၂၀၂၀ခုနှစ် ဒီဇင်ဘာ ၁၄ ရက်နေ့ မှ ၁၉ရက်နေ့ အထိ တစ်ပတ်စာ သင့်ကံကြမ္မာ

၂၀၂၀ခုနှစ် ဒီဇင်ဘာ ၁၄ ရက်နေ့ မှ ၁၉ရက်နေ့  အထိ တစ်ပတ်စာ သင့်ကံကြမ္မာ Google

တနင်္ဂနွေနေ့

 

အစိုးရဝန်ထမ်းဖြစ်ပါက ရာထူးတိုးနေရာပြောင်းရမည်။ ရွှေပျောက်မည်။ သို့မဟုတ် ရွှေထွက်မည်။ တယ်လီဖုန်းအသစ်ဝင်မည်။

ဆန်၊ စပါး ရောင်းဝယ်ရေး ကောင်းမည်။ ကြွေးကိစ္စ စိတ်ညစ်ရမည်။ မော်တော်ကားအရောင်းအဝယ် ဖြစ်မည်။ နိုင်ငံရေးလုပ်ငန်းမှာ အနှောင့်အယှက်ပေါ်မည်။

နိုင်ငံခြားမှ အလုပ်ခေါ်စာရောက်မည်။ နေအိမ်သို့ ဓါးတစ်လက်ရောက်လာပါက ‘၄’ အစ ‘၆’ အဆုံး အစိုးရထီထိုးပါ။

ပညာရေးအတွက် သတင်းကောင်းကြားရမည်။ ကျန်းမာရေးအနေဖြင့် ဝမ်းကိုက်မည်။ အချစ်ရေးညံ့၏။ ချစ်သူ၏ လှည့်ဖြားမှုကို ခံရမည်။ အိမ်ထောင်ရေးမှာလည်း အိမ်ထောင်ဖက်နှင့် စကားများရလိမ့်မည်။

ကံကောင်းသောဂဏန်းများမှာ ၄၊ ၆၊ ၉ ဂဏန်းများ ဖြစ်ပါသည်။ ကံကောင်းသောအရောင်မှာ မရမ်းစေ့ရောင် ဖြစ်ပါသည်။

ယတြာ - တနင်္ဂနွေနေ့တွင် နေအိမ်ဘုရားစင်မှာ အုန်းထမင်းဆွမ်းကပ်လှူပါ။

 

 

တနင်္လာနေ့ 

ဝန်ထမ်းဖြစ်ပါက လုပ်ငန်းထဲမှာ ဖိအားများပြီး မွန်းကျပ်မှုဖြစ်မည်။ လူမှုရေးလုပ်ငန်း၊ ပရဟိတလုပ်ငန်းများ လုပ်ဆောင်ရာမှာ အခက်အခဲနှင့် ရင်ဆိုင်ရမည်။

မြေအရောင်းအဝယ် ဖြစ်မည်။ ပဲ၊ ပြောင်း၊ နှမ်း ကောက်ပဲသီးနှံ ရောင်းဝယ်ရေးမှာ စိတ်ညစ်ရမည်။ မော်တော်ဆိုင်ကယ်အသစ်ဝင်မည်။

အိမ်ဆောင်ရန်ပန္နရိုက်ရလိမ့်မည်။ စာချုပ်စာတမ်း တစ်ခုပြုလုပ်ရမည်။ နေအိမ်သို့ ပန်းပင်၊ ပန်းအိုး ရောက်ပါက ‘၁’ အစ ‘၃’ အဆုံး အစိုးရထီထိုးပါ။

ကျန်းမာရေးအနေဖြင့် အရိုးကျီးပေါင်း ရောဂါရမည်။ အချစ်ရေးမှာ အနှောင့်အယှက်ပေါ်မည်။ အိမ်ထောင်ရေးလည်း ညံ့၏။ အိမ်ထောင်ဘက်နှင့် စကားများရမည်။

ကံကောင်းသောဂဏန်းများမှာ ၁၊ ၃၊ ၈ ဂဏန်းများ ဖြစ်ပါသည်။ ကံကောင်းသောအရောင်မှာ ကျောက်စိမ်းရောင် ဖြစ်ပါသည်။

ယတြာ - တနင်္လာနေ့တွင် နေအိမ်ဘုရားစင်မှာ ကောက်ညင်းပေါင်း ကပ်လှူပါ။

 

 

အင်္ဂါနေ့

အလုပ်ရှာနေပါက (သို့မဟုတ်) အလုပ်လျှောက်ထားပါက အလုပ်ရမည်။ ဝင်ငွေကောင်းမည်။ လယ်ယာသုံးစက်ပစ္စည်း အသစ်ဝင်မည်။

ဝန်ထမ်းဖြစ်ပါက ရာထူးတိုး၊ လစာတိုး သတင်းကြားရမည်။ တယ်လီဖုန်းအသစ်ဝင်မည်။ ဆန်၊ စပါး ရောင်းဝယ်ရေးမှာ အပြိုင်အဆိုင်များမည်။ လှပသော အဝတ်အထည်သစ်များ ဝင်မည်။

မော်တော်ကားအဝယ်အရောင်းများတက်သည်။ ကြက်တူရွေးတစ်ကောင်ကို မြင်ပါက (သို့မဟုတ်) ကြက်တူရွေးအိမ်သို့ ရောက်ပါက ‘၂’ အစ ‘၈’ အဆုံး အစိုးရထီထိုးပါ။

ပညာရေးမှာ တိုးတက်မှုရှိပါသည်။ ကျန်းမာရေးအနေဖြင့် ခေါင်းမူး၊ ခေါင်းကိုက် ဖြစ်မည်။ အချစ်ရေးမှာ သာယာပါသည်။ အိမ်ထောင်ရေးလည်း အခြေအနေကောင်းပါသည်။

ကံကောင်းသောဂဏန်းများမှာ ၂၊ ၈၊ ၉ ဂဏန်းများ ဖြစ်ပါသည်။ ကံကောင်းသောအရောင်မှာ ခိုပြာရောင် ဖြစ်ပါသည်။

ယတြာ - အင်္ဂါနေ့တွင် နေအိမ်ဘုရားစင်မှာ စပါယ် ၅ ကုံး ကပ်လှူပါ။

 

 

 ဗုဒ္ဓဟူးနေ့

နေအိမ်နားမှာ (သို့မဟုတ်) လမ်းထိပ်မှာ သစ်ပင်ကြီးတစ်ပင်လဲမည်။ ထိုသို့ဖြစ်ပါက ထီးဟောင်းတစ်လက်ကို စွန့်ပစ်ပါ။ ဈေးရောင်းဈေးဝယ်ကောင်းသော်လည်း ကြွေးကျမည်။

မော်တော်ဆိုင်ကယ်ပျက်မည်။ သို့မဟုတ်ပါက ပျောက်မည်။ အိမ်၊ အိမ်ခန်း၊ တိုက်ခန်း အရောင်းအဝယ် ဖြစ်မည်။ ဝန်ထမ်းဖြစ်ပါက အထက်လူကြီး၏ ဖိအားပေးမှုကို ခံရမည်။

ရေလုပ်ငန်း၊ ရေထွက်ပစ္စည်း ရောင်းဝယ်ရေးလုပ်ငန်းတွေမှာ အရှုံးပေါ်မည်။ နေအိမ်သို့ နာရီတစ်လုံး ရောက်လာပါက ‘၃’ အစ ‘၆’ အဆုံး အစိုးရထီထိုးပါ။

ပညာရေးအတွက် သတင်းကောင်းကြားဝင်မည်။ ကျန်းမာရေးအနေဖြင့် သွေးပေါင်ကျခြင်း၊ သွေးတိုးခြင်း တစ်မျိုးဖြစ်မည်။ အချစ်ရေးမှာ ချစ်သူ၏ ကန့်လန့်တိုက်မှုကြောင့် စိတ်ညစ်ရမည်။ အိမ်ထောင်ရေးလည်း သာယာမှုမရှိပါ။

ကံကောင်းသောဂဏန်းများမှာ ၃၊ ၆၊ ၇ ဂဏန်းများ ဖြစ်ပါသည်။ ကံကောင်းသောအရောင်မှာ လိမ္မော်ရောင် ဖြစ်ပါသည်။

ယတြာ - ဗုဒ္ဓဟူးနေ့ ဗုဒ္ဓဟူးထောင့်မှာ ယတ်ဖြူ ၄ ချောင်းကပ်လှူပါ။

 

ကြာသပတေးနေ့

အိမ်နေရာအရွှေ့အပြောင်းဖြစ်မည်။ လယ်ယာသုံးစက်ပစ္စည်းပျက်မည်။ မွေးမြူရေးလုပ်ငန်းကို တိုးချဲ့ရမည်။ မော်တော်ဆိုင်ကယ်မှောက်မည်။

ခြံ၊ ခြံဝိုင်း၊ မြေအရောင်းအတွက် စရံငွေအပေးအယူ ပြုလုပ်ရမည်။ အစိုးရဝန်ထမ်းဖြစ်ပါက ရာထူးတိုးပြောင်းရွှေ့ရလိမ့်မည်။

စက်ရုံဝန်ထမ်းဖြစ်ပါက အလုပ်သမားဆန္ဒပြပွဲမှာ ပါဝင်ရလိမ့်မည်။ နေအိမ်သို့ ဖျာတစ်ချပ်ရောက်လာပါက ‘၅’ အစ ‘၉’ အဆုံး အစိုးရထီထိုးပါ။

ပညာရေးမှာ ရလာဒ်ကောင်းမည်။ ကျန်းမာရေးအနေဖြင့် ဆီးရောဂါဖြစ်မည်။ အချစ်ရေးမှာ ကံကောင်းပါသည်။ ချစ်သူနှင့်အတူ အလှူပြုလုပ်ရလိမ့်မည်။ အိမ်ထောင်ရေးလည်း သယာပါသည်။

ကံကောင်းသောဂဏန်းများမှာ ၂၊ ၅၊ ၉ ဂဏန်းများ ဖြစ်ပါသည်။ ကံကောင်းသောအရောင်မှာ ပုလဲရောင် ဖြစ်ပါသည်။

ယတြာ - ကြာသပတေးနေ့တွင် နေအိမ်ဘုရားစင်မှာ ဇီး ၉ ညွန့်၊ သပြေ ၉ ညွန့်၊ ဂန့်ဂေါ် ၉ ညွန့် လှူပါ။

 

 

သောကြာနေ့

လယ်ယာလုပ်ငန်းနှင့် ဆန်၊ စပါး ရောင်းဝယ်ရေးလုပ်ငန်းကောင်းမည်။ ဝန်ထမ်းဖြစ်ပါက လုပ်ငန်းခွင်မှာ ဖိအားများမည်။ ရွှေထွက်မည်။ ရွှေအရောင်းအဝယ်မှာ အရှုံးပေါ်မည်။

မော်တော်ကားအရောင်းအဝယ်ဖြစ်မည်။ အဝတ်အထည်အဟောင်းများ ထွက်မည်။ နေအိမ်မှာ မှန်ကွဲပါက ချက်ခြင်းလဲတပ်ပါ။ ဆေးရုံသို့ လူနာမေးသွားရမည်။ နေအိမ်သို့ လွယ်အိပ်တစ်အိပ် ရောက်လာပါက ‘၁’ အစ ‘၃’ အဆုံး အစိုးရထီထိုးပါ။

ပညာရေးကောင်းပါသည်။ စာမေးပွဲဖြေပါက အောင်မြင်မည်။ ကျန်းမာရေးအနေဖြင့် ခါးနာမည်။ အချစ်ရေးမှာ ကံကောင်းပါသည်။ ချစ်သူဟောင်းနှင့် ပြန်တွေ့မည်။ အိမ်ထောင်ရေးလည်း သာယာပါသည်။

ကံကောင်းသောဂဏန်းများမှာ ၁၊ ၃၊ ၄ ဂဏန်းများ ဖြစ်ပါသည်။ ကံကောင်းသောအရောင်မှာ ရွှေအိုရောင် ဖြစ်ပါသည်။

ယတြာ - သောကြာနေ့တွင် နေအိမ်ဘုရားစင်မှာ သာကူလှူပါ။

 

 

စနေနေ့

အလုပ်သစ်၊ လုပ်ငန်းသစ် ပေါ်မည်။ မြေအရောင်းအဝယ် ဖြစ်မည်။ ရရန်ရှိသောငွေများ ဝင်မည်။ ကောက်ပဲသီးနှံ ရောင်းဝယ်ရေးကောင်းမည်။ တယ်လီဖုန်းအသစ်ဝင်မည်။

ဝန်ထမ်းဖြစ်ပါက လုပ်ငန်းထဲမှာ အခက်အခဲပေါ်မည်။ အမှုရှိပါက အမှုနိုင်မည်။ စက်ဘီးမဝယ်ရ။ နေအိမ်သို့ စက်ဘီးရောင်းပါက ကံဇာတာညံ့မည်။

စပ်တူရှယ်ယာလုပ်ငန်းမှာ အမြတ်အစွန်းရမည်။ နေအိမ်သို့ ပုတီးတစ်လုံး (သို့မဟုတ်) ဗီဒိုတစ်လုံး ရောက်လာပါက ‘၇’ အစ ‘၈’ အဆုံး အစိုးရထီထိုးပါ။

ပညာရေးမှာ တိုးတက်မှုမရှိပါ။ ကျန်းမာရေးအနေဖြင့် သွားကိုက်မည်။ အချစ်ရေးမှာ ချစ်သူ၏ အထင်မှားမှုကို ခံရမည်။ အိမ်ထောင်ရေးလည်း အဆင်မပြေပါ။

ကံကောင်းသောဂဏန်းများမှာ ၅၊ ၇၊ ၈ ဂဏန်းများ ဖြစ်ပါသည်။ ကံကောင်းသောအရောင်မှာ ပုဇွန်ဆီရောင် ဖြစ်ပါသည်။

ယတြာ - စနေနေ့ စနေထောင့်မှာ ထောပတ်ထမင်းကပ်လှူပါ။

 

 

Source: Mintheinkha

Read times Last modified on Monday, 14 December 2020 12:34
Rate this item
(0 votes)