သဝန်တိုလွန်းသူနဲ့ ချစ်သူဖြစ်နေတဲ့အခါ

သဝန်တိုလွန်းသူနဲ့ ချစ်သူဖြစ်နေတဲ့အခါ google.com

အူတိုတတ်တာဟာ မကောင်းတဲ့စိတ်ခံစားချက်တစ်ခုပါ။

အဲဒါမှာ မကောင်းတဲ့အတွေးတွေ ကြောက်လန့်စိုးရိမ်မှုတွေပါဝင်ပါတယ်။ အဲဒါဟာ လူတစ်ယောက်တန်ဖိုးရှိတာတစ်ခုကို ဆုံးရှုံးရမှာကြောက်တဲ့စိတ်နဲ့တူတူပါပဲ။ သင်တို့ ချစ်ဇာတ်လမ်းမှာဆိုရင်တော့ သင်ဟာသူမအတွက်တန်ဖိုးရှိတဲ့အရာပေါ့။ ချစ်ဇာတ်လမ်းတစ်ခုမှာ သင့်ကို သူမကလိုချင်စွဲလမ်းနေတာကောင်းပေမယ့်များလွန်းလာရင်တော့ သင်ဘယ်လောက်ရိုးသားရိုးသားသင့်ကိုမယုံကြည်မှုတွေ ချုပ်ချယ်မှုတွေနဲ့တားမြစ်လာပါလိမ့်မယ်။ သူမရဲ့အူတိုမှုက သင်တို့နှစ်ယောက်ကြားမှာအခက်အခဲဖြစ်နေပါသလား။ အောက်မှာအူတိုသူတွေရဲ့အကျင့်တွေနဲ့ သင်တို့ချစ်ဇာတ်လမ်းကို ဘယ်လိုထိခိုက်နိုင်လဲဆိုတာဖော်ပြထားပါတယ်။

 

အူတိုတာပြင်လို့မရပါဘူး

ပြဿနာတော်တော်များများကနှစ်ယောက်ညှိလို့ ရပေမယ့် အူတိုလွန်းတာဟာပြင်ဖို့အရမ်းခက်ပါတယ်။ ဘာလို့လဲဆိုတော့ အူတိုသူတစ်ယောက်ဟာ သူမမှားတယ်ဆိုတာ လက်မခံလို့မပြင်ချင်လို့ပါ။ အူတိုနေတာရပ်ဖို့က တခြားဟာတွေကို မနာလိုမဖြစ်ရအောင် ကိုယ့်ဘာသာယုံကြည်မှုရှိလာဖို့နဲ့ မိမိပြင်လို့မရတဲ့အရာတွေကို လွှတ်ပေးလိုက်ဖို့ပါ။ အူတိုသူတွေဟာ အဲဒါနှစ်ခုလုံးကိုမလုပ်ချင်ပါဘူး။ ချစ်ဇာတ်လမ်းတိုင်းဟာ အချိန်ကြာလာတာနဲ့ အမျှ ရင့်ကျက်လာပါတယ်။ ဒါပေမယ့် တစ်ယောက်ယောက်က အူတိုလွန်းပြီး မရင့်ကျက်နိုင်ဘူး၊ ပြသနာမဟုတ်တာလေးတွေနဲ့ ရန်စနေမယ်ဆိုရင်တော့ လမ်းခွဲမှုကသာ အဆုံးဖြစ်မှာပါ။

 

သူမအူတိုမှုကြောင့် ရန်အမြဲဖြစ်နေရရင်

ရင်းနှီးတဲ့လူနှစ်ယောက် ရန်ဖြစ်တတ်တာထုံးစံပါ။ ရန်ပွဲတိုင်းဟာ သူမအူတိုလို့ဆိုရင်တော့ နည်းနည်း ပြသနာရှိပါတယ်။ သင့်မှာ သူမထက်အရေးကြီးတာတစ်ခုခု ရှိလိုက်တာနဲ့ ရန်ဖြစ်တယ်။ သင်တို့နှစ်ယောက်ကြားမှာ ရန်ခဏခဏ ဖြစ်လွန်းလို့ ဘာကြောင့်စဖြစ်လဲ ဆိုတာတောင်မသိတော့ဘူး။ အဲဒါနဲ့ သင်ကပဲ ပခုံးခံပြီး တောင်းပန်လိုက်တယ်။ ဒါပေမယ့် မကြာပါဘူး။ ဘာမဟုတ်တာလေးကနေ ထပ်ဖြစ်တယ်။ ချစ်နေတဲ့အချိန်ထက် ရန်ဖြစ်ချိန်များရင် သင့်ချစ်ဇာတ်လမ်းက ပျက်ဖို့များပါတယ်။

 

သင့်ဆီက သတင်းကောင်းတွေ မကြားချင်ရင်

မိန်းမတစ်ယောက်ဟာ သင့်သူငယ်ချင်းတွေကို အူတိုတာထုံးစံပါ။ ဒါပေမယ့် သင်ပျော်တဲ့အလုပ်ရသွားတာကို အူတိုတာ၊ သင်အကြောင်းတစ်ခုခုကြောင့်ပျော်နေတာကိုအူတိုတာမျိုးဆိုရင် လွန်သွားပါပြီ။ အူတိုသူတစ်ယောက်ဟာ သူမ မရှိရင်လဲ သင် ပျော်တာတွေ့ထားပြီပဲ လို့ ထင်တတ်ပါတယ်။

 

အဖြေမရှိတဲ့ မေးခွန်းတွေ ခဏခဏ မေးရင်

မိန်းမတွေ မေးတတ်တဲ့ မေးခွန်းအများစုဟာ စပ်စုတာလေးတွေပါ။ တစ်ခါတစ်လေမှာတော့ ကြောက်ဖို့ကောင်းတဲ့ မေးခွန်းတွေလာတတ်ပါတယ်။ အူတိုသူတစ်ယောက်ဟာ သင်ဘာဖြေဖြေ အကောင်းမမြင်ပါဘူး။ အူတိုသူတွေဟာ သင်ဘာမှမလုပ်ရင်တောင် သင့်ကို မေးခွန်းတွေသုံးပြီး အဖြေမှားအောင်စောင့်တတ်ပါတယ်။ အဖြေမှားရင်ရန်စတော့တာပါပဲ။ ဘယ်သူမှ အမြဲ ရန်ဖြစ်နေရတဲ့ ဇာတ်လမ်းမှာမနေချင်ပါဘူး။

 

သင်နဲ့သူမရဲ့ချစ်ဇာတ်လမ်းကို အမြဲမယုံကြည်ရင်

သင့်သူငယ်ချင်း ကောင်မလေးတွေနဲ့ သင်နဲ့ ဆက်ဆံရေးကို သူမ မနာလိုဖြစ်နေရင် သင်တို့သူငယ်ချင်းနှစ်ယောက်ကြားကို ခဏခဏ Checking ဝင်နေပါလိမ့်မယ်။ အဲဒါဟာ သင့်ချစ်ဇာတ်လမ်းကို စိတ်မချလို့ ဖြစ်ပြီး ပြသနာမဟုတ်တာတွေကို ခဏခဏ ပြဿနာရှာနေတတ်ပါတယ်။ ကိုယ့်ချစ်ဇာတ်လမ်းကို သံသယဖြစ်တာဟာ သင်တို့နှစ်ယောက်ခွာပြဲသွားစေနိုင်မယ့်အကောင်းဆုံးနည်းလမ်းပါ။

 

သင် အွန်လိုင်းမှာလုပ်သမျှကို စောင့်ကြည့်နေရင်

သူမက သင့်ကိုဖုန်းမခေါ်ဘူး၊ စာမပို့ဘူး၊ ဘယ်ရောက်နေလဲဆိုတာ မမေးဘူးဆိုရင် သင့်ရဲ့ Facebook ကို အသုံးချပြီး သင်ဘာလုပ်နေတယ်၊ ဘယ်ရောက်နေတယ်၊ ဘာတွေးနေတယ်ဆိုတာကိုတောင်မှ ဖော်ထုတ်ဖို့ ကြိုးစားနေတာ ဖြစ်ပါတယ်။ သင့်အကောင့်နဲ့တောင်ဝင်ကြည့်နေနိုင်ပါတယ်။ ဘယ်သူမှ အဲလိုစောင့်ကြည့်တာမကြိုက်ပါဘူး။

 

သူမမျက်လုံးထဲကအပျောက်မခံရင်

တကယ်လို့ သူမဟာ သင့်ကို တစ်ချိန်လုံးမျက်လုံးဒေါက်ထောက် ကြည့်နေရင် ပုံမှန်အမျိုးသားတစ်ယောက်ရဲ့ဘဝကို မရနိုင်ပါဘူး။ သင့်သူငယ်ချင်းတွေနဲ့ ဘီယာဆိုင် ထိုင်လို့မရဘူး။ တကယ်လို့ သူမခွင့်မပြုတဲ့ တစ်နေရာရာ သွားချင်ရင် သူမကိုလိမ်ရမှာပါ။ လိမ်တယ်ဆိုတာ ချစ်ဇာတ်လမ်းတိုင်းအတွက် အဆိပ်အတောက်ပါပဲ။

 

Credit : Gentleman Magazine

Myanmar Wedding Guide

Read times Last modified on Saturday, 16 March 2019 16:06
Rate this item
(1 Vote)