အိမ္ရွင္မေကာင္း ပီသေစဖို႔အတြက္ ………

အိမ္ရွင္မေကာင္း ပီသေစဖို႔အတြက္ ……… google.com

အိမ္ေထာင္က်ၿပီးတဲ့ မိန္းမတစ္ေယာက္ဟာ မယား ၀တၱရားနဲ႔အညီျပဳမူေနထိုင္မွ ျမန္မာ အိမ္ရွင္မေကာင္း ပီသမွာျဖစ္ပါတယ္။

 

အိမ္ရွင္မေကာင္းျဖစ္ဖုိ႔အတြက္ကေတာ့ မိမိအိမ္တြင္း၊ ၿခံတြင္း၊ ေနအိမ္ပရဝုဏ္အတြင္းက အမ်ိဳးသမီးလုပ္ေဆာင္ရမယ့္ သန္႔ရွင္းေရးတာ၀န္၊ ခ်က္ျပဳတ္ေရးတာ၀န္၊ ေလၽွာ္ဖြပ္မီးပူတိုက္၊ ေဈးဝယ္ကအစ ခင္ပြန္းေရွ႕ ပန္းကန္အေရာက္ အဆင္သင့္ေကၽြး အားလံုးၿပီး ေဆးေၾကာၿပီးလို႔ ညအိပ္ရာဝင္တဲ့အထိ အိပ္ယာကို ခင္းက်င္းတာကအစ လုပ္ေဆာင္မႈေပးမွ ဇနီးေကာင္းပီသမွာျဖစ္ပါတယ္။

 

ေရွးေခတ္က မိန္းကေလးေတြကေတာ့ အိမ္တြင္းေအာင္းရတာမ်ားၿပီး ဒီဘက္ေခတ္အမ်ိဳးသမီးေတြကေတာ့ ေယာက်္ားေလးေတြနဲ႔ ရင္ေဘာင္တန္းၿပီး အလုပ္လုပ္ကိုင္ၾကရပါတယ္။

 

အလုပ္ထြက္လုပ္သူခ်င္းအတူတူ အိမ္မွာ ထမင္းဟင္းစားဖို႔ အလ်င္မီေအာင္ အလုပ္ကအျပန္ ေဈးဝင္ဝယ္၊ ကိုယ္တိုင္ေရမခ်ိဳးႏိုင္အားဘဲ လြယ္လာတဲ့အိတ္ကိုခ်၊ အိမ္ေနဝတ္ျဖစ္သလိုလဲၿပီး မီးဖိုေခ်ာင္ေျပးဝင္လို႔ မိသားစုညစာ အမီက်က္ေအာင္ အေျပးအလႊားခ်က္ျပဳတ္ရတာလည္း အိမ္ရွင္မေတြပဲ ျဖစ္ပါတယ္။

 

သူလည္းလူေပမို႔ တစ္ခါတစ္ေလ မခ်က္ခ်င္တာ၊ မေဆးခ်င္တာ၊ မေလၽွာ္ခ်င္တာ စတဲ့ စိတ္မပါတဲ့ အေျခအေနမ်ိဳးေတြလည္း ရွိႏိုင္ပါတယ္။

 

အမ်ိဳးသမီးအမ်ားစုဟာ ရက္သတၱပတ္ေလးပတ္ရွိတဲ့ တစ္လလံုးမွာ (၇)ရက္နီးပါးေလာက္ ဟိုတစ္ရက္ ဒီတစ္ရက္ ေန႔တစ္ဓူဝလုပ္ငန္းေဆာင္တာေလး မၿပီးခဲ့တာေတြရွိရင္လည္း နားလည္ေပးသင့္ပါတယ္။ ကိုယ့္မိန္းမကို ကူညီေပးလို႔ ငရဲမက်ပါဘူး။ မိန္းမရဲ႕ အခ်စ္နဲ႔ အားကိုးယံုၾကည္မႈေတြေတာင္ တိုးၿပီးရႏိုင္ပါေသးတယ္။

 

ေနာက္တစ္ခ်က္က မိသားစုဝင္ေငြျဖစ္တဲ့ ပစၥည္းဥစၥာေတြကို ဇနီးက စုမိေဆာင္းမိျဖစ္ေအာင္ ထိန္းသိမ္းရမွာ ျဖစ္ပါတယ္။

 

ဒီထက္ပိုၿပီး အရည္အခ်င္းရွိရင္ ပိုက္ဆံကို တိုးပြားလာေအာင္ လုပ္သင့္တာ၊ အနည္းဆံုး အေလအလြင့္ နည္းႏိုင္သမွ်နည္းေအာင္ စိစစ္သင့္ပါတယ္။

 

တခ်ိဳ႕ခင္ပြန္းေတြက ကိုယ္ရတဲ့ဝင္ေငြနဲ႔ အိမ္ရဲ႕ထြက္ေငြကို မတိုင္းထြာတတ္ဘူး။ ရတာက တစ္ပဲနဲ႔ တစ္မူးေလာက္ သံုးခ်င္လို႔မရပါဘူး။

 

ကိုယ္ရွာလာတာက မျဖစ္စေလာက္နဲ႔ ဟင္းဆိုရင္ ေကာ့ပ်ံေအာင္ စားခ်င္တာနဲ႔၊ ဟင္းေကာင္းထမင္းေကာင္း ထမင္းခ်ိဳင့္ထည့္ခ်င္တာနဲ႔ ၊ အဝတ္အစားနဲ႔ အသံုးအေဆာင္ေတြဆိုလည္း ခပ္ထည္ထည္ေလးမွ သံုးစြဲခ်င္တာနဲ႔ အမ်ားအလယ္ တင့္တယ္ေအာင္ဆိုၿပီး ဟန္လုပ္ခ်င္တတ္ပါတယ္။

 

Unicode ဖြင့်ဖတ်ရန်
အိမ်ရှင်မကောင်း ပီသစေဖို့အတွက် ………
အိမ်ထောင်ကျပြီးတဲ့ မိန်းမတစ်ယောက်ဟာ မယား ၀တ္တရားနဲ့အညီပြုမူနေထိုင်မှ မြန်မာ အိမ်ရှင်မကောင်း ပီသမှာဖြစ်ပါတယ်။
အိမ်ရှင်မကောင်းဖြစ်ဖို့အတွက်ကတော့ မိမိအိမ်တွင်း၊ ခြံတွင်း၊ နေအိမ်ပရဝုဏ်အတွင်းက အမျိုးသမီးလုပ်ဆောင်ရမယ့် သန့်ရှင်းရေးတာဝန်၊ ချက်ပြုတ်ရေးတာဝန်၊ လျှော်ဖွပ်မီးပူတိုက်၊ ဈေးဝယ်ကအစ ခင်ပွန်းရှေ့ ပန်းကန်အရောက် အဆင်သင့်ကျွေး အားလုံးပြီး ဆေးကြောပြီးလို့ ညအိပ်ရာဝင်တဲ့အထိ အိပ်ယာကို ခင်းကျင်းတာကအစ လုပ်ဆောင်မှုပေးမှ ဇနီးကောင်းပီသမှာဖြစ်ပါတယ်။
ရှေးခေတ်က မိန်းကလေးတွေကတော့ အိမ်တွင်းအောင်းရတာများပြီး ဒီဘက်ခေတ်အမျိုးသမီးတွေကတော့ ယောကျ်ားလေးတွေနဲ့ ရင်ဘောင်တန်းပြီး အလုပ်လုပ်ကိုင်ကြရပါတယ်။
အလုပ်ထွက်လုပ်သူချင်းအတူတူ အိမ်မှာ ထမင်းဟင်းစားဖို့ အလျင်မီအောင် အလုပ်ကအပြန် ဈေးဝင်ဝယ်၊ ကိုယ်တိုင်ရေမချိုးနိုင်အားဘဲ လွယ်လာတဲ့အိတ်ကိုချ၊ အိမ်နေဝတ်ဖြစ်သလိုလဲပြီး မီးဖိုချောင်ပြေးဝင်လို့ မိသားစုညစာ အမီကျက်အောင် အပြေးအလွှားချက်ပြုတ်ရတာလည်း အိမ်ရှင်မတွေပဲ ဖြစ်ပါတယ်။
သူလည်းလူပေမို့ တစ်ခါတစ်လေ မချက်ချင်တာ၊ မဆေးချင်တာ၊ မလျှော်ချင်တာ စတဲ့ စိတ်မပါတဲ့ အခြေအနေမျိုးတွေလည်း ရှိနိုင်ပါတယ်။
အမျိုးသမီးအများစုဟာ ရက်သတ္တပတ်လေးပတ်ရှိတဲ့ တစ်လလုံးမှာ (၇)ရက်နီးပါးလောက် ဟိုတစ်ရက် ဒီတစ်ရက် နေ့တစ်ဓူဝလုပ်ငန်းဆောင်တာလေး မပြီးခဲ့တာတွေရှိရင်လည်း နားလည်ပေးသင့်ပါတယ်။ ကိုယ့်မိန်းမကို ကူညီပေးလို့ ငရဲမကျပါဘူး။ မိန်းမရဲ့ အချစ်နဲ့ အားကိုးယုံကြည်မှုတွေတောင် တိုးပြီးရနိုင်ပါသေးတယ်။
နောက်တစ်ချက်က မိသားစုဝင်ငွေဖြစ်တဲ့ ပစ္စည်းဥစ္စာတွေကို ဇနီးက စုမိဆောင်းမိဖြစ်အောင် ထိန်းသိမ်းရမှာ ဖြစ်ပါတယ်။
ဒီထက်ပိုပြီး အရည်အချင်းရှိရင် ပိုက်ဆံကို တိုးပွားလာအောင် လုပ်သင့်တာ၊ အနည်းဆုံး အလေအလွင့် နည်းနိုင်သမျှနည်းအောင် စိစစ်သင့်ပါတယ်။
တချို့ခင်ပွန်းတွေက ကိုယ်ရတဲ့ဝင်ငွေနဲ့ အိမ်ရဲ့ထွက်ငွေကို မတိုင်းထွာတတ်ဘူး။ ရတာက တစ်ပဲနဲ့ တစ်မူးလောက် သုံးချင်လို့မရပါဘူး။
ကိုယ်ရှာလာတာက မဖြစ်စလောက်နဲ့ ဟင်းဆိုရင် ကော့ပျံအောင် စားချင်တာနဲ့၊ ဟင်းကောင်းထမင်းကောင်း ထမင်းချိုင့်ထည့်ချင်တာနဲ့ ၊ အဝတ်အစားနဲ့ အသုံးအဆောင်တွေဆိုလည်း ခပ်ထည်ထည်လေးမှ သုံးစွဲချင်တာနဲ့ အများအလယ် တင့်တယ်အောင်ဆိုပြီး ဟန်လုပ်ချင်တတ်ပါတယ်။

 

Read times Last modified on Wednesday, 19 September 2018 14:41
Rate this item
(1 Vote)