ခါရာရဲ့ အိမ်ထောင်ရေးခံယူချက်

ခါရာရဲ့ အိမ်ထောင်ရေးခံယူချက် Google

ခါရာကတော့ ချစ်သူဖြစ်တဲ့ နိုရာနဲ့အတူ အိမ်ထောင်တစ်ခု ထူထောင်ဖို့ ရည်ရွယ်ထားတဲ့ အရာတွေကို ပြောပြလာပါတယ်။

 

ခါရာ နဲ့ နိုရာတို့ ချစ်သူ နှစ်ဦးကတော့ အခုဆိုရင် ချစ်သူသက်တမ်း (၇) နှစ်ကျော်လာခဲ့ပါတယ်။ တစ်ယောက်နဲ့ တစ်ယောက်ကလည်း အရမ်းချစ်သလို အရမ်းလိုက်ဖက်တဲ့ စုံတွဲ တစ်တွဲပါ။ ခါရာဟာ ချစ်သူဖြစ်တဲ့ နိုရာ ကို ဘဝလက်တွဲဖော်အထိ ရည်ရွယ်ထားတဲ့ အကြောင်းကို ပြောပြခဲ့ပါတယ်။

 

ချစ်သူလေးရဲ့မွေးနေ့ရောက်တိုင်း အတူတူဖြတ်သန်းချင်တယ်ဆိုတဲ့ ခါရာ 

 

“ ကျွန်တော်တို့ နှစ်ယောက်က တွဲလာတာလည်း ကြာပြီဆိုတော့ အချိန်တစ်ခုမှာ ကျွန်တော်တို့ လက်ထပ်မယ်။ အိမ်ထောင်တစ်ခုကို အတူတူ ထူထောင်မယ်ဆိုတဲ့ ဆန္ဒတစ်ခုရှိပါတယ်။ အိမ်ထောင်တစ်ခု ဖြစ်လာပြီဆိုရင် အိမ်ထောင်တာဝန်ကို ကျွန်တော်က ထမ်းဆောင်ရမှာဆိုတော့ အိမ်ထောင့်တာဝန်ကို လစ်ဟင်းသွားမှာလည်း စိုးရိမ်တယ်။ ကိုယ်ဖြစ်ချင်တာကို အရင်ကြိုးစားပြီး အရင်လုပ်မယ်၊ ပြီးရင် လက်ထပ်ကြမယ်။ အခုချိန်မှာ တစ်ယောက်နဲ့တစ်ယောက် နားလည်မှုယူကြတဲ့ အချိန်မှာ သူ့ရဲ့ ကောင်းတဲ့ အချက်တွေကိုပဲ နားလည်ပေးရမှာ မဟုတ်ဘူး။ ရေရှည်သွားဖို့ဆိုရင်တော့ သူ့ရဲ့ မကောင်းတဲ့ အချက်ကို နားလည်ပေးရမှာ။ ဒီလိုပဲ ကျွန်တော်တို့ အချင်းချင်းလည်း နားလည်မှု ယူပြီးတော့ သွားတယ်” လို့ ဆိုပါတယ်။

မင်းသား ခါရာ ရဲ့ အချစ်ဆုံး ချစ်သူလေး က ဘယ်သူတဲ့လဲ - Myanmarload

လက်ရှိမှာတော့ ခါရာနဲ့ နိုရာ တို့ ချစ်သူနှစ်ယောက်ဟာ ဘိုရာဇီ ရုပ်ရှင်ထုတ်လုပ်ရေးကို အတူတူ လုပ်ကိုင်နေကြပါတယ်။ အနုပညာအလုပ်နဲ့ ပတ်သက်ပြီး တစ်ယောက်နဲ့ တစ်ယောက် ပျော်ရွှင်ခဲ့ရတာတွေရှိသလို အခက်အခဲတွေကိုလည်း အတူတူ ဖြတ်ကျော်ခဲ့ရတဲ့ အမှတ်တရတွေ ရှိခဲ့တယ်လို့ သူက ဆိုပါတယ်။

 

“ ကျွန်တော်တို့ရဲ့ အလုပ်တွေမှာ ကိုယ်သွားချင်တဲ့ အတိုင်းအတာ ဆိုတာ ရှိသေးတယ်၊ အဲဒီအထိရောက်ဖို့ အရင်ကြိုးစားမယ်။ အခုလည်း ထုတ်လုပ်ရေးအပိုင်းမှာ နှစ်ယောက်က အတူတူလုပ်နေတာ ဖြစ်တဲ့အတွက် ရုပ်ရှင်တစ်ကားရုံတင်တယ်ဆိုလည်း ကိုယ်မျှော်မှန်းထားတဲ့ အတိုင်းအတာ တစ်ခု မရောက်ခဲ့တဲ့ဟာ ရှိပါတယ်။ လောကဓံဆိုတာကိုလည်း ကြံ့ကြံ့ခံခဲ့ရတယ်၊ ပျော်ရွှင်ရတဲ့ အချိန်တွေမှာလည်း အတူတူရှိခဲ့သလို ခက်ခဲတဲ့ အချိန်တွေမှာလည်း အတူတူ ရှိဖို့ အရေးကြီးတယ်။ အဲဒီအချိန်တွေမှာ အတူတူရုန်းကန် ကြိုးစားခဲ့ရတာ ဆိုတော့ နားလည်မှုကလည်း ပိုမိုခိုင်မြဲလာပါတယ်” လို့ ဆက်လက် ပြောပြခဲ့ပါတယ်။

 

 တင် ထား သော ခေါင်းစဉ် များ

 

ခါရာက မော်ဒယ်လ်အပိုင်းမှာရော၊ သရုပ်ဆောင် အပိုင်းမှာပါ ပရိသတ်အားပေးမှုအများကြီးရရှိထားတဲ့အနုပညာရှင်တစ်ယောက်ဖြစ်ပါတယ်။ ချစ်သူနှစ်ယောက်တွဲပြီး "ကလိမ်ကကျစ်" ဆိုတဲ့ တေးစီးရီးလည်းထွက်ရှိထားပါသေးတယ်။ အဲဒီနောက် ကိုယ်ပိုင်ထုတ်လုပ်ရေးကနေ ရုပ်ရှင်ကားကြီးတွေလည်း ရိုက်ကူးထားတာ တွေ့ရပါတယ်။

 

Credit: Duwun

Read times Last modified on Saturday, 05 December 2020 11:32
Rate this item
(0 votes)