အချစ်ရေးဗေဒင်

အချစ်ရေးဗေဒင် google

ဒီနေ့မှာတော့ ကိုယ့်အချစ်ရေးလေးကို သိနိုင်မယ့် အချစ်ရေးဗေဒင်လေးကို ဖော်ပြပေးလိုက်ပါတယ်နော်။

 

ကိုယ့်နဲ့ကိုက်ညီမှုရှိမရှိလေးကြည့်ပေးသွားပါအုံးနော်…….


တနင်္ဂနွေ


ချစ်ရတဲ့သူကိုအရမ်းချစ်ပေမဲ့ အနေဝေးနေခတတ်ကြပါတယ်။ ချစ်သူကအနိုင်ယူတာမျိုး ခဏခဏငိုအောင်စိတ်ညစ်အောင်လုပ်တာမျိုး

 

ကြုံရတတ်ပါတယ်။ဒါမဲ့ အဲ့ချစ်သူကပဲသင့်ကိုပါသစ္စာရှိရှိချစ်သွားမှာပါတဲ့နော်။


တနင်္လာ


ချစ်သူရဲ့ချော့တာလေးကိုနှစ်သက်ပေမဲ့ ကိုယ်ကလိုက်ပြီးချော့ရတဲ့အနေအထားမှာရှိနေပါတယ်။

 

မာနကြီးတယ်၊ ရည်စားတစ်ယောက်ကိုလွယ်လွယ်နဲ့မထားတတ်ဘူး။ ချစ်ပြီဆိုလည်း တစ်ဘဝလုံးစာ၊ မုန်းပြီဆိုလည်း

 

သံသရာအဆက်ဆက်ပဲ၊ လမ်းခွဲတဲ့နေရာမှာလည်း ပြတ်သားရက်စက်တာ နှစ်ယောက်မရှိပါဘူး။


အင်္ဂါ


တစ်ယောက်ဆိုတစ်ယောက်အပေါ်မှာပဲအစွဲအလန်းရှိနေပါတယ်။ သူအဝေးမှာရှိနေတာတောင် ပြန်လာဖို့ သတ္တိရှိစွာ၊

 

မေတ္တာမပြတ်စောင့်နေတတ်ပါတယ်။ ရှေ့တိုးရမလိုလို ၊ နောက်ဆုတ်ရမလိုလိုနဲ့ သံယောဇဉ်လည်းပြတ်နိုင်ကြမှာမဟုတ်ပါဘူး။


ဗုဒ္ဓဟူး


ကိုယ်ကစကားပြောကောင်းတာကြောင့် စန်းအလွန်ပွင့်သလို တခါတလေကိုယ်ပဲခံစားရတာပါ။

 

သိပ်ချစ်ပြတယ် နောက်ဆုံးကိုယ်ကပဲနောင်တရတယ်၊ ချစ်သူကြောင့် ငိုခဲ့ရလွန်းလို့ ကျလိုက်တဲ့မျက်ရည်ကရေအားလျှပ်စစ်ပါထုတ်လို့ရလောက်တယ်။


ကြာသာပတေး


အချစ်စစ်ရဖို့အချိန်တွေမနည်းရင်းရတတ်ပါတယ်။ စန်းပွင့်ပြီး လူချစ်လူခင်ပေါတယ်၊ အသေရရ အရှင်ရရ ချစ်ပြမဲ့သူရှိနေလို့

 

ပတ်ဝန်းကအားကျရတဲ့သူဖြစ်ချင်ဖြစ်လိမ့်မယ်၊ တကယ်တမ်းအချစ်စစ်နဲ့ပတ်သက်ရင် ကံနိမ့်တတ်တာ ကိုယ်ကိုကိုယ်တိုင်ပဲသိတယ်


သောကြာ


ချစ်မဲ့သူတွေပေါတယ်၊ ချောမောလှပတဲ့သူတွေဖြစ်ပေမဲ့ ကိုယ်ရည်းစားဆိုကိုယ့်ထက်ပိုချောတဲ့သူမရကြပါဘူး။


ကိုယ့်ထက်အသက်ပိုကြီးတဲ့သူတွေက အသေအလဲကြွေချင်းခံရတတ်ပါတယ်။ မျက်ရည်အကျလွယ်တယ်။

 

ကိုယ်ချစ်သူရဲ့ မြတ်နိုးမှု၊ အချစ်တွေကိုခံစားရပေမဲ့ ခေတ္တယာယီတော့ ဝေးနေတတ်ကြပါတယ်။


စနေ


ဘယ်လိုနေနေလှတယ်၊ ဖျက်ခနဲရီလိုက်တာက သူတို့အတွက်အားသာချက်ပါ၊ အဲ့ဒီအပြုံးကိုမြင်လိုက်ရသူတိုင်း သမလိုရှင်မလိုဖြစ်ပြီး

 

ညှို့ချက်ပြင်းတယ်၊ လူတစ်ယောက်ကိုသိပ်ချစ်ခဲ့ဖူးပေမဲ့ အဲ့လူရဲ့ ဥပေက္ခာပြုခြင်းကိုခံခဲ့ရတယ်။ အချစ်ဦးနဲ့လွဲနေပေမဲ့

 

အချစ်စစ်နဲ့ရင်ဆိုင်ကြုံတွေ့နေရတဲ့ အနေအထားမှာရှိပါတယ်။


အားလုံးပဲအချစ်ရေးအဆင်ပြေကြပါစေနော်……


Source: Sayar Myat Min

 

Myanmar Wedding Guide

Read times
Rate this item
(0 votes)
Tagged under