လက်မထပ်ခင်ချစ်သူနှစ်ဦးပြင်ဆင်သင့်သည့် အရာများ

လက်မထပ်ခင်ချစ်သူနှစ်ဦးပြင်ဆင်သင့်သည့် အရာများ google

လက်ထပ်တယ်ဆိုတာ နှစ်ယောက်တစ်ဘဝတည်း အဖြစ်ပေါင်းစပ်လိုက်ခြင်းဘဲ ဖြစ်ပါတယ်။


လက်မထပ်ခင်မှာ ကိုယ့်ချစ်သူရဲ့အကြောင်း သေချာသိထားဖို့ကတော့လိုပါတယ်။


အသွင်တူမှ အိမ်သူ ဖြစ်မှာလေနော် တစ်ယောက်နဲ့ တစ်ယောက်လျို့ဝှက်ချက်ဆိုတာမထားဘဲ တစ်ယောက်အကြောင်းတစ်ယောက်ပြောပြထားဖို့ တော့လိုပါတယ်။


ဒါမှသဘောထားကွဲလွဲတာမျိုးရှိခဲ့ရင်လည်းအချိန်ယူပြီး ညှိလို့ရမှပါနော်။


တစ်ယောက်နဲ့တစ်ယောက်က အကြိုက်ကတော့အမြဲမတူနိုင်ပါဘူး။


အချင်းချင်းဖေးမကူညီပြီး လက်တွဲသွားနိုင်ရင်အကောင်းဆုံးပါဘဲ တစ်ယောက်လိုအပ်ချက်ကိုတစ်ယောက်က

 

အပြစ်မပြောဘဲ ဖြည့်စွက်ပေးတာမျိုးလုပ်သင့်ပါတယ်။


ဒါမှ ပါရမီဖြည့်ဘက်ဖြစ်မှာလေနော်လက်မထက်ခင်ကတည်းက မိန်းကလေးဆိုလဲ ငါက shopping ထွက်တာတွေ

 

အလှအပအတွက်ကုန်ကျတာတွေလျှော့မယ် နင်လဲမလိုအပ်ဘဲသူငယ်ချင်းတွေနဲ့ သောက်စားတာမျိုးတွေလျှော့ရမယ်နော် ဆိုပြီး ကြိုတင်ညှိနှိုင်းထားရပါမယ်။


နှစ်ဖက်မိဘဆွေမျိုးသူငယ်ချင်းတွေနဲ့လဲ ရင်းနှီးအောင်ပြုလုပ်ထားရပါမယ်။


ဒါမှ စိတ်အခန့်မသင့်လို့ရန်ဖြစ်တဲ့အခါမျိုးမှာ ကိုယ့်ဘက်ကပါပြီး ဖြန်ဖြေပေးကြမှာပါ။


လက်ထပ်ပြီးသွားလဲအရင်ကအတိုင်းဘဲချစ်နေဖို့လိုပါသေးတယ်။


ဒါမှသာယာပျော်ရွှင်တဲ့အိမ်ထောင်ရေးလေးကို ပိုင်ဆိုင်နိုင်မှာပါနော်……

 

Myanmar Wedding Guide

Read times
Rate this item
(0 votes)
Tagged under