သောကြာသားသမီးနဲ့ ချစ်သူဖြစ်ရင် ဒီအချက်တွေ သိထားသင့်ပါတယ်

သောကြာသားသမီးနဲ့ ချစ်သူဖြစ်ရင် ဒီအချက်တွေ သိထားသင့်ပါတယ် google.com

သောကြာသားသမီးတွေဟာ ချစ်သူကို အရမ်းချစ်တတ်ကြပါတယ်။ ဒါပေမယ့် သူတို့ကို စိတ်နာအောင်တော့ သွားမလုပ်လေနဲ့။

 

စိတ်နာရင် တစ်သက်လုံး လှည့်ကြည့်မှာ မဟုတ်ဘူး။ စိတ်ကတော့ ကောက်သလားမမေးနဲ့ အားနေ တခုခုကို ကောက်နေရမှ အကြာကြီးတော့ စိတ်မဆိုးတတ်ဘူး။

 

သူတို့ဟာ အရှက်အကြောက် အရမ်းကြီးတယ်။ ချစ်သူကို စာနာနားလည်မှုလည်း ပေးနိုင်တယ်။ ပေးကမ်းရက်ရောတဲ့ နေရာမှာလည်း နှစ်ယောက်မရှိဘူး။

 

ဉာဏ်ကောင်းသလောက် တခါတလေမှာ အပျင်းကြီးတတ်တယ်။ ဘယ်လောက်တောင် ပျင်းလည်းဆိုတော့ ပျင်းရမှာတောင် ပျင်းနေတတ်တယ်။

 

စကားနည်းတယ်လို့ ထင်ရတယ်။ အဲ့ဒါဟာလည်း မသိတဲ့သူတွေနဲ့သာ နည်းတာပါ။ သူငယ်ချင်းတွေ ကြားမှာတော့ သူပဲစကားအများဆုံး။

 

လူချစ်လူခင်များသလောက် လူမုန်းကလည်း များပါသေးတယ်။ ဒါပေမယ့် အကြောကတော့ သိတဲ့အတိုင်းပဲ ခွေးဟောင်တိုင်း ထမကြည့်တတ်ဘူး သူတို့ကို သေးသေးတော့ သွားမတင်လေနဲ့။

 

လုံးကြီးတင်ပီး အဆံပါခတ်ပစ်လိမ့်မယ်။ အချစ်ရေးမှာတော့ အနည်းငယ်ကံခေတတ်ပါတယ်။ မရနိုင်တာကိုမှ တမ်းတမ်းစွဲ ဖြစ်နေတတ်တာ သောကြာသားသမီး လေးတွေပါ။

 

 

Credit;shwehtoolay.net

Read times Last modified on Tuesday, 09 October 2018 10:28
Rate this item
(1 Vote)