Royal Silk Importer & Interior Design (Yangon) ရဲ့ Wedding Service များ…

Royal Silk Importer & Interior Design (Yangon) ရဲ့ Wedding Service များ… facebook

Myanmar Wedding Guide မှ Royal Silk Importer & Interior Design (Yangon) ရဲ့ Founder ဖြစ်သူ ဒေါ်နန်းသီတာမြတ်နဲ့သွားရောက်တွေ့ဆုံမေးမြန်းခဲ့တဲ့အကြောင်းအရာတွေကိုဖော်ပြပေးလိုက်ပါတယ်။

 

မေး-ဒီ Royal Silk ဆိုင်လေးစတင်ဖွင့်လှစ်ဖြစ်ခဲ့ပုံလေးကို အရင်ဆုံးပြောပြပေးပါရှင်။

 

ဖြေ-အန်တီတို့ရဲ့ Royal Silk က LA မှာFloral Service ပိုင်းကို ဝန်ဆောင်မှုပေးနေတာ ၁၅နှစ်လောက်ရှိပါပြီ။

 

မြန်မာနိုင်ငံမှာအခွဲအနေနဲ့ဖွင့်လှစ်ခဲ့တာကတော့ ၃နှစ်လောက်ရှိပါပြီ။LA မှာလည်း Royal Silk နာမည်နဲ့ဖွင့်ထားတာပါ သမီး။

 

မေး-Floral Service ပိုင်းက Wedding အပြင် တခြား Event တွေအတွက်ရောဝန်ဆောင်မှုပေးသေးလားရှင့်။

 

ဖြေ- အန်တီတို့က Event မျိုးစုံအတွက်ဝန်ဆောင်မှုပေးပါတယ်သမီး။ပန်းအစိုရော၊အခြောက်ရော နှစ်မျိုးလုံးနဲ့ဝန်ဆောင်မှုပေးပါတယ်။ပန်းအစိုနဲ့ဆိုရင်တော့ တစ်ရက်ကြိုမှာပေးဖို့လိုပါတယ် သမီး။

 

ပန်းစည်းတွေအတွက်လည်း Delivery Service နဲ့ပို့ပေးပါတယ် သမီး။

 

မေး-ပန်းစည်းဈေးနှုန်းတွေကရောဘယ်လိုသတ်မှတ်ထားပါသလဲရှင်။

 

ဖြေ-သုံးချင်တဲ့ပန်းပေါ်မူတည်ပြီး၁၅၀၀၀ကနေ ၅၀၀၀၀ လောက်အထိရှိတယ် သမီး။

 

မေး-Floral Service အတွက်ဈေးနှုန်းတွေကိုရောဘယ်လိုသတ်မှတ်ထားပါသလဲရှင်။

 

ဖြေ-ဈေးနှုန်းကတော့ Customer တွေရဲ့Budget ရယ် လိုချင်တဲ့ Decoration ပုံစံပေါ်မှာပဲ မူတည်ပြီးကျသင့်သွားတာပါ သမီး

 

sil2

 

မေး-ဟုတ်ကဲ့ အန်တီ။Royal Silk ရဲ့ ဝတ်စုံတွေကရောဘယ်နိုင်ငံကနေအများဆုံးတင်သွင်းထားတာတွေပါလဲရှင်။

 

ဖြေ-LA ကနေပဲသွင်းတာပါ သမီး။တချို့ Dress တွေကတော့ ထိုင်းကနေသွင်းပါတယ်။Wedding Dress တွေကတော့ LA ကနေပဲတိုက်ရိုက်သွင်းတာပါ။

Wedding Dress နဲ့ Evening Dress တွေကို အရောင်းသက်သက်မဟုတ်ဘဲ ငှားလည်းငှားပေးပါတယ် သမီး။

 

မေး-ဟုတ် အန်တီတို့ဆီမှာဝတ်စုံငှားရမ်းမယ်ဆိုရင် အနည်းဆုံးဈေးကဘယ်လောက်လောက်ကနေစပါသလဲရှင်။

 

ဖြေ-၇၀၀၀၀ဝန်းကျင်လောက်ပါပဲ သမီး။အငှားကိုတော့ အန်တီတို့အများကြီးလျှော့ပေးထားပါတယ်သမီး။ပထမတုန်းကတော့ အရောင်းပိုင်းပဲအန်တီတို့လုပ်ထားတာပါ။

 

ဒါပေမယ့်အခုနောက်ပိုင်း Customer တွေရဲ့တောင်းဆိုချက်ကြောင့် အငှားကိုပါ ဝန်ဆောင်မှုလုပ်ပေးထားပါတယ်။

 

မေး-အရောင်းအနေနဲ့ဆိုရင်ရော ဝတ်စုံတစ်စုံကိုအနည်းဆုံးဘယ်လောက်ကနေ အများဆုံးဘယ်လောက်အထိကျသင့်ပါသလဲ အန်တီ။

 

ဖြေ-အရောင်းကတော့ အစားစားရှိတယ်သမီး။၂၀၀၀၀၀ကနေ၄၀၀၀၀၀ပတ်ဝန်းကျင်လောက်အထိပါ။

 

sil3

 

မေး-Royal Silk ကနေတခြားဘယ်လိုဝန်ဆောင်မှုတွေများ ထပ်မံရရှိနိုင်သေးလဲရှင့်။

 

ဖြေ-အန်တီတို့ဆီမှာကလေ Event decoration နဲ့သက်ဆိုင်တဲ့ပစ္စည်းအစုံ​ငှားရမ်း​လို့ရပါတယ်

 

တချို့ Event Planner တွေဆိုလည်း လိုအပ်တဲ့ပစ္စည်းတွေကို အန်တီတို့ဆီကနေ လာရောက်ငှားရမ်းတာမျိုးတွေရှိပါတယ်။အဲ့လိုမျိုးဆိုလည်း အန်တီတို့ကငှားပေးပါတယ်သမီး။

 

ပြီးတော့အန်တီတို့ကမင်္ဂလာကားအလှဆင်တာမျိုးတွေလည်းလုပ်ပေးပါတယ်။

 

မေး-ရန်ကုန်လမ်းညွှန်နဲ့ Wedding Guide နှစ်ခုလုံးမှာကြော်ငြာထည့်ဖြစ်လားရှင့်။

 

ဖြေ-ရန်ကုန်လမ်းညွှန်မှာ မထည့်ဖြစ်တာတော့ ကြာပြီပေါ့နော်။Wedding Guide မှာတော့ အန်တီကြော်ငြာထည့်ထားပါတယ်။

 

အန်တီထင်တာတော့ စာအုပ်ထက်စာရင် ဝက်ဘ်ဆိုဒ်ကိုပဲ လူတွေပိုစိတ်ဝင်စားလာကြမယ် ထင်ပါတယ်။

 

မေး-ဟုတ်ကဲ့ အန်တီ အခုလို အချိန်ပေးဖြေကြားပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်။

 

ဖြေ-ဟုတ်ပါပြီ။အန်တီကလည်းအခုလို လာရောက်မေးမြန်းပေးတဲ့အတွက်ကျေးဇူးတင်ပါတယ် သမီး။

 

Address:No.18,bo sein Hman rd,Bahan Township.

 

 Phone: 095051228,09975959665,09975959668

 

Traditional Dress ဆိုင်ပေါင်း(၁၀၀)ကို သိရှိနိုင်ရန်နှိပ်ပါ။

 

sil1

 

Zawgy iျဖင့္ဖတ္ရန္...

 

Myanmar Wedding Guide မွ Royal Silk Importer & Interior Design (Yangon) ရဲ႕ Founder ျဖစ္သူ ေဒၚနန္းသီတာျမတ္နဲ႔သြားေရာက္ေတြ႕ဆံုေမးျမန္းခဲ့တဲ့အေၾကာင္းအရာေတြကိုေဖာ္ျပေပးလိုက္ပါတယ္။

 

ေမး-ဒီ Royal Silk ဆိုင္ေလးစတင္ဖြင့္လွစ္ျဖစ္ခဲ့ပုံေလးကို အရင္ဆုံးေျပာျပေပးပါရွင္။

 

ေျဖ-အန္တီတို႔ရဲ႕ Royal Silk က LA မွာFloral Service ပိုင္းကို ဝန္ေဆာင္မႈေပးေနတာ ၁၅ႏွစ္ေလာက္ရွိပါၿပီ။

 

ျမန္မာႏိုင္ငံမွာအခြဲအေနနဲ႔ဖြင့္လွစ္ခဲ့တာကေတာ့ ၃ႏွစ္ေလာက္ရွိပါၿပီ။LA မွာလည္း Royal Silk နာမည္နဲ႔ဖြင့္ထားတာပါ သမီး။

 

ေမး-Floral Service ပိုင္းက Wedding အျပင္ တျခား Event ေတြအတြက္ေရာဝန္ေဆာင္မႈေပးေသးလားရွင့္။

 

ေျဖ- အန္တီတို႔က Event မ်ိဳးစုံအတြက္ဝန္ေဆာင္မႈေပးပါတယ္သမီး။ပန္းအစိုေရာ၊အေျခာက္ေရာ ႏွစ္မ်ိဳးလုံးနဲ႔ဝန္ေဆာင္မႈေပးပါတယ္။ပန္းအစိုနဲ႔ဆိုရင္ေတာ့ တစ္ရက္ႀကိဳမွာေပးဖို႔လိုပါတယ္ သမီး။

 

ပန္းစည္းေတြအတြက္လည္း Delivery Service နဲ႔ပို႔ေပးပါတယ္ သမီး။

 

ေမး-ပန္းစည္းေဈးႏႈန္းေတြကေရာဘယ္လိုသတ္မွတ္ထားပါသလဲရွင္။

 

ေျဖ-သုံးခ်င္တဲ့ပန္းေပၚမူတည္ၿပီး၁၅၀၀၀ကေန ၅၀၀၀၀ ေလာက္အထိရွိတယ္ သမီး။

 

ေမး-Floral Service အတြက္ေဈးႏႈန္းေတြကိုေရာဘယ္လိုသတ္မွတ္ထားပါသလဲရွင္။

 

ေျဖ-ေဈးႏႈန္းကေတာ့ Customer ေတြရဲ႕Budget ရယ္ လိုခ်င္တဲ့ Decoration ပုံစံေပၚမွာပဲ မူတည္ၿပီးက်သင့္သြားတာပါ သမီး။

 

ေမး-ဟုတ္ကဲ့ အန္တီ။Royal Silk ရဲ႕ ဝတ္စုံေတြကေရာဘယ္ႏိုင္ငံကေနအမ်ားဆုံးတင္သြင္းထားတာေတြပါလဲရွင္။

 

ေျဖ-LA ကေနပဲသြင္းတာပါ သမီး။တခ်ိဳ႕ Dress ေတြကေတာ့ ထိုင္းကေနသြင္းပါတယ္။Wedding Dress ေတြကေတာ့ LA ကေနပဲတိုက္႐ိုက္သြင္းတာပါ။

 

Wedding Dress နဲ႔ Evening Dress ေတြကို အေရာင္းသက္သက္မဟုတ္ဘဲ ငွားလည္းငွားေပးပါတယ္ သမီး။

 

ေမး-ဟုတ္ အန္တီတို႔ဆီမွာဝတ္စုံငွားရမ္းမယ္ဆိုရင္ အနည္းဆုံးေဈးကဘယ္ေလာက္ေလာက္ကေနစပါသလဲရွင္။

 

ေျဖ-၇၀၀၀၀ဝန္းက်င္ေလာက္ပါပဲ သမီး။အငွားကိုေတာ့ အန္တီတို႔အမ်ားႀကီးေလွ်ာ့ေပးထားပါတယ္သမီး။ပထမတုန္းကေတာ့ အေရာင္းပိုင္းပဲအန္တီတို႔လုပ္ထားတာပါ။

 

ဒါေပမယ့္အခုေနာက္ပိုင္း Customer ေတြရဲ႕ေတာင္းဆိုခ်က္ေၾကာင့္ အငွားကိုပါ ဝန္ေဆာင္မႈလုပ္ေပးထားပါတယ္။

 

ေမး-အေရာင္းအေနနဲ႔ဆိုရင္ေရာ ဝတ္စုံတစ္စုံကိုအနည္းဆုံးဘယ္ေလာက္ကေန အမ်ားဆုံးဘယ္ေလာက္အထိက်သင့္ပါသလဲ အန္တီ။

 

ေျဖ-အေရာင္းကေတာ့ အစားစားရွိတယ္သမီး။၂၀၀၀၀၀ကေန၄၀၀၀၀၀ပတ္ဝန္းက်င္ေလာက္အထိပါ။

 

ေမး-Royal Silk ကေနတျခားဘယ္လိုဝန္ေဆာင္မႈေတြမ်ား ထပ္မံရရွိႏိုင္ေသးလဲရွင့္။

 

ေျဖ-အန္တီတို႔ဆီမွာကေလ Event decoration နဲ႔သက္ဆိုင္တဲ့ပစၥည္းအစုံ​ငွားရမ္း​လို႔ရပါတယ္။

 

တခ်ိဳ႕ Event Planner ေတြဆိုလည္း လိုအပ္တဲ့ပစၥည္းေတြကို အန္တီတို႔ဆီကေန လာေရာက္ငွားရမ္းတာမ်ိဳးေတြရွိပါတယ္။အဲ့လိုမ်ိဳးဆိုလည္း အန္တီတို႔ကငွားေပးပါတယ္သမီး။

 

ၿပီးေတာ့အန္တီတို႔ကမဂၤလာကားအလွဆင္တာမ်ိဳးေတြလည္းလုပ္ေပးပါတယ္။

 

ေမး-ရန္ကုန္လမ္းၫႊန္နဲ႔ Wedding Guide ႏွစ္ခုလုံးမွာေၾကာ္ျငာထည့္ျဖစ္လားရွင့္။

 

ေျဖ-ရန္ကုန္လမ္းၫႊန္မွာ မထည့္ျဖစ္တာေတာ့ ၾကာၿပီေပါ့ေနာ္။Wedding Guide မွာေတာ့ အန္တီေၾကာ္ျငာထည့္ထားပါတယ္။

 

အန္တီထင္တာေတာ့ စာအုပ္ထက္စာရင္ ဝက္ဘ္ဆိုဒ္ကိုပဲ လူေတြပိုစိတ္ဝင္စားလာၾကမယ္ ထင္ပါတယ္။

 

ေမး-ဟုတ္ကဲ့ အန္တီ အခုလို အခ်ိန္ေပးေျဖၾကားေပးတဲ့အတြက္ ေက်းဇူးတင္ပါတယ္။

 

ေျဖ-ဟုတ္ပါၿပီ။အန္တီကလည္းအခုလို လာေရာက္ေမးျမန္းေပးတဲ့အတြက္ေက်းဇူးတင္ပါတယ္ သမီး။

 

Address:No.18,bo sein Hman rd,Bahan Township.

 

 Phone: 095051228,09975959665,09975959668

 

Traditional Dress ဆိုင္ေပါင္း(၁၀၀)ကို သိရွိႏိုင္ရန္ႏွိပ္ပါ။

 

Myanmar Wedding Guide

 

jjjj

 

 

 

 

 

 

Read times Last modified on Thursday, 06 February 2020 10:57
Rate this item
(0 votes)
Tagged under