေသာတက္လမ္းမ်ားပြင့္လိမ့္မည္။

 

အရာရာသည္းခံပါ အခ်ိန္ကိုေစာင့္ဆိုင္း၍အလုပ္လုပ္ပါ။ေငြမျမဲပဲေငြကုန္ေၾကးက်မ်ားလိမ့္မည္။ကိုယ့္ကိစၥထက္သူတစ္ပါးကိစၥမ်ားအတြက္ေငြကုန္တတ္သည္။ယခုကာလအတြင္းသတိျပဳေစလိုတာကေတာ့ေငြကိုအဓိကထားမလုပ္ေဆာင္ပါနွင့္။

 

ပညာေရးအထူးေကာင္းမြန္ၿပီးမိမိရည္မွန္းခ်က္မ်ားျပည့္ဝေပလိမ့္မည္။က်န္းမာေရးအညံ႕ရွိသည္။မ်က္စိျဖင့္ပတ္သက္လို႔ဥပါဒ္ေပးတတ္သည္။

 

ပ်ိဳရြယ္သူမ်ားအေနျဖင့္အခ်စ္ေရးမွာဦးစားမေပးသင့္ေသာအခ်ိန္ျဖစ္သည္။ေမတၱာေရးကိစၥမ်ားဆံုးျဖတ္ရာတြင္အခ်ိန္ယူပါ။

 

အထင္လဲြခံေနရမွဳမ်ားေျပလည္လိမ့္မည္။ေမတၱာစစ္နွင့္ အတုအေယာင္ကိုကဲြျပားသိျမင္လာလိမ့္မည္။ေဝးကြာေနသူမ်ားျပန္လည္ဆံုစည္းနိုင္သလိုသစၥာတရားနွင့္စစ္မွန္ေသာေမတၱာကိုရရွိမည့္အခ်ိန္ပါ။

 

ခ်စ္သူမွပစ္ခြာခံရသူမ်ားအဖို႔အတိတ္ကိုေတြးေဆြးမေနပါနဲ႕လို႔အျကံေပးပါရေစ။

 

ယၾတာအေနနဲ႕အခက္အခဲၾကံဳေတြ႕ရပါကအဘဘိုးဘိုးေအာင္ရုပ္တုအားသန္႔ရွင္းေရးျပဳလုပ္ျခင္းပန္းေရခ်မ္းကပ္လွဴကာဆုေတာင္းပါ။

 

Crd-ဆရာရဲထက္မြန္(ခါေတာ္မွီ)

 

Myanmar Wedding Guide

jjjj

Read times Last modified on Friday, 07 February 2020 11:22
Rate this item
(0 votes)
Tagged under