အချစ်အကြောင်းကို အီဒီယမ်အသုံးအနှုန်းနဲ့ ရိုမန့်တစ်ဆန်ဆန်ဘယ်လိုပြောမလဲ

အချစ်အကြောင်းကို အီဒီယမ်အသုံးအနှုန်းနဲ့ ရိုမန့်တစ်ဆန်ဆန်ဘယ်လိုပြောမလဲ google.com

ကိုယ့်ရဲ့ အချစ်ဆုံးချစ်သူလေးကို romantic ဆန်ဆန် ချစ်စကားပြောလို့ရအောင် love idioms များကို ဖော်ပြပေးလိုက်တယ်နော်။

 

A match made in heaven

နေနဲ့လ၊ ရွှေနဲ့မြလို အတွဲညီပြီး ပျော်ရွှင်ဖွယ် ဘဝတစ်ခုကို တည်ဆောက်ဖြတ်သန်း ကြမယ်လို့ ဆိုလိုတာပါ။ (ဘဝလက်တွဲဖော်ကို ကံကြမ္မာက နဂိုကတည်းက သတ်မှတ်ပြီးသား လို့ဆိုပါတယ်)

We are a match made in heaven. Let’s get married.

 

To fall head over heels in love

လုံးဝကို ချစ်မိနေပြီတဲ့။ ကိုယ့်အောက်က ကမ္ဘာမြေကြီးတောင် ပျောက်သွားပြီး ကျွမ်းပြန်သွားလောက်အောင်ကို ချစ်မိသွားပြီတဲ့။

He has fallen head over heels in love with Jane.

 

To be smitten with someone

အစွဲကြီးစွဲမိနေပြီ။ အချစ်လှောင်အိမ်မှာ ပိတ်မိနေပြီတဲ့။ စားလဲဒီစိတ်၊ သွားလဲ ဒီစိတ်၊ ဘယ်လိုမှ မေ့လို့မရဘူးတဲ့။

Sally is smitten with this Gary chap she met the other day. She can’t stop talking about him.

 

To be the apple of someone’s eye

ဒါကတော့ အချစ်ခံရတာကို ပြောတာပါ။ ပုံမှန်အားဖြင့် မိဘတွေရဲ့ အချစ်ကို ခံရတာကို ပြောတာ။

Yamin can do no wrong. She is the apple of her father’s eye.

 

To be a soul mate

တစ်ယောက်ရဲ့ အတွင်းစိတ် ခံစားချက်တွေကို တစ်ယောက်က ကောင်းကောင်း သိတယ်။ နှစ်ကိုယ့်တစ်စိတ်လို့ ပြောရမလားပဲနော်။

My husband is my best friend and my soul mate.

 

To take one’s breath away

အသက်ရှုတောင် ရပ်သွားလောက်အောင် လှလွန်းလို့၊ မြင်မြင်ချင်း သိပ်သိပ် ချစ်မိသွားပြီတဲ့။ ပိုပြီး romantic ဖြစ်သွားအောင် Berlin ရဲ့ သီချင်းလေး “ Take my breath away” ပါ နားထောင်လိုက်ပါဦး။

You are so beautiful that you take my breath away.

 

To be someone’s one and only

တစ်ယောက်ဆိုတစ်ယောက်၊ ပိတောက်ဆိုပိတောက် ပါဘဲတဲ့။ မင်းလေးက ကိုယ့်အတွက် အနှိုင်းမဲ့ပါပဲတဲ့။

You will always be my one and only one.

 

To have a crush on someone

အရူးအမူးချစ်မိနေပြီ။ ဒီအခြေအနေက teenage တွေ စိတ်ကစားတဲ့ အရွယ်မှာ ဖြစ်လေ့ရှိတဲ့ ဆန့်ကျင်ဘက် အပေါ်စိတ်ဝင်စားတဲ့ အရွယ်မှာ ဖြစ်လေ့ရှိတဲ့ စွဲလမ်းမှုပါ။

Sally has had a crush on James since they were at university together. He doesn’t realise this.

 

To fancy someone

ဒါကရိုးရိုး ဗြိတိသျှ အင်္ဂလိပ်အခေါ်အဝေါ်ဖြစ်တဲ့ ကြိုက်တယ်လို့ အိနြေ္ဒရရ ပြောတဲ့ အသုံးပါဘဲ။

My friend really fancies you.

 

To love someone with all of one’s heart and soul

ဒါကတော့ အသည်းနှလုံးရော၊ ဝိဥာဉ်ရော ပုံပြီး ချစ်တယ်လို့ ကဗျာဆန်ဆန်လေး ပြောတာပါ။

John loves Leslie with all his heart and soul.

 

Source : myanmar-network.net

Myanmar Wedding Guide

Read times Last modified on Monday, 29 April 2019 17:43
Rate this item
(1 Vote)
Tagged under