ကိုယ့်ချစ်သူကို တန်ဖိုးထားပေးပါ

ကိုယ့်ချစ်သူကို တန်ဖိုးထားပေးပါ google

ကိုယ့်ချစ်သူ မိန်းကလေးကို ဂရုမစိုက်ပဲ နေရင်လည်းရပါတယ် 

 

သို့ပေမယ့်လည်း သူ့ဆီက ပြန်ဂရုစိုက်မှုတွေကို မမျှော်လင့်ဖို့တော့လိုအပ်ပါတယ်။

 

ကိုယ့်ချစ်သူ ကောင်မလေးကို ပစ်ထားတယ်ဆိုရင်လည်းရပါတယ်။ သို့ပေမယ့်လည်း အခြားတစ်ယောက်က သူ့ကို တန်ဖိုးထားတဲ့အခါ မုဒိတာ ပွားပေးနိုင်ဖို့တော့ လိုအပ်ပါတယ်။

 

ကိုယ့်ချစ်သူ ကောင်မလေးကို အရာအားလုံးရဲ့ နောက်မှာ ထားတယ်ဆိုရင်လည်းရပါတယ်။ သို့ပေမယ့်လည်း သူမခံချင်စိတ်တွေနဲ့ ပြေးထွက်သွားတဲ့အခါ သင်ဆွဲထားတယ်ဆိုရင်လည်း သင့်ဘေးမှာရှိဖို့ မသေချာတော့ပါဘူး။

 

ကိုယ့်ချစ်သူ ကောင်မလေးကို စိတ်ဒုက္ခတွေပေးမယ်ဆိုရင်လည်း ရပါတယ်။ သို့ပေမယ့်လည်း အခြားတစ်ယောက်က သူ့ကိုအပြုံးတွေ ဖန်ဆင်းပေးတဲ့အခါ သင်နောင်တမရဖို့တော့ လိုအပ်ပါတယ်။

 

တစ်ခါတစ်ရံမှာ လောကကြီးက ကိုယ်နဲ့ အနီးဆုံးရှိပြီး မပိုင်ဆိုင်ခဲ့ရတဲ့ အရာတွေဟာ ကိုယ့်အတွက် အဖိုးတန်ဆုံးတွေ ဖြစ်နေတတ်တယ် ဆိုတာ သိထားသင့်ပါတယ်။

 

ဘယ်အရာမှ အချိန်လွန်ခဲ့ရင် ပြန်မရတတ်တာမို့ ကိုယ့်ချစ်သူမိန်းကလေးကို တန်ဖိုးထားကြပါလို့ ပြောချင်ပါတယ်။

 

Myanmar Wedding Guide

Read times Last modified on Wednesday, 06 February 2019 16:27
Rate this item
(2 votes)
Tagged under