၂၀၂၀ခုနှစ် နိုဝင်ဘာလ ၂၃ ရက်နေ့မှ ၂၉ ရက် အထိ တစ်ပတ်စာ သင့်ကံကြမ္မာ

၂၀၂၀ခုနှစ် နိုဝင်ဘာလ ၂၃ ရက်နေ့မှ  ၂၉ ရက် အထိ တစ်ပတ်စာ သင့်ကံကြမ္မာ Google

တနင်္ဂနွေနေ့

 

ဒီအပတ်ထဲမှာ အိုးအိမ် ပြောင်းရတာမျိုး လုပ်ငန်း နေရာပြောင်းရတာမျိုး ကြုံတတ်တယ်။ ဖြတ်လမ်းစီးပွါးရေးများ မလုပ်ပါနဲ့။ ဆုံးရှုံးမှုတွေများတတ်တယ်။ ငွေကြေး ဝင်လိုက် ထွက်လိုက်နဲ့ မမြဲပဲ ဖြစ်နေမယ်။ ရေလုပ်ငန်း ရွှေလုပ်ငန်း ရှယ်ယာလုပ်ငန်းများ အရောင်းအဝယ်အေးနေတတ်တယ်။ ပညာရေးကိစ္စ မြေကိစ္စတွေမှာတော့ အောင်မြင်မယ်။ ထင်သလောက်မအောင်မြင်နိုင်တာကတော့ ရွှေလုပ်ငန်းဖြစ်ပါမယ်။

အနှောင့်အယှက် အနည်းငယ်တွေ့ရတတ်တယ်။ လူပျို လူလွတ် လူငယ်များ ဆန်းပွင့်မယ်။ ငယ်ငယ်ရွယ်ရွယ်နဲ့ အိမ်ထောင်ကျတာမျိုး ကြုံတတ်တယ်။ လုပ်ငန်း ပညာရေးအနှောင့်အယှက်ဖြစ်သွားတတ်ပါတယ်။ ဖြစ်န်ုင်ပါက အိမ်ထောင်ပြုခြင်းကို လောလောဆယ်ရှောင်ပါ။ အစစအရာရာ ကြီးပွါးတိုးတတ်အောင်လုပ်ဆောင်ရမဲ့ အချိန်တွေမှာ လမ်းကြောင်းတွေ ပျက်တတ်ပါတယ်။ ယာဉ် စက်မောင်းနှင်ခြင်းသတိပြုပါ။ ဒဏ်ရာအနာတရ ဖြစ်တတ်ပါတယ်။ ကံကောင်းစေသောဂဏန်း ၁ ၇ ၂ ဖြစ်ပါတယ်။

ယတြာ - ကံကောင်းစေရန် ခွေးစာကျွေးပါ။

 

တနင်္လာနေ့

အထက်လူကြီး အရေးပေးခြင်းတွေ ခံရမယ်။ ရာထူးတိုးပေးတာ Bonus ပေးတာကြုံရမယ်။ အဖိုးတန်ပစ္စည်း ပျောက်ဆုံးတတ်တယ်။ ဥပမာ ဆိုင်ကယ် စက်ပစ္စည်း စတာတွေ ဖြစ်ပါတယ်။ စာရင်းဇယားများ စာချုပ်လက်မှတ်ထိုးတာများ အထူးသတိထား လုပ်ကိုင်ပါ။ သေချာ စစ်ဆေးပြီးမှ ဆောင်ရွက်ပါ။

မြေကိစ္စ အမွေကိစ္စတွေ ဆွေမျိုးများနှင့် အခြေအတင်စကားပြောရမယ်။ ဒါပေမဲ့ ကိုက ပြောဆို အောင်မြင်ပါလိမ့်မယ်။ အမဲသားစားခြင်း လက်ဖက်စားခြင်းရှောင်ပါ။ သူများပြုစားတာမျိုး ခံရတတ်ပါတယ်။ ဖြတ်လမ်းစီးပွါးရေးများ သတိထားပါ။ အန္တရာယ်ကြုံတတ်ပါတယ်။ ချစ်သူ အိမ်ထောင်ဖက် ခြေလှမ်းပျက်နေတာမျိုး တွေ့ရ ပါလိမ့်မယ်။ လေရောဂါ ဝမ်းဗိုက်နာတာမျိုးတွေ မကြာခန ကြုံတတ်ပါတယ်။ ကံကောင်းစေသောဂဏန်း ၂ ၈ ၃ ဖြစ်ပါတယ်။ 

ယတြာ - ကံကောင်းစေရန် လက်ဖက် ၉ ပုံပုံပြီး ဘုရားလှူပါ။

 

အင်္ဂါနေ့

လုပ်ငန်းအပြောင်းအရွှေ့ နေရာအပြောင်းအရွှေ့လေးတွေ ကြုံတတ်တယ်။ အထက်လူကြီး ပုဂ္ဂိုလ် ပြောင်းသွားတာမျိုးလဲ ကြုံတတ်တယ်။ ငွေကံကောင်းလာပြီဖြစ်ပါတယ်။ ငွေဝင်မယ်။ ရွှေဝင်မယ်။ သားသမီးရတနာ ရပါလိမ့်မယ်။ ရွှေနှင့် ပက်သက်ပြီး စကားအခြေအတင်လေးတော့ ပြောရလိမ့်မယ်။ အရက်၊ လောင်းကစား၊ မူးယစ်ဆေး စတဲ့ ကိစ္စများမှာ အထူးသတိပြုပါ။ အန္တရာယ်ကြုံတတ်ပါတယ်။ စာရင်းမှားတာ စာရင်းကွာတာမျိုးတွေ လဲ ကြုံတွေ့တတ်ပါတယ်။ အတွင်းလူ လူယုံသတိထားပါ။

ပညာရေးကိစ္စ မြေကိစ္စတွေမှာတော့ အနည်းငယ် အခက်အခဲ ကြုံတတ်ပါတယ်။ မိန်မတစ်ဦးရဲ့နှောင့်ယှက်မှုကြောင့် ဆုံးရှုံမှုတွေ ဖြစ်ပေါ်တတ်တယ်။ ဆွေမျိုးများနှင့်လဲ မြေကိစ္စစကားပြောရလိမ့်မယ်။ အောင်မြင်ပါလိမ့်မယ်။ ငွေကုန်ကြေးကျ များတဲ့ ရင်နှီးမှုများတော့ ရှောင်ပါ။ ချစ်သူ အိမ်ထောင်ဖက်နှင့် သဘောထားကွဲလွဲပြီး စကားများရတတ်ပါတယ်။ ဒူးနာ ခါးနာတာမျိုးတွေ ဖြစ်တတ်ပါတယ်။ ကံကောင်းစေသောဂဏန်း ၃ ၉ ၄ ဖြစ်ပါတယ်။

ယတြာ - ကံကောင်းစေရန် ငါးစာကျွေးပါ။

 

 ဗုဒ္ဓဟူးနေ့

မြေကိစ္စ ဘဏ်လုပ်ငန်းကိစ္စ ပရိဘောဂလုပ်ငန်းများ နဲ့ ပက်သက်ပြီးတော့ အထက်လူကြီးများနဲ့ စကားအခြေအတင်ပြောရလိမ့်မယ်။ ဒါပေမဲ့ ကိုယ့်ရဲ့ပြောဆိုမှုတွေ အောင်မြင်မှာ ဖြစ်ပါတယ်။ ကိုယ့်အပေါ် အတိုက်အခိုက်လေးတွေ ရှိတာမို့ သတိပြု ဆင်ခြင်သင့်ပါတယ်။ အောက်လက်ငယ်သား လူမျိုးခြားသတိထားပါ။ ဖြတ်လမ်းစီးပွါးရေးလုပ်ငန်းမျိုးတော့ မလုပ်ပါနဲ့။ အန္တရာယ်ကြုံတတ်ပါတယ်။

ပညာရေးကိစ္စများ အတိုက်အခံပြောဆိုရလိမ့်မယ်။ အခြေခံလုပ်သားများ ငွေကြေးအဆင်ပြေပါလိမ့်မယ်။ အိမ်ထောင်ဖက်ရဲ့ကျန်းမာရေး ညံ့တတ်ပါတယ်။ ချစ်သူနှင့် စကားအခြေအတင်ပြောဆိုမှု အဆင်ပြေပါလိမ့်မယ်။ ခါးနာတာ ခါးညပ်တာမျိုးတွေ ဖြစ်တတ်ပါတယ်။ ငွေဝင်မယ်။ ဒါပေမဲ့ ဆုပ်တော့ ရှောင်ပါ။ ကံကောင်းစေသောဂဏန်း ၄ ၀ ၅ ဖြစ်ပါတယ်။

ယတြာ - ကံကောင်းစေရန် အမွှေးတိုင် ၁၁တိုင်လှူပါ။

 

 ကြာသပတေးနေ့

လုပ်ငန်းတိုးချဲ့ လုပ်ကိုင်တာမျိုးတွေ လုပ်ရမယ်။ ဘာသာရေး ကုသိုလ်ရေးနှင့် ပက်သက်ပြီး ခရီးသွားလာရတတ်ပါတယ်။ ငွေကြေးကိစ္စအကြပ်အတည်း အနည်းငယ်ဖြစ်တတ်ပါတယ်။ လူမျိုးခြား နိုင်ငံခြားနှင့် ပက်သက်တဲ့ ကိစ္စတွေ အောင်မြင်ပါလိမ့်မယ်။ ကံကောင်းခြင်းတွေ တွေ့ရပါမယ်။ ဒါပေမဲ့ တရားမဝင်သော လုပ်ငန်းများတော့ မလုပ်ပါနဲ့။ စပ်တူလုပ်ငန်း ရှယ်ယာလုပ်ငန်းများ ငွေရမယ်။ အကုသိုလ်လုပ်ငန်းအကျိုးမပေးပါ။ မိမိအထက်အရာရှိအဝေးသို့ ပြောင်းရွှေ့ရတတ်ပါတယ်။ ရက်ပိုင်းအတွင်းဖြစ်ပါလိမ့်မယ်။

လယ်ယာလုပ်ငန်းများ မြေယာလုပ်ငန်းများ တိုးတတ်ကောင်းမွန်ပါလိမ့်မယ်။ ချစ်သူ အိမ်ထောင်ဖက်နှင့် အဆက်အသွယ်ပြတ်နေတတ်ပါတယ်။ လည်ပြွန်ရောင်ရမ်းတာ လည်ချောင်းနာတာမျိုး ဖြစ်တတ်ပါတယ်။ ကံကောင်းစေသောဂဏန်း ၅ ၁ ၆ ဖြစ်ပါတယ်။

ယတြာ -ကံကောင်းစေရန် ဇီးညွန့် ၃ ညွန့် ဘုရားလှူပြီး ဇီးယို ဆွမ်းကပ်လှူပါ။

   

သောကြာနေ့

ဒီလပိုင်း ဒီရက်ပိုင်းတွေမှာ ရန်ပေါ်မယ်။ အတိုက်အခိုက် အနှောင့်အယှက်လေးတွေ ကြုံတတ်တယ်။ အမျိုးသမီး မုဆိုးမ သို့မဟုတ် အိမ်ထောင်ပျက်တစ်ဦးရဲ့ တိုက်ခိုက်ခြင်းခံရမယ်။ ဂုဏ်သိက္ခာထိခိုက်တတ်တယ်။ အကြီးအကဲရဲ့ ငြိုငြင်မှုတွေလဲ ခံရမယ်။ စာချုပ်ကိစ္စ စာရင်းဇယားကိစ္စတွေမှာ အမှား တွေ့ရတတ်တယ်။ ဆန်စက် စက်ပစ္စည်းနှင့် ပက်သက်တာတွေ သတိထားလုပ်ကိုင်ပါ။ ဆုံးရှုံးမှုတွေ ကြုံရမယ်။ ငွေရှာရဖွေရလွယ်ကူမယ်။ ငွေကြေးလာဒ်ရွှင်မယ်။

လာမဲ့ နှစ်ပတ်ကနေ စပြီးတော့ ငွေကြေးနဲ့ ပက်သက်ပြီး ပြေလည်သွားဖို့ရှိပါတယ်။ လူမျိုးခြားမိတ်ဆွေများရဲ့ အကူအညီတွေ အများကြီးရပါလိမ့်မယ်။ လျှပ်စစ်မီးသတိပြုပါ။ အန္တရာယ်ကြုံတတ်ပါတယ်။ ချစ်သူ အိမ်ထောင်ဖက် အဝေးမှ ရောက်ရှိလာလို့ ပျော်ရွှင်ရပါလိမ့်မယ်။ ကံကောင်းစေသောဂဏန်းမှာ ၆ ၇ ၂ ဖြစ်ပါတယ်။

ယတြာ - ကံကောင်းစေရန် သက်သက်လွတ်စားပါ။ ပုတီးစိပ်ပါ။

 

စနေနေ့

ဒီအပတ်ထဲမှာ လုပ်ငန်းသစ်များ စတင်လုပ်ကိုင်ရန် အချိန်ကောင်းတွေ ဖြစ်ပါတယ်။ ကြီးမားတဲ့ လုပ်ငန်းများ လုပ်ကိုင်ခြင်း၊ ငွေကြေးအများကြီး စိုက်ထုတ်လုပ်ကိုင်ခြင်းများတော့ ရှောင်ပါ။ စပ်တူရှယ်ယာခေါ်ပါ။ ဗုဒ္ဒဟူး၊ ရာဟူ သားသမီးများ သင့်တော်ပါတယ်။ မြေကိစ္စ၊ အမွေကိစ္စတွေ ပြေဆို အောင်မြင်ပါလိမ့်မယ်။ စန်းပွင့်နေတာမို့ အိမ်ထောင်သည်များတော့ သတိထားပါ။ သစ္စာရှိဖို့တော့ လိုပါတယ်။ ကိုယ်ကျင့် တရားကောင်းမှ ကိုယ့်လုပ်ငန်းကိစ္စတွေ အောင်မြင်ပါလိမ့်မယ်။

သွပ်၊ သံ၊ သစ်နှင့် ပတ်သက်တဲ့ ကိစ္စ သစ်သီး၊ သဲတို့နှင့် ပက်သက်တဲ့ ကိစ္စတွေတော့ မလုပ်ပါနဲ့။ ရေလုပ်ငန်း ရွှေလုပ်ငန်း လယ်ယာလုပ်ငန်းတွေတော့ ကံကောင်းလာပါပြီ။ ဦးခေါင်းပိုင်းနှင့် ပက်သက်တဲ့ ရောဂါ မကြာခနဖြစ်နေတတ်ပါတယ်။ ချစ်သူ အိမ်ထောင်ဖက်အပေါ်မှာတော့ သစ္စာရှိပါ။ လှေနံနှစ်ဖက်နင်းတာကို ရှောင်ပါ။ ကံကောင်းစေသောဂဏန်း ၇ ၃ ၈ ဖြစ်ပါတယ်။

ယတြာ - ကံကောင်းစေရန် မြေပဲကြော်ဆွမ်းကပ်ပါ။

 

 

Source: 1875

Read times Last modified on Monday, 23 November 2020 14:27
Rate this item
(0 votes)