မိန်းကလေးတွေ သဘောကျတဲ့ ရိုးရှင်းပြီး Romantic ဆန်တဲ့ လက်ထပ်ခွင့်တောင်းနည်းများ

မိန်းကလေးတွေ သဘောကျတဲ့ ရိုးရှင်းပြီး Romantic ဆန်တဲ့ လက်ထပ်ခွင့်တောင်းနည်းများ Google

ကိုယ့်ချစ်သူယောကျာ်းလေးက လက်ထပ်ခွင့်တောင်းတဲ့ အချိန်ဟာ လက်ထပ်ခွင့် အတောင်းခံရတဲ့ မိန်းကလေးအတွက်ကော၊ လက်ထပ်ခွင့်တောင်းတဲ့ ချစ်သူယောကျာ်းလေးအတွက်ပါ နှစ်ခါ ပြန်မရနိုင်တဲ့ အချိန်မျိုးပါ။ အဲဒီအချိန်မှာ နှစ်ယောက်စလုံး ခံစားရမယ့် ခံစားချက်ဟာ ဘဝမှာ သေတဲ့အချိန်အထိဘယ်သောအခါမှ မေ့ပစ်လို့ မရနိုင်ပါဘူး။ ဒါ့ကြောင့် ဒီနေ့မှာတော့ လက်ထပ်ခွင့်အတောင်းခံရမယ့် သတို့သမီးလောင်းလေး တွေအတွက်ကော၊ လက်ထပ်ခွင့်တောင်းမယ့် သတို့သားလောင်း တွေအတွက်ပါ အဆင်ပြေဆုံးဖြစ်စေမယ့် လက်ထပ်ခွင့်တောင်းနည်း တွေကို ပြောပြပေးချင်ပါတယ်။


၁။ ချစ်သူမိန်းကလေးရဲ့ မိသားစုတွေရှိတဲ့အချိန်

 

The Ultimate In Front of the Family Proposal Guide | The Plunge

 

တစ်ကယ်လို့ ကိုယ့်ရဲ့ ချစ်သူမိန်းကလေးဟာ မိသားစုဝင်တွေနဲ့ အမြဲလိုလို ဆုံးဖြတ်ချက်တစ်ခုခုချတိုင်း တိုင်ပင်နှီးနှောတတ်တဲ့ မိန်းကလေးတစ်ယောက် ဆိုရင်တော့ သူမနဲ့ သူမမိသားစုဝင်တွေ အတူတူရှိနေတဲ့ အချိန်မျိုးမှာ ရုတ်တရက် အံ့သြသင့်သွားအောင် လက်ထပ်ခွင့်တောင်းခံသင့်ပါတယ်။ သူမရဲ့ မိသားစုဝင်တွေနဲ့ အတူတူရှိနေတဲ့အချိန်ဆိုရင် နောက်မတွန့်ပဲ သင့်ကိုချက်ချင်း အဖြေပြန်ပေးနိုင်မယ့်အပြင် သင့်ရဲ့ လက်ထပ်ခွင့်တောင်းခံမှုကို လက်ခံဖို့ ရာခိုင်းနှုန်းပိုများပါတယ်။

 

၂။ နှစ်ယောက်တည်း ခရီးအတူတူသွားနေတဲ့အချိန်

 

Proposals | Byron Bay Proposal - Wild Goat Events Co.

ဒါကတော့ တော်တော်လေးကို cool ဖြစ်မယ့် လက်ထပ်ခွင့်တောင်ခံမှုပုံစံတစ်ခုပါ။ ညနေခင်း အချိန်လေး၊ နောက်ခံမြင်ကွင်းက အဆုံးမရှိတဲ့ တောင်တန်းကြီး ဒါမှမဟုတ် အဆုံးမရှိတဲ့ ပင်လယ်ပြင်ကြီး၊ လေနုအေးအေးလေးတွေ တိုက်ခတ်နေတဲ့အချိန်မျိုး၊ ဒီလောက်ကောင်းတဲ့ အချိန်မျိုးမှာ ကိုယ့်ရဲ့ ချစ်သူရှေ့မှာ လက်ထပ်ခွင့်တောင်းလိုက်မယ်ဆိုရင် စဉ်စားလိုက်တာနဲ့ အတွေးနဲ့တင် စိတ်ရော၊ ကိုယ်ပါ နွေးထွေးသွားစေနိုင်တဲ့ ခံစားမှုမျိုးပါ။

 

၃။ စားသောက်ဆိုင်တစ်ခုမှာ ညစာစားနေတဲ့အချိန်

 

Proposal tips Archives | Oh So Perfect Proposal

 

ဒီလိုလက်ထပ်ခွင့်တောင်းခံတာကတော့ ချစ်သူစုံတွဲ တော်တော်များများ လုပ်လေ့ လုပ်ထရှိတတ်ပါတယ်။ နှစ်ယောက်အတူ ညစာစားပြီးလို့ စကားစမြည်ပြောနေရင်း ရုတ်တရက် ချစ်သူကောင်လေးက ဒူးထောက်ထိုင်ချလိုက်ပြီး စကားလေးတွေ ပြောပြီး လက်ထပ်ခွင့်တောင်းရတာ တော်တော်အရသာရှိပါတယ်။

 

၄။ အိမ်မှာ အတူတူရှိနေတဲ့အချိန်

 

Wedding Proposal Ideas | Creative Will You Marry Me Images | Romantic  proposal, Marriage proposals, Wedding proposals


ဒါကတော့ နှစ်ယောက်စလုံးဟာ အေးအေးဆေးဆေး သက်သက်သာသာဖြစ်တဲ့ ပတ်ဝန်းကျင်ကို ကြိုက်ရင် အိမ်မှာ ၂ ယောက်အတူတူ ရှိနေတဲ့အချိန် လက်ထပ်ခွင့်တောင်းတာ အကောင်းဆုံးပါပဲ။ ဒီဟာကလည်း အေးအေးဆေးဆေး နေတတ်တဲ့ အတွဲတွေအတွက်တော့ တော်တော်လေး သက်တောင့်သက်သာဖြစ်စေတဲ့ လက်ထက်ခွင့်တောင်းတဲ့ အချိန်တစ်ခုပါပဲ။

 

Ref: Aunty May

Read times
Rate this item
(1 Vote)
Tagged under