တစ်ဘဝလုံးစာချစ်ခရီးလမ်းအဆင်ပြေစေဖို့သင့်ချစ်သူကိုမေးသင့်သောအရာများ

တစ်ဘဝလုံးစာချစ်ခရီးလမ်းအဆင်ပြေစေဖို့သင့်ချစ်သူကိုမေးသင့်သောအရာများ google.com

ဒါမျိုးလေးတွေကသင်တို့ရဲ့အချစ်ရေးမှာတကယ်ကိုလိုအပ်တာလေးတွေပါ။

 

 

() သူ့မိသားစုနဲ့သူ့ရဲ့ဆက်ဆံရေးကို မေးပါ

 

သူ့မိသားစုနဲ့သူ့ရဲ့ဆက်ဆံရေးကို မေးပါသူ့ရဲ့မိသားစုအသိုင်းဝိုင်းနဲ့သူ့ရဲ့ဆက်ဆံရေးကို သေချာသိအောင်မေးထားပါ။ မတော်လို့ကိုယ်ကသူ့မိသားစုအသိုင်းဝိုင်းနဲ့ဆုံတဲ့အခါ သူတို့ဆက်ဆံရေးကို မသိပဲအပြောဆိုမတတ်တာမျိုးဖြစ်သွားခဲ့ရင်မကောင်းပါဘူး။ ဒါကြောင့်သေချာမေးထားပြီးသူနဲ့သူ့မိသားစုဆက်ဆံရေးကိုသိပါစေ။

 

 

() ကိုယ်နဲ့ဘာအကြောင်းအရာမျိုးတွေဆွေနွေးပြောဆိုဖို့သူခက်ခဲတတ်သလဲမေးပါ

 

ကိုယ်နဲ့ဘာအကြောင်းအရာမျိုးတွေဆွေနွေးပြောဆိုဖို့သူခက်ခဲတတ်သလဲမေးပါကိုယ်နဲ့သူဘာအကြောင်းအရာမျိုးတွေပြောဆိုဖို့ကိုသူဝန်လေးတတ်လည်းဆိုတာ မျိုးကိုသိအောင်လုပ်ထားပါ။ ပွင့်ပွင့်လင်းလင်းမေးထားပါ။ ဒီလိုအရာမျိုးတွေကိုမသိထားဘူးဆိုရင်နောက်ပိုင်းပိုပြီးအဆင်မပြေဖြစ်လာနိုင်ပါတယ်။

 

 

() ကိုယ်နဲ့ပတ်သတ်ပြီးသူ့စိတ်ထဲဘယ်အရာတွေကိုဂုဏ်ယူလဲဆိုတာမေးပါ

 

ကိုယ်နဲ့ပတ်သတ်ပြီးသူ့စိတ်ထဲဘယ်အရာတွေကိုဂုဏ်ယူလဲဆိုတာမေးပါ ကိုယ်နဲ့ပတ်သတ်ပြီးသူ့စိတ်ထဲကဘယ်အရာတွေကိုသဘောကျလဲဆိုတာမျိုးကိုမေးထားပါ။ ကိုယ်နဲ့ပတ်သတ်ပြီးသူကြိုက်တဲ့အရာတွေကို ကိုယ်တိုင်သိထားရင်ဆက်ဆံရေးပိုပြီး ပြေလည်အေးချမ်းစေမှာ အမှန်ပါပဲ။

သင်နဲ့ပတ်သတ်ပြီးဘာအကြောင်းအရာကြောင့်သင်နောက်ဆုံးငိုခဲ့ရလည်းဆိုတာမျိုးပါ၊ သင့်ကိုတကယ်ချစ်တဲ့သူဆိုသူ့ကြောင့်သင်နာကျင်ခဲ့ရတဲ့အချိန်ကိုမှတ်မိနေမှာပါ။

 

 

() သူ့ရဲ့ကိုယ်တိုင်ပြောင်းလဲပစ်ချင်တဲ့အရာကဘာလဲဆိုတာ မေးပါ

 

သူ့ရဲ့ကိုယ်တိုင်ပြောင်းလဲပစ်ချင်တဲ့အရာကဘာလဲဆိုတာ မေးပါ သူကိုယ်တိုင်ပြောင်းလဲပစ်ချင်စိတ်ပြင်းထန်နေတဲ့အရာတွေကဘာတွေလဲမေးထားပါ။ ဒီလိုအရာတွေကသူ့ဘ၀အတွက်အရေးကြီးတဲ့စိတ်ခံစားချက်တစ်စိတ်တစ်ပိုင်းဖြစ်လို့ ဒီလိုအရာတွေကိုသိအောင်လုပ်ထားပါ။

 

 

Credit;Trend.com.mm

Read times Last modified on Monday, 17 December 2018 14:33
Rate this item
(1 Vote)