နတ်ဖတ်တဲ့ စုံတွဲလေးတွေဖြစ်ဖို့နည်းလမ်း (၅) သွယ်

နတ်ဖတ်တဲ့ စုံတွဲလေးတွေဖြစ်ဖို့နည်းလမ်း (၅) သွယ် google.com

ချစ်သူနဲ့ သာယာပျော်ရွှင်တဲ့ အချစ်ေရးတစ်ခုကို တည်ဆောက်ဖို့လွယ်လွယ်လေးနဲ့မရနိုင်သလို ချစ်ေနရုံနဲ့လည်း မရနိုင်ပါဘူး။ ဒါ့ကြောင့်သာယာပျော်ရွှင်တဲ့ Relationship တစ်ခုကို တည်ဆောက်နိုင်ေစမယ့် နည်းလမးေ်လးတွေကို ပြောပြပေးလိုက်ပါတယ်နော်။

 

() ပွင့်လင်းစွာပြောဆိုဆက်ဆံပါ

 

Relationship တစ်ခုမှာ အရေးအကြီးဆုံးက တစ်ေယာက်နဲ့တစ်ေယာက် ရိုးသားပွင့်လင်းတဲ့ ဆက်ဆံရေးတွေရှိဖို့အရေးကြီးပါတယ်။ ဒါ့ကြောင့် မပြောဘဲနဲ့နားလည်လိမ့်မယ်ဆိုတဲ့ စိတ်ထားတွေကို ဖယ်ရှားထားပြီး တစ်ေယာက်ကိုတစ်ေယာက် ပွင့်လင်းစွာ ပြောဆိုဆက်ဆံပါ။

 

 

() နှစ်ဖက်မိသားစုတွေ၊  သူငယ်ချငးေ်တွနဲ့ ရငးနှီးေ်အာင်နေပါ

 

နှစ်ဖက်လုံးက သူငယ်ချင်းနဲ့ ဆွေမျိုးတွေနဲ့ နီးစပ်မှုရှိပါစေ။ ဘဝတစ်ေလျှာက်လုံး သူတို့တွေနဲ့ ဆက်ဆံနေရမှာဖြစ်တဲ့အတွက် သူတို့နဲ့ဆက်ဆံရေးကို ချန်လှပ်ထားလို့မရပါဘူး။ ဒါ့ကြောင့် နှစ်ဖက်အသိုင်းအဝိုင်းနဲ့ ရငးနှီ်းမှုရှိအောင်ကြိုးစားပါ။

 

 

() အသစ်အဆန်းတွေကိုအတူအကွလေ့လာပါ

 

သင့်လက်တွဲဖော်နဲ့ဝါသနာတူတွေကို မျှဝေပါ။ စာအုပ်တစ်အုပ်အကြောင်းကိုဆွးနွေးတာဖြစ်ြဖစ်၊ အတွေ့ အကြုံတွေကို ဖလှယ်တာဖြစ်ြဖစ်လုပ်ပါ။ ပန်းတိုင်တစ်ခုကို စိတ်တူကိုယ်တူ ချီတက်နေတဲ့လက်တွဲဖော်ရှိခြင်းက ကံကောငြး်ခင်းတစ်မျိုးပါ။

 

 

() ကြင်နာယုယပါ

 

Relationship တစ်ခုသာယာဖို့ဆိုတာ လိင်မှုကိစ္စတွေ၊ ရိုမန်တစ်ဆန်တာတွေနဲ့ပဲ ရာနှုနးပြည့်ထိန်းသိမ်းထားလို့ မရနိုင်ပါဘူး။ တစ်ေယာက်ကိုတစ်ေယာက် ကြင်နာယုယတာ၊ ဂရုစိုက်တာလေးတွေကပဲ တစ်ေယာက်ကိုတစ်ေယာက် အချစ်ေတွတိုးပွားစေနိုင်တာပါ။ ချစ်သူကိုကော်ဖီဖျော်တိုက်တာမျိုး၊ လမးေ်လျှာက်တဲ့အခါ လက်တွဲပေးထားတာမျိုးတွေက သင့် Relationship ကို ပိုမိုခိုင်မြဲလာစေပါတယ်။

 

 

() တစ်ယောက်ကိုတစ်ယောက်အရှိအတိုင်းလက်ခံပါ

 

Relationship တစ်ခုမှာ လူနှစ်ေယာက်ပေါင်းစည်းတာဖြစ်တဲ့အတွက် စိတ်သဘောထားခြင်း်ထပ်တူကျဖို့ မလွယ်ကူပါဘူး။ ချစ်သူရဲ့အားနည်းချက်တွေကို အရှိအတိုင်းလက်ခံပြီး တစယောက်နဲ့တစ်ေယာက် အားနည်းချက်၊ အားသာချက်တွေကို ထိန်းညှိပြီး နားလည်သဘောပေါက်ဖို့လည်း လိုပါတယ်။

 

ဒီအချက်လေးတွေအတိုင်းသာ လိုက်ကျင့်သုံးကြည့်မယ်ဆိုရင် နတ်ဖတ်တဲ့စုံတွဲလေးတွေ ဖြစ်လာမှာ အသေအချာပါပဲ။

 

 

Credit;Gandawin Magazine

Read times Last modified on Wednesday, 26 September 2018 11:13
Rate this item
(1 Vote)