(၃) ဂဏာန်းသမားများ အတွက် ၂၀၂၁ တစ်နှစ်တာ ကံကြမ္မာ

(၃) ဂဏာန်းသမားများ အတွက် ၂၀၂၁ တစ်နှစ်တာ ကံကြမ္မာ Google

အင်္ဂလိပ်ရက် ၃ ရက် ၊ ၁၂ ရက် ၊ ၂၁ ရက် ၊ ၃၀ ရက်မွေးဖွားသောမိတ်ဆွေများကို (၃) ဂဏာန်းသမားများ ဟုခေါ်သည်။

 

ရည်ရွယ်တာတွေ ဖြစ်လာတော့မယ် ။ စီးပွားရေး ၊ငွေကြေး ၊ အလုပ်အကိုင် ၊ ဘဝအဆင့်အတန်း ၊ အခြေနေတွေ တမဟုတ်ခြင်း မြင့်တက်သွားမယ်။

 

ဒီနှစ်ထဲမှာ ဘာကိုမှ ပူစရာမလိုတော့ပါ။ ရှေ့ရေးအတွက် ပူစရာလုံးဝမလိုတော့တဲ့ အချိန်ပါပဲ။ ငါဖြစ်ချင်တာတွေ ဖြစ်ရပြီဟေ့ ... လို့ လောကကြီးကို ကြွေးကြော်လိုက်စမ်းပါ။ ငြိမ်းချမ်းခြင်းနဲ့ တရားဓမ္မကို လိုခြင်သလား ။ တန်ခိုးသြဇာရှိခြင်းနဲ့ ရာထူးဌာနန္တရကို လိုခြင်သလား ။ ဘာကိုပဲလိုချင်လိုချင် မုချရရှိမယ့်နှစ်ကို ရောက်ရှိလာပါပြီ။ စီးပွားဥစ္စာတွေ တိုးတက်တော့မယ်။

 

အံ့သြစရာကောင်းလောက်အောင် ကောင်းစားမယ့် နှစ်ကိုရောက်ပြီ။ ဘယ်လိုပြဿနာတွေပဲတွေ့တွေ့ ကိုယ်ကတောင်ဖြေရှင်းစရာမလိုဘူး။ သူ့အလိုလိုပြီး သွားမယ်။ အလွန်ဝမ်းသာစရာကောင်းတဲ့နှစ်ဖြစ်ပါတယ်။ မိတ်ဆွေမျှော်လင့်ထားတာထက်တောင် ပိုပြီးတော့ အခြေအနေက ကောင်းလာပါလိမ့်မယ်။ ဝမ်းသာစရာ၊ပျော်ရွှင်စရာ ကြီးကြီးမားမားတွေပေါ်ပေါက်လာပါလိမ့်မယ်။ အဖိုးတန်ပစ္စည်းနဲ့ပက်သက်တဲ့ အောင်မြင်မှုတွေလည်း ကြုံနိုင်ပါတယ်။

 

လုပ်ငန်းစီးပွားတွေကို အရှိန်ဟုန်နဲ့တိုးချဲ့ပါ။ အကြံအစည်ရည်ရွယ်ချက်တွေကို လက်တွေ့ မြန်မြန်ဆန်ဆန် အကောင်အထည်ဖော်ပါ။ အဆက်သွယ် အသစ်တွေရှာပါ။ ရည်ရွယ်ထားသမျှ လုပ်ဖြစ်အောင် ရဲရဲလုပ်လိုက်စမ်းပါ။ ကံတရားဟာ မိမိဘက်မှာ ရာနှုန်းပြည့်ရှိနေပါပြီ။

 

အချစ်ရေး - အတိတ်ဘဝက ရေစက်ရှိသော ဆုတောင်းရှိသော ပဌန်းဆက်ရှိသော ဖူးစာရှင်နှင့်ဆုံရတတ် …။ ချစ်သူမရှိသေးသူများ ချစ်သူအသစ်ရအံ့ …။ချစ်သူနှင့် ရေနားနီးသောခရီးသွားရတတ် ...။ အချစ်၏ သာယာပျော်ရွှင်ကြည်နူးမှုများကို ခံစားရလတ္တံ့ …။ အမျိုးသမီးတစ်ယောက် ကြားဝင်ရှုပ်တတ်တာကိုတော့ သတိထားသင့် … ။

 

အိမ်ထောင်ရေး - မိမိတို့နှစ်ဦး၏ ရည်မှန်းချက် ရည်ရွယ်ချက်အချို့ ပြည့်မြောက်အောင်မြင်အံ့ …။ သားသမီးမရှိသေးသူများ သားကောင်းသမီးရတနာထွန်းကားအံ့ … ။ ငွေအသုံး အဖြုန်းများနေအံ့ …။ အမျိုးသမီးတစ်ယောက် ကြားဝင်ရှုပ်တတ်တာကိုတော့ သတိထားသင့် … ။

 

ငွေရေးကြေးရေး - ထီပေါက်သလို ငွေအစုလိုက်အပုံလိုက်နှစ်ကြိမ်ရအံ့ … ။ လက်ဖျားတွင် ငွေသီးနေအံ့ … ။ အမျိုးသမီးတစ်ယောက်ကိုအကြောင်းပြုပြီး ငွေရအံ့ … ။ အဝင်ကြမ်း အထွက်ကြမ်းနေအံ့ …။ ငွေကြေးအကြံအစည်များအောင်မြင်အံ့ …။ ငွေကြေးနှင့်ပက်သက်ပြီး စိတ်ပူစရာများ အခက်အခဲများရှိနေပါက အမျိုးသမီးတစ်ယောက်ကိုအကြောင်းပြုပြီး ပြေလည်အံ့ … ။ ငွေဝင်ပြီး အကြွေးတင်နေတတ်တာကိုတော့ သတိထားသင့် … ။

 

အထူးသတိထားသင့်တဲ့အချက်တွေကတော့ … အတိတ်ရဲ့ခြောက်လှန့် မှုတွေကြောင့် အနာဂါတ်ကို မမြင်မစမ်းနဲ့ လမ်းလျောက်နေရသလို ဖြစ်နေပြီး မလုပ်သင့်မလုပ် ထိုက်တာတွေ အကောင်းထင်ပြီးလုပ်မိတတ်တာကိုတော့ အထူးသတိထားရပါမယ် … ။           မကြံစည်သင့်တာတွေကို ကြံမိတတ်တယ်။ မပေါင်း သင့်တဲ့လူတွေနဲ့ ပေါင်းမိတတ်တယ်။ မိတ်ဆွေကို ရန်သူထင်နေတတ်တယ်။ သင်ယုံကြည်နေတဲ့ လူတွေက သစ္စာဖောက်တတ်ပါတယ် …။

 

လိမ်ညာခံရခြင်း၊သူများရဲ့ဒုက္ခ ကိုယ့်ဒုက္ခဖြစ်လာခြင်း၊ ပြသနာတွေ တစ်ခုပြီးတစ်ခု ဆက်တိုက် ရောက်လာခြင်းစတဲ့ လောကကြီးရဲ့မာယာ ကွန် ယက်အောက်မှာ စုံးစုံးနစ်မြှပ်သွားတတ်…။ အဲ ဒါတွေကိုတော့ သတိနဲ့ကြိုတင်ကာကွယ်တွန်းလှန်ပြီး ဖြတ်သန်းသင့်ပါတယ် …။

၁။ အမျိုးသမီးတစ်ယောက်အကူအညီ ကြီးကြီးမားမားရတတ် … ။
၂။ နာမည်ကြီး ထမင်းငတ် ဖြစ်နေတတ်
၃။ လျှပ်စစ်ပစ္စည်း ဒုက္ခပေးတတ်
၄။ အခွင့်အလမ်း အကူအညီ အဆက်အသွယ်များ နှစ်ခု နှစ်ခါ နှစ်ကြိမ် ပြိုင်တူပေါ်လာတတ်။
၅။ သွေးသားနှင့်ပတ်သက်တဲ့ရောဂါများ သတိထားပါ
၆။ လူပွေလူရှုပ်များ အိမ်ကိုရောက်လာတတ်
၇။ မိတ်ကောင်းဆွေကောင်းနှစ်ဦး တစ်ပြိုင်တည်းရတတ်
၈။ ထူးဆန်းသော ပညာထူးအသိထူးရတတ်
၉။ စိတ်ညစ်စရာ နှစ်ခါကြုံ
၁၀။ စိတ်မပါပဲခရီးနှစ်ခါသွားရတတ်
၁၁။ အလှူ မင်္ဂလာကိစ္စများ စကားပြောစီစဉ်ရတတ်
၁၂။ သတင်းကောင်းကြား ကောင်းသောခရီးသွားရတတ်
၁၃။ နာမည်ဂုဏ်သတင်း ကျော်ဇောထင်ရှား
၁၄။ မိသားစု ကျန်းမာရေးညံ့တတ်
၁၅ ။ ဆေးရုံ ဆေးခန်းများနှင့် ပက်သက်ရတတ်

ကျိုးပေးအဆောင် - ပုလဲနက် ၊ စိန်နက် ၊ ကျောက်မီးသွေး ခဲပုပ်

အကျိုးပေးအရောင် - အနက် ၊ အပြာရင့် ၊ ခရမ်းရင့်

သင့်တော်သည့် ဓါတ်စာ - မုန်လာ ငှက်ပျော ဂမုန်း

သတိ ထားသင့်သည့် အန္တရာယ် = လေဘေး

သတိထားသင့်သည့် ရောဂါ - အသည်း ၊ သည်းခြေ ၊ အစာဟောင်းအိမ် ၊ သွေး ၊ ထုံကျင်

နေ့ကောင်း - စနေ

ရက်သာ (ထီဂဏန်း) - ၈ ၊ ၁၇ ၊ ၂၆

ယတြာ။ ။ သောက်တော်ရေ (၃)ခွက် ၊ ပန်းအဖြူ(၇)ပွင့် ၊ ဖယောင်းတိုင်(၃) တိုင် အိမ်ဘုရားမှာ မကြာခဏလှူဒါန်းပြီး အလိုရှိရာများကို ဆုတောင်းပါ … ။

အခိုက်အညံ့တွေပြေပျောက်ပြီး ကံတွေကောင်းသထက်ကောင်းစေဖို့အတွက် ကန်နှစ်ကန်မှရေးကိုရောပြီး မကြာခဏရေချိုးရင်းဆုတောင်းပါ …။ ရေနှင့်နီးသည့်နေရာများသို့ မကြာခဏခရီးထွက်ပေးပါ …။ ရေသန့်မကြာခဏလှူပေးပါ … ။ ပညာရေးအတွက် လှူဒါန မကြာခဏပြုလုပ်ပေးပါ … ။

 

 

Myanmar Wedding Guide
Crd: ဆရာမင်းသိမ်းခိုင်

Read times Last modified on Friday, 01 January 2021 19:26
Rate this item
(0 votes)
Tagged under