သမီးရည်းစားကွဲစေတတ်သောအချက်များ

သမီးရည်းစားကွဲစေတတ်သောအချက်များ google.com

အရွယ်ရောက်ပြီးလို့ ချစ်သူထားမယ်ဆိုရင်တော့ ကိုယ့်ရဲ့ ချစ်သူဖြစ်လာတော့မည့်သူအပေါ်တွင်

နိုင်ထက်စီးနင်းမလုပ်ဘဲ တစ်ယောက်ကိုတစ်ယောက် ကြင်နာယုယမှုရှိနေရင်တော့ ပိုပြီးကောင်းမယ်ထင်ပါတယ်။

 

စိတ်ကောက်တတ်ခြင်း

 

ချစ်သူဘ၀မှာ တစ်ယောက်နဲ့တစ်ယောက် နောက်ရင်းနဲ့ စိတ်ကောက်တတ်ကြပါတယ်။ အလိုမကျရင်လည်း စိတ်ကောက်တတ်ကြပါတယ်။ အကြာကြီးစိတ်ကောက်တာတော့ မဖြစ်သင့်ပါဘူး။

 

တချို့ချစ်သူတွေက ချော့တတ်ပေမယ့် တချို့ကတော့ ချော့ရတာဟာ သူ့အတွက် အခက်ခဲဆုံး ဖြစ်နေပါလိမ့်မယ်။ ထို့ကြောင့် စိတ်မကောက်ရဘူးလို့မပြောဘူး ဆိုပေမယ့် သူ့ဘက်ကချော့လာရင်တော့ စိတ်ပြေသင့်ပါတယ်။

 

သ၀န်တိုတတ်ခြင်း

 

ချစ်သူဘ၀မှာ တစ်ယောက်နဲ့တစ်ယောက် သ၀န်တိုမှုတွေတော့ အနည်းနဲ့အများ ရှိတတ်ပါတယ်။ အချစ်ကြီးသူများအတွက်တော့ သ၀န်တိုမှုဆိုတာ ရှိလာမှာပဲ။

 

သ၀န်တိုခြင်းကြောင့် တစ်ဦးဦးရဲ့ မာနကို ထိခိုက်စေတတ်ပါတယ်။ အဲဒါကို သတိနဲ့ ချိန်ဆတတ်ရပါမယ်။



ပွင့်ပွင့်လင်းလင်းမရှိခြင်း

 

ချစ်သူတွေဖြစ်ကြပြီဆိုရင် တစ်ယောက်နှင့်တစ်ယောက် ပွင့်ပွင့်လင်းလင်းရှိဖို့တော့ လိုအပ်ပါမယ်။ ပွင့်ပွင့်လင်းလင်းမရှိခြင်းကြောင့် တစ်ဖက်လူက ကိုယ့်ကို လိမ်ညာနေတာ မရိုးသားတာဟု အထင်မြင်ခံရတတ်ပါတယ်။

 

ဘ၀လက်တွဲဖော်အဖြစ် ရွေးချယ်ခဲ့ရင်တော့ ပွင့်လင်းဖို့လိုအပ်ပါလိမ့်မယ်။ တစ်ဦးနှင့်တစ်ဦး ပွင့်ပွင့်လင်းလင်းရှိခြင်းကြောင့် တစ်ယောက်စိတ်ကို တစ်ယောက်က သိမြင်စေနိုင်ပါတယ်။

 

Read times Last modified on Wednesday, 19 September 2018 16:38
Rate this item
(3 votes)