သတို့သမီးအရံလေးတွေအတွက် ပေးသင့်တဲ့ လက်ဆောင်ပစ္စည်းလေးတွေ

သတို့သမီးအရံလေးတွေအတွက် ပေးသင့်တဲ့ လက်ဆောင်ပစ္စည်းလေးတွေ google.com

မင်္ဂလာပွဲကို အခမ်းအနားနဲ့ ပွဲထွက်မယ် စီစဉ်ထားတဲ့ မင်္ဂလာဇနီးမောင်နှံလေးတို့ အနေနဲ့ မင်္ဂလာအခမ်းအနားမှာ သတို့သား၊ သတို့သမီး အရံလေးတွေ လိုအပ်ပါတယ်နော်။

 

 

သတို့သမီးအရံဆိုတာကတော့ ကိုယ့်ရဲ့ မင်္ဂလာပွဲကို ကြီးကျယ်ခမ်းနားပြီး ကျက်သရေရှိအောင် ကူညီပေးမယ့်သူတွေပါပဲ။ သတို့သမီးလောင်းတို့အနေနဲ့ အရံရွေးချယ်တဲ့အခါမှာ စုံတွဲတစ်တွဲကစပြီး အတွဲများများ ရွေးချယ်လို့ရပါတယ်။ ဒီလိုမျိုး ကိုယ့်ပွဲကို ပါဝင်ကူညီပေးတဲ့ သတို့သမီးအရံလေးတွေအတွက် မေတ္တာလက်ဆောင်ပေးကြတာမျိုးလည်း ရှိပါတယ်။ ဒါကြောင့် ဘာပစ္စည်းလေးတွေ ပြန်ပေးဖို့သင့်တော်သလဲဆိုတာ ပြောပြပေးပါမယ်နော်။

 

 

ဝတ်စုံလေးတွေ

 

စုံတွဲလေးတို့ရေ သတို့သမီးအရံလေးအတွက် မင်္ဂလာပွဲအရံဝတ်စုံအပြင် သူတို့လေးတွေ ကြိုက်နှစ်သက်တဲ့ အဝတ်အစားတစ်စုံ မေတ္တာလက်ဆောင်အဖြစ်ပေးတာမျိုး လုပ်နိုင်ပါတယ်နော်။ Night dress လှလှလေး ပေးတာမျိုးက သတို့သမီးအရံတွေကို ပျော်ရွှင်စေမှာပါ။

 

 

ဈေးဝယ်ခွင့်ကတ် Gift Voucher လေးတွေ

 

မိန်းကလေးဆိုတာကတော့ ဈေးဝယ်ထွက်ရလေ ကြိုက်လေပဲမလားနော်။ Spa လုပ်လို့ရမယ့် Discount လေးတွေ၊ ဈေးဝယ်ခွင့်ကတ်လေးတွေ ပေးတာကလည်း သူတို့ကို ပျော်ရွှင်ကျေနပ်စေမယ့်အပြင် အသုံးလည်း တည့်မယ့် မေတ္တာလက်ဆောင် ပစ္စည်းလေးတစ်ခုပါပဲ။

 

 

မိတ်ကပ်ပစ္စည်းလေးတွေ

 

သတို့သမီးလေးတို့ သတို့သမီးအရံလေးတွေကို အလှအပဆိုင်ရာ ပစ္စည်းလေးတွေ မေတ္တာလက်ဆောင်ပေးတာမျိုး လုပ်ပါ။ နှုတ်ခမ်းနီ၊ မိတ်ကပ်ပစ္စည်း ဒါမှမဟုတ် မိတ်ကပ်ပစ္စည်းလေးတွေ ထည့်တဲ့အိတ်လေးတွေပေါ့။ ဒါဆိုရင်တော့ နှစ်ဦးနှစ်ဖက်စလုံး ဝန်မပိတော့ဘဲ အဆင်ပြေစေမှာပါ။

 

 

အိတ်လေးတွေ

 

သတို့သမီးအရံလေးတို့အတွက် လက်ကိုင်အိတ်လိုမျိုးလေး ဝယ်ပေးတာကလည်း တစ်သက်တာ အမှတ်တရဖြစ်စေတဲ့အပြင် အသုံးလည်းဝင်တဲ့ မေတ္တာလက်ဆောင်ပစ္စည်းလေး တစ်မျိုးပါပဲနော်။ ဒီလို ပစ္စည်းလေးတွေဆိုရင် ကုန်ကျစရိတ် အရမ်းမများတာလေးတွေလည်းဖြစ်တာမို့ အဆင်ပြေမှာပါ။

 

 

တဘက်(ဒါမှမဟုတ်) ပုဝါလေးတွေ

 

တဘက် ဒါမှမဟုတ် ပုဝါကတော့ သတို့သမီးလေးတို့ရဲ့ မင်္ဂလာပွဲမှာလည်း အသုံးပြုလို့ရသလို ပွဲပြီးနောက်ပိုင်းမှာလည်း သတို့သမီးအရံလေးတို့ ဆက်လက်အသုံးပြုလို့ ရပါတယ်။ ပုဝါလေးဆိုရင်တော့ သတို့သမီးအရံလေးတို့ နောက်ပိုင်း ကမ်းခြေသွားတာ၊ ပွဲလမ်းသဘင်သွားတာမျိုးမှာ အသုံးပြုလို့ရပါတယ်။

 

ကိုယ့်ရဲ့မင်္ဂလာရှိတဲ့ပွဲလေးမှာ ပါဝင်ကူညီပေးမယ့် သတို့သမီးအရံလေးတွေအတွက် မေတ္တာလက်ဆောင်ပေးမယ်ဆိုရင် အပေါ်ကလက်ဆောင်လေးတွေကို စဉ်းစားပြီး သင့်တော်သလို ပေးလို့ရပါတယ်နော်။

 

 

Credit;Marry

Read times Last modified on Monday, 15 October 2018 17:28
Rate this item
(1 Vote)