စိတ်နာအောင်မလုပ်မိပါစေနဲ့

စိတ်နာအောင်မလုပ်မိပါစေနဲ့ google.com

အရမ်းချစ်ဖူးတဲ့သူတွေပဲစိတ်နာတယ်ဆိုတဲ့ခံစားချက်ကိုသိကြလိမ့်မယ် ။ အရမ်းချစ်မိလို့သာစိတ်နာသွားကြတာပါ ။ကိုယ်ကလုံးဝမှမမျှော်လင့်ထားတဲ့အရာတွေကိုသူလုပ်သွားတဲ့အခါကျရင်စိတ်နာသွားတတ်ကြတယ် ။

စိတ်နာတယ်ဆိုတာကိုမုန်းတယ်လို့လည်းပြောလို့မရဘူး ။ ချစ်နေသေးတာလည်းမဟုတ်ပါဘူး ။ နှလုံးသားထဲမှာသေရာပါတော့မယ့်နာကျင်စရာဒဏ်ရာတွေကိုရသွားတာပါ ။ကိုယ်အရမ်းချစ်ရတဲ့သူတစ်ယောက်ကိုစိတ်နာသွားတယ်ဆိုတာကလည်းတော်တော့်ကိုဝမ်းနည်းဖို့ကာင်းပါတယ် ။ ခံစားရလည်းခက်ပါတယ် ။ ကိုယ့်အပေါ်မှာသူ့ရဲ့လုပ်ရပ်တွေကြောင့်စိတ်နာသွားတယ်။တခါတလေတော့လည်း သူနဲ့ပတ်သတ်ဖူးတဲ့အကြောင်းအရာလေးတွေ ၊ နေရာလေးတွေ ၊ အမှတ်တရလေးတွေကို တိုက်ဆိုင်ရင်တော့ လွမ်းမိတယ် ၊ ဆွေးမိတယ် ။ ချစ်သေးလားလို့မေးရင်တော့မချစ်တော့ဘူး ၊ မုန်းသွားတာလားလို့မေးရင်မုန်းလည်းမမုန်းဘူး ။ဒါပေမဲ့သူ့ဆီကိုပြန်သွားမလားလို့မေးရင်မသွားဘူးလို့ပဲပြန်ဖြေရလိမ့်မယ် ။ အဲ့ဒါတွေကစိတ်နာသွားတာလို့ပဲပြောရပါလိမ့်မယ် ။ စိတ်နာသွားတဲ့သူကသူ့ချစ်သူဆီကိုဘယ်တော့မှပြန်မသွားကြဘူး ။ ဘာလို့လဲဆိုသူ့ကိုမြင်တိုင်းနာကျင်ခံစားရတယ်လေ ။ဘယ်လောက်ကြီးပဲချစ်နေချစ်နေစိတ်နာသွားရင်တော့လုံးဝကိုပြန်လှည့်မကြည့်တတ်တော့ဘူး ။ တခါတလေချစ်နေပါရက်နဲ့စိတ်နာနေရတဲ့ အဖြစ်မျိုးတွေလည်းရှိတယ် ။ ချစ်နေရက်နဲ့စိတ်နာနေရတဲ့အဖြစ်မျိုးကခံစားရအခက်ဆုံးပါပဲ ။အဲ့ဒါကြောင့် လူတယောက်ကိုစိတ်နာအောင်ဘယ်တော့မှမလုပ်မိပါစေနဲ့နော်။

 

Myanmar Wedding Guide

 

Credit;အချစ်နဲ့ဗေဒင်

Read times Last modified on Wednesday, 19 September 2018 10:00
Rate this item
(3 votes)