လက်မထပ်ခင် ကြိုတင်တိုင်ပင်ထားသင့်တဲ့ အချက်များ

လက်မထပ်ခင် ကြိုတင်တိုင်ပင်ထားသင့်တဲ့ အချက်များ google.com

တစ်ဦးနှင့်တစ်ဦးချစ်သူတွေဖြစ်ပြီးနောက်ပိုင်း အိမ်ထောင်ပြုကြရမှာ မလွဲမသွေဖြစ်ပါတယ်။ ထို့ကြောင့် လက်မထပ်ခင်

မိမိတို့ချစ်သူနှစ်ဦးရဲ့ နှစ်ဦးနှစ်ဖက်ကတိစကားကိုတော့ အရင်ပြောဆိုထားသင့်ပါတယ်။

 

ကတိဆိုတာ လွယ်လွယ်နဲ့ဖျက်ဖို့မဟုတ်ဘူးဆိုတာကိုတော့ နှစ်ဦးစလုံး သိရှိပြီးသားဖြစ်ကြမှာပါ။ ဘ၀မှာ ထားရှိသင့်တဲ့ကတိစကားဆိုသည်မှာ အိမ်ထောင်ကျပြီး ဖြစ်လေ့ဖြစ်ထရှိတဲ့ အသေးအမွှား ပြဿနာတွေကအစ စိတ်ဝမ်းကွဲခြင်း၊ လမ်းခွဲသည်အထိ မဖြစ်ရလေအောင် ကြိုတင်၍ တိုင်ပင်ထားသင့်ပါတယ်။



အရေးကြီးကိစ္စများဆုံးဖြတ်တဲ့အခါ တစ်ဦးနှင့် တစ်ဦး ဆွေးနွေးတိုင်ပင်ရမှာဖြစ်ပြီး တစ်ယောက်တည်း ဆုံးဖြတ်ချက် မချသင့်ပေ။

 

စကားများရန်ဖြစ်တဲ့အခါတွင်လည်း တစ်ယောက်နဲ့တစ်ယောက် လက်မပါရန်၊ ရိုင်းစိုင်းစွာ ဆဲဆိုခြင်းလုံးဝမပြုရန်၊ လမ်းခွဲစကားမပြောရန်၊ အိမ်ပေါ်မှမဆင်းရန် အစရှိသည်တို့ကို ကြိုတင် တိုင်ပင် ပြောဆို ထားသင့်ပါတယ်။

 


တစ်ဦးကိုတစ်ဦး လေးစားမှု ရှိခြင်း၊ သဝန်ကြောင်ခြင်း ၊ တစ်စုံတစ်ဦးနှင့် သမုတ်ခြင်းများ မပြုလုပ်ရန်နှင့် အတိတ်ကိုပြန်လည်တူးဆွ၍ ပြဿနာမရှာရန်တို့ကို ကြိုတင်ပြောထားသင့်ပါတယ်။

 


ယောက်ျားတာဝန်၊ မိန်းမတာဝန် ကျေပွန်ရန်၊ ယောက်ျား ပိုက်ဆံမရှာနိုင်တဲ့အချိန် နားလည်မှုပေးရန်၊ မိန်းမ အိမ်အလုပ်များတွင်လည်း လိုအပ်ရင်လိုအပ်သလို အကူအညီပေးရန်၊ တစ်ယောက်နှင့်တစ်ယောက်လျစ်လျှူရှုမ ထားရန် တို့ကို ကြိုတင် တိုင်ပင်ထားသင့်ပါတယ်။

 

 
တစ်လတစ်ခါ သို့မဟုတ် တစ်ပတ်တစ်ခါ သမီးရည်းစားဘဝကအတိုင်း လျှောက်လည်ပေးရန်၊ တစ်ယောက်မကြိုက်သည့် ကိစ္စများကို အတတ်နိုင်ဆုံး ဆင်ခြင်ရန်တို့ ဖြစ်ပါတယ်။

 


နှစ်ဦးရန်ဖြစ်သောအခါ ပြောသောစကားများကို လုံးဝအတည်မယူရန်၊ ရန်ဖြစ်ပြီး ၃ရက်အတွင်း စကားမပြောလျှင် ပြန်ချော့ရန်နှင့် မှားတဲ့သူမှဘက်မှ တောင်းပန်ရန် တို့ကို ကြိုတင်ပြောထားရပါမယ်။

 


အိမ်ထောင်သည်များဖြစ်သဖြင့် အပျို၊ လူပျို ဘဝအတိုင်း အမြဲတမ်း အပေါင်းအသင်းများနှင့် အချိန်ဖြုန်းနေလို့ မရတော့ဘူးဆိုတာကို မိမိဘာသာ သိရှိသဘောပေါက်ထားရပါမယ်။

 

 

နှစ်ဘက်မိဘများအား ငွေကြေးထောက်ပံ့မှု ကိစ္စများတွင်လည်း တစ်ဦးနှင့်တစ်ဦး နားလည်မှုရှိပေးရန်နှင့် နှစ်ဘက်စလုံးအတွက် တရားမျှတမှုရှိရန်လည်း လိုအပ်ပါတယ်။



Read times Last modified on Wednesday, 19 September 2018 15:12
Rate this item
(2 votes)