ဇန်နဝါရီလ ၁၆ ရက် နေ့မှ ၃၁ ရက်နေ့ အထိ ၁၂ ရာသီခွင် ဗေဒင်ဟောစာတမ်း

ဇန်နဝါရီလ ၁၆ ရက် နေ့မှ ၃၁ ရက်နေ့ အထိ ၁၂ ရာသီခွင် ဗေဒင်ဟောစာတမ်း google

မကာရရာသီ (Capricon)

ဒီဇင်ဘာ (၂၂) မှ ဇန်နဝါရီ (၂၀) ကြား

ဆောင်ရွက်သမျှအောင်မြင်မည်။ ကူညီသူများနှင့်တွေ့မည်။ အပြိုင်အဆိုင်ကြားမှ တိုးတက်မည်။ စုပေါင်းတွဲဖက်သော လုပ်ငန်းများအောင်မြင်မည်။

လူလွတ်များသာမက အိမ်ထောင်ပျက်၊ မုဆိုးဖို၊ မုဆိုးမ အရွယ်ရှိသူများပင်လျှင် အလွန်စန်းပွင့်သော ကာလဖြစ်သည်။ အပျော်သဘောမပါ နှစ်နှစ်ကာကာ ချစ်မေတ္တာထားသူများနှင့် ကြုံမည်။

ဦးတည်ချက်ပြောင်း၍ ရှေ့တိုးဆောင်ရွက်သော ပညာရေးရာများမှ အဆင့်မြင့်အောင်မြင်ခြင်းများကြုံမည်။ ဖြေဆိုထားသော စာမေးပွဲ၏ အောင်မြင်မှုကို ရရှိကာ ပိုမိုမြင့်မားသော ပညာရပ်များ သင်ကြားနိုင်မည်။

မတည့်သော အစားအသောက်များ စားသုံးမိခြင်းကြောင့် ဝေဒနာတိုးတတ်သည်။ ပျောက်ကင်းစပြုနေသော ရောဂါအား ပေါ့ပေါ့တန်တန်သဘောထား၍ ပြန်လည်ဖြစ်ပေါ်တတ်သည်။ ချောင်းဆိုးခြင်း၊ အသံဝင်ခြင်းဖြစ်က မပေါ့အပ်။

ယတြာ - နေအိမ်အလုပ်ခန်း၊ ဧည့်ခန်းတို့၏ အနောက်တောင်အရပ်၊ အနောက်မြောက်ထောင့်နေရာ နှစ်ခုတွင်ရှိသော စက်ပစ္စည်းဟောင်းများ စွန့်ပစ်ပါ။

 

ကုမ်ရာသီ (Aquarius)

ဇန်နဝါရီ (၂၁) မှ ဖေဖော်ဝါရီ (၁၈) ကြား

ဖြစ်ပေါ်လာသော အကြံအစည်များ အောင်မြင်မည်။ လုပ်ငန်းကံကောင်းမည်။ စိတ်ကူးသစ်များ အောင်မြင်မည်။ လုပ်ရိုးလုပ်စဉ်မဟုတ်သော အလုပ်များ ဆောင်ရွက်အကျိုးပေးမည်။

အချစ်ရေးနှင့်ပတ်သက်သော ကိစ္စရေးရာမှန်သမျှ ယတိပြတ်ဆုံးဖြတ်ချက်ချရန် အခါကောင်းဖြစ်သည်။ ဆုံးဖြတ်ချက်များ မှန်ကန်မည်။ ကိုယ်ပိုင်ဆုံးဖြတ်ချက်များကို ဦးစားပေးပါ။

ပေါ့ဆ၍မရ။ ပညာကံ မှေးမှိန်သည်။ စာမေးပွဲဖြေဆိုရန်ရှိက ကြိုတင်ပြင်ဆင်ကာမှ တန်ရုံကြမည်။ တပွဲတိုး စာရွေးကျက်က ကျက်သည်က တစ်မျိုး၊ မေးသည်က တစ်ဖုံနှင့် အခြေအနေဆိုးကို ကြုံတွေ့ရမည်။

ဆေးထိုးဆေးသောက်မှားယွင်းခြင်းများ ဖြစ်တတ်သည်။ အစာအဆိပ်ဖြစ်တတ်သည်။ ရေချိုးခန်း၊ အိမ်သာတို့တွင် လဲပြိုတတ်သည်။ ပြောင်းလဲနေသော ရာသီဥတုအပေါ် အလေးမထားမိ၍ ဝေဒနာဖြစ်လွယ်သည်။

ယတြာ - အိမ်တွင်ထိုးထားသော ပန်းများအား အညှိုးမခံရ။ အမြဲတစေ လန်းအောင်ထားပါ။

 

မိန်ရာသီ (Pisces)

ဖေဖော်ဝါရီ (၁၉) မှ မတ် (၂၀) ကြား

ဆက်ဆံနေရသော ပတ်ဝန်းကျင်အတွင်ူ ကောင်းသော ပြောင်းလဲမှုများ ဖြစ်ပေါ်မည်။ နိုင်ငံခြားအလုပ်ကိုင် ကံပွင့်မည်။ ခရီးသွား၍ အကျိုးရှိသည်။ လူမျိုးကွဲ အကျိုးပေးမည်။

အသက်အရွယ်ချင်း လွန်စွာ ကွာခြားသူများ၊ ဘဝအခြေအနေချင်းကွာခြားသူများ၊ ဘာသာ လူမျိုးကွဲပြားသော ချစ်သူများအတွက် အပြန်အလှန် အဆင်ပြေမှုများနှင့် နှစ်ဦးပူးတွဲဆုံးဖြတ်၍ အချစ်ခရီးရှေ့တိုးနိုင်မည်။

ရပ်တန့်ထားသော ပညာရပ်များကို ပြန်လည်လေ့လာဆောင်ရွက်သူများနှင့် လုပ်ငန်းပညာသင်တန်းတက်ရောက်သူများအတွက် အထူးကောင်းသော ကာလဖြစ်သည်။

နာတာရှည်ရောဂါဘက်သို့ ဖြစ်ပေါ်ရန် အခြေအနေနီးစပ်နေသူများအတွက် သမားပြ၍ ရောဂါဝေဒနာလျော့ကျပျောက်ကင်းအောင် ဆောင်ရွက်ရမည်။ ဆေးစားဆေးကု ပြုနိုင်သည်။

ယတြာ - သတ္တုနှင့်ပြုလုပ်ထားသော တူ (၇) စုံကို ထမင်းစားခန်း၏ အနောက်ဘက်ခြမ်းတွင် ထားက စီးပွားတက်မည်။

 

မိဿရာသီ Aries

မတ် (၂၁) မှ ဧပြီ (၂၀) ကြား

အပြိုင် အတိုက်အခံများမည်။ စီမံကိန်းချပြီး လုပ်သော လုပ်ငန်းများ ရှောင်ရမည်။ လူညစ်များ၊ အနှောက်အယှက် ပေးသူများ ရှိမည်။ ကြံစည် ရည်ရွယ်ထားသည်များကို တစ်ပါးသူအား ဖွင့်ဟ မပြောသင့်။

အလွန်စန်းပွင့်မည်။ လူချစ်လူခင် ပေါမည်။ အိမ်ထောင် ရေးနှင့် ပတ်သတ်သော ဆုံးဖြတ်ချက်များ ချမှတ်ရမည်။

အတိတ်ကာလ အချစ်ရေး ကံခေ၍ အကြိမ်ကြိမ် မေတ္တာရေး ကံ အညံ့ရှိခဲ့သူများ ပင်လျှင် အေးချမ်းတည်ငြိမ်သော မေတ္တာကံသစ် ပေါ်ထွန်းမည်။

အတတ်ပညာ ကိစ္စ ဆိုင်ရာ မှန်သမျှ ထွန်းထွန်းပေါက်ပေါက် ဆောင်ရွက် နိုင်မည်။ အလုပ်စာမေးပွဲ၊ ကျောင်းစာမေးပွဲ မှ အစ ယှဉ်ပြိုင်မှု အလုံးစုံတို့တွင် ထိပ်တန်းမှ အောင်မြင်နိုင်သော အခြေအနေကောင်းကြုံမည်။

စိတ်ပင်ပန်းမှုကြောင့် လည်းကောင်း၊ စိတ်ဖိစီးမှုကြောင့် လည်းကောင်း ဝေဒနာများ ဖြစ်လွယ်သည်။ အစားအသောက်မှားယွင်းမှုကြောင့် ဝေဒနာများ ဖြစ်လွယ်သည်။

ယတြာ - သတ္တု မြင်းခွါပုံကို နေအိမ် (သို့) အလုပ်ခန်း၏ အနောက်အရပ်တွင်ထားရှိပါ။

 

ပိဿရာသီ Taurus

ဧပြီ (၂၁) မှ မေ (၂၁) ကြား

ဆောင်ရွက်သမျှသတိရှိပါ။ ဆုံးဖြတ်ချက်များ မှားယွင်းတတ်သည်။ ယှဉ်ပြိုင်မှုများ ဆောင်ရွက်ရမည်။ အခက်အခဲများ ဖြေရှင်းနေရမည်။ ဦးတည်ချက် ပြောင်း၍ဆောင်ရွက်ခြင်းမှ အဆင့်ဆင့်တိုးတက်မှုများ ရရှိမည်။

နီးစပ်မှုကို အခြေတည်သော အချစ်ရေးကံပေါ်မည်။ ရွယ်တူတန်းတူ များနှင့် အပြန်အလှန်နှောင်ဖွဲ့သော မေတ္တာအမျိုးအစား ပေါ်ထွန်းသည်။ နားလည်မှုရှိသော သူများနှင့် ကြုံမည်။ ကာလ အတန်ကြာဝေးကွာနေသောသူနှင့် ပြန်လည်ဆုံစည်းမည်။

စိတ်ပျံ့လွင့်မည်။ ကျန်းမာရေး အနှောက်အယှက်များဝင်မည်။ ဆရာများ ၏ ငြိုငြင်မှုတို့ ခံရတတ်သည်။ ကျောင်းစည်းကမ်းနှင့် ပတ်သတ်သော ပြဿနာများ ဖြစ်တတ်သည်။

ကျန်းမာရေး အထူးဂရုစိုက်ရမည်။ ခန္ဓာကိုယ်သွေးချည်သွေးပေါက် ဖြစ်တတ်သည်။ ကျန်းမာရေးအညံ့ကြုံက ချက်ချင်းဆေးကုသမှုခံယူပါ။ မတော်တဆထိခိုက်မှု အန္တရာယ် ဂရုစိုက်ရမည်။

ယတြာ - မြောက်အရပ်ကို မျက်နှာမူ၍ နက်ပြာရောင် ဝတ်ပြီးရေ (သို့) ဖျော်ရည် မကြာခဏ သောက်သုံးခြင်းပြုပါ။

 

မေထုန်ရာသီ Gemini

မေ (၂၂) မှ ဇွန် (၂၁) ကြား

ကောင်းသော အပြောင်းအလဲ နှင့် အောင်မြင်တိုးတက်မှုများ အဆင့်ဆင့် ပေါ်ပေါက်မည်။ လမ်းသစ်ထွင် ၍ တက်လမ်းများပေါ်ပေါက်မည်။ လုပ်ငန်းခွင်မှ သူများ လုပ်ငန်းအဆင့်တိုးတက်မည်။

ရုတ်တရက် အိမ်ထောင်ကျတတ်သည်။ ဘဝချင်းလွန်စွာ ခြားနားသော သူနှင့် မေတ္တာမျှတတ်သည်။ ဘဝမှန်ကို ဖုံးကွယ်၍ လိမ်ညာ လှည့်စားသော သူများနှင့် ကြုံတွေ့ရတတ်သည်။

ရည်မှန်းချက်မြင့်မြင့်မားမား နှင့် ရှေ့တိုး ဆောင်ရွက်သင့်သည်။ လုပ်သမျှ ထွန်းပေါက်မည်။ ပညာရေးနှင့် ဝေးကွာ နေသူများ ပင် ပညာနှင့် ပတ်သတ်၍ လေ့လာ ဆည်းပူးနိုင်မည်။

မိမိကိုယ်မိမိ ကျန်းမာရေး အလွန်ကောင်းသည် ဟု ယူဆထားသူများ အတါက် ကျန်းမာရေး အညံ့ ချက်ချင်းကြုံမည်။ ကိုယ့်ကိုယ်ကို လူမမာဟု သတ်မှတ်ထားသူများ ကျန်းမာရေး အညံ့ ထူးထူးခြားခြား မရှိပါ။

ယတြာ - မြောက်အရပ် အမြင့်တစ်နေရာတွင် လိပ်ပုံထားရှိက စီးပွားလာဘ်လာဘ ကောင်းမည်။

 

 

Zawgyi ျဖင့္ဖတ္ရန္...

မကာရရာသီ (Capricon)

 

ဒီဇင္ဘာ (၂၂) မွ ဇန္န၀ါရီ (၂၀) ၾကားေဆာင္ရြက္သမွ်ေအာင္ျမင္မည္။ ကူညီသူမ်ားႏွင့္ေတြ႔မည္။ အၿပိဳင္အဆိုင္ၾကားမွ တိုးတက္မည္။ စုေပါင္းတြဲဖက္ေသာ လုပ္ငန္းမ်ားေအာင္ျမင္မည္။

လူလြတ္မ်ားသာမက အိမ္ေထာင္ပ်က္၊ မုဆိုးဖို၊ မုဆိုးမ အရြယ္ရွိသူမ်ားပင္လွ်င္ အလြန္စန္းပြင့္ေသာ ကာလျဖစ္သည္။ အေပ်ာ္သေဘာမပါ ႏွစ္ႏွစ္ကာကာ ခ်စ္ေမတၱာထားသူမ်ားႏွင့္ ႀကံဳမည္။

ဦးတည္ခ်က္ေျပာင္း၍ ေရွ႕တိုးေဆာင္ရြက္ေသာ ပညာေရးရာမ်ားမွ အဆင့္ျမင့္ေအာင္ျမင္ျခင္းမ်ားႀကံဳမည္။ ေျဖဆိုထားေသာ စာေမးပြဲ၏ ေအာင္ျမင္မႈကို ရရွိကာ ပိုမိုျမင့္မားေသာ ပညာရပ္မ်ား သင္ၾကားႏိုင္မည္။

မတည့္ေသာ အစားအေသာက္မ်ား စားသံုးမိျခင္းေၾကာင့္ ေ၀ဒနာတိုးတတ္သည္။ ေပ်ာက္ကင္းစျပဳေနေသာ ေရာဂါအား ေပါ့ေပါ့တန္တန္သေဘာထား၍ ျပန္လည္ျဖစ္ေပၚတတ္သည္။ ေခ်ာင္းဆိုးျခင္း၊ အသံ၀င္ျခင္းျဖစ္က မေပါ့အပ္။

ယၾတာ - ေနအိမ္အလုပ္ခန္း၊ ဧည့္ခန္းတို႔၏ အေနာက္ေတာင္အရပ္၊ အေနာက္ေျမာက္ေထာင့္ေနရာ ႏွစ္ခုတြင္ရွိေသာ စက္ပစၥည္းေဟာင္းမ်ား စြန္႔ပစ္ပါ။

 

ကုမ္ရာသီ (Aquarius)
ဇန္န၀ါရီ (၂၁) မွ ေဖေဖာ္၀ါရီ (၁၈) ၾကား
ျဖစ္ေပၚလာေသာ အႀကံအစည္မ်ား ေအာင္ျမင္မည္။ လုပ္ငန္းကံေကာင္းမည္။ စိတ္ကူးသစ္မ်ား ေအာင္ျမင္မည္။ လုပ္ရိုးလုပ္စဥ္မဟုတ္ေသာ အလုပ္မ်ား ေဆာင္ရြက္အက်ိဳးေပးမည္။
အခ်စ္ေရးႏွင့္ပတ္သက္ေသာ ကိစၥေရးရာမွန္သမွ် ယတိျပတ္ဆံုးျဖတ္ခ်က္ခ်ရန္ အခါေကာင္းျဖစ္သည္။ ဆံုးျဖတ္ခ်က္မ်ား မွန္ကန္မည္။ ကိုယ္ပိုင္ဆံုးျဖတ္ခ်က္မ်ားကို ဦးစားေပးပါ။
ေပါ့ဆ၍မရ။ ပညာကံ ေမွးမွိန္သည္။ စာေမးပြဲေျဖဆိုရန္ရွိက ႀကိဳတင္ျပင္ဆင္ကာမွ တန္ရံုၾကမည္။ တပြဲတိုး စာေရြးက်က္က က်က္သည္က တစ္မ်ိဳး၊ ေမးသည္က တစ္ဖံုႏွင့္ အေျခအေနဆိုးကို ႀကံဳေတြ႕ရမည္။
ေဆးထိုးေဆးေသာက္မွားယြင္းျခင္းမ်ား ျဖစ္တတ္သည္။ အစာအဆိပ္ျဖစ္တတ္သည္။ ေရခ်ိဳးခန္း၊ အိမ္သာတို႔တြင္ လဲၿပိဳတတ္သည္။ ေျပာင္းလဲေနေသာ ရာသီဥတုအေပၚ အေလးမထားမိ၍ ေ၀ဒနာျဖစ္လြယ္သည္။
ယၾတာ - အိမ္တြင္ထိုးထားေသာ ပန္းမ်ားအား အညွိဳးမခံရ။ အၿမဲတေစ လန္းေအာင္ထားပါ။

 

မိန္ရာသီ (Pisces)

ေဖေဖာ္၀ါရီ (၁၉) မွ မတ္ (၂၀) ၾကား

ဆက္ဆံေနရေသာ ပတ္၀န္းက်င္အတြင္ူ ေကာင္းေသာ ေျပာင္းလဲမႈမ်ား ျဖစ္ေပၚမည္။ ႏိုင္ငံျခားအလုပ္ကိုင္ ကံပြင့္မည္။ ခရီးသြား၍ အက်ိဳးရွိသည္။ လူမ်ိဳးကြဲ အက်ိဳးေပးမည္။
အသက္အရြယ္ခ်င္း လြန္စြာ ကြာျခားသူမ်ား၊ ဘ၀အေျခအေနခ်င္းကြာျခားသူမ်ား၊ ဘာသာ လူမ်ိဳးကြဲျပားေသာ ခ်စ္သူမ်ားအတြက္ အျပန္အလွန္ အဆင္ေျပမႈမ်ားႏွင့္ ႏွစ္ဦးပူးတြဲဆံုးျဖတ္၍ အခ်စ္ခရီးေရွ႕တိုးႏိုင္မည္။
ရပ္တန္႔ထားေသာ ပညာရပ္မ်ားကို ျပန္လည္ေလ့လာေဆာင္ရြက္သူမ်ားႏွင့္ လုပ္ငန္းပညာသင္တန္းတက္ေရာက္သူမ်ားအတြက္ အထူးေကာင္းေသာ ကာလျဖစ္သည္။

နာတာရွည္ေရာဂါဘက္သို႔ ျဖစ္ေပၚရန္ အေျခအေနနီးစပ္ေနသူမ်ားအတြက္ သမားျပ၍ ေရာဂါေ၀ဒနာေလ်ာ့က်ေပ်ာက္ကင္းေအာင္ ေဆာင္ရြက္ရမည္။ ေဆးစားေဆးကု ျပဳႏိုင္သည္။
ယၾတာ - သတၱဳႏွင့္ျပဳလုပ္ထားေသာ တူ (၇) စံုကို ထမင္းစားခန္း၏ အေနာက္ဘက္ျခမ္းတြင္ ထားက စီးပြားတက္မည္။

 

မိႆရာသီ Aries
မတ္ (၂၁) မွ ဧျပီ (၂၀) ႀကား
အျပိဳင္ အတိုက္အခံမ်ားမည္။ စီမံကိန္းခ်ျပီး လုပ္ေသာ လုပ္ငန္းမ်ား ေရွာင္ရမည္။ လူညစ္မ်ား၊ အေႏွာက္အယွက္ ေပးသူမ်ား ရွိမည္။ ႀကံစည္ ရည္ရြယ္ထားသည္မ်ားကို တစ္ပါးသူအား ဖြင့္ဟ မေျပာသင့္။
အလြန္စန္းပြင့္မည္။ လူခ်စ္လူခင္ ေပါမည္။ အိမ္ေထာင္ ေရးႏွင့္ ပတ္သတ္ေသာ ဆံုးျဖတ္ခ်က္မ်ား ခ်မွတ္ရမည္။

အတိတ္ကာလ အခ်စ္ေရး ကံေခ၍ အႀကိမ္ႀကိမ္ ေမတၱာေရး ကံ အညံ့ရွိခဲ့သူမ်ား ပင္လွ်င္ ေအးခ်မ္းတည္ျငိမ္ေသာ ေမတၱာကံသစ္ ေပၚထြန္းမည္။
အတတ္ပညာ ကိစၥ ဆိုင္ရာ မွန္သမ်ွ ထြန္းထြန္းေပါက္ေပါက္ ေဆာင္ရြက္ ႏိုင္မည္။ အလုပ္စာေမးပြဲ၊ ေက်ာင္းစာေမးပြဲ မွ အစ ယွဥ္ျပိဳင္မွဳ အလံုးစံုတို႕တြင္ ထိပ္တန္းမွ ေအာင္ျမင္ႏိုင္ေသာ အေျခအေနေကာင္းႀကံဳမည္။
စိတ္ပင္ပန္းမွဳေႀကာင့္ လည္းေကာင္း၊ စိတ္ဖိစီးမွဳေႀကာင့္ လည္းေကာင္း ေ၀ဒနာမ်ား ျဖစ္လြယ္သည္။ အစားအေသာက္မွားယြင္းမွဳေႀကာင့္ ေ၀ဒနာမ်ား ျဖစ္လြယ္သည္။
ယႀတာ - သတၱဳ ျမင္းခြါပံုကို ေနအိမ္ (သို႕) အလုပ္ခန္း၏ အေနာက္အရပ္တြင္ထားရွိပါ။

 

ပိႆရာသီ Taurus
ဧျပီ (၂၁) မွ ေမ (၂၁) ႀကား
ေဆာင္ရြက္သမွ်သတိရွိပါ။ ဆံုးျဖတ္ခ်က္မ်ား မွားယြင္းတတ္သည္။ ယွဥ္ျပိဳင္မွဳမ်ား ေဆာင္ရြက္ရမည္။ အခက္အခဲမ်ား ေျဖရွင္းေနရမည္။ ဦးတည္ခ်က္ ေျပာင္း၍ေဆာင္ရြက္ျခင္းမွ အဆင့္ဆင့္တိုးတက္မွဳမ်ား ရရွိမည္။
နီးစပ္မွဳကို အေျခတည္ေသာ အခ်စ္ေရးကံေပၚမည္။ ရြယ္တူတန္းတူ မ်ားႏွင့္ အျပန္အလွန္ေႏွာင္ဖြဲ႕ေသာ ေမတၱာအမ်ိဳးအစား ေပၚထြန္းသည္။ နားလည္မွဳရွိေသာ သူမ်ားႏွင့္ ႀကံဳမည္။ ကာလ အတန္ႀကာေ၀းကြာေနေသာသူႏွင့္ ျပန္လည္ဆံုစည္းမည္။
စိတ္ပ်ံ႕လြင့္မည္။ က်န္းမာေရး အေႏွာက္အယွက္မ်ား၀င္မည္။ ဆ၇ာမ်ား ၏ ျငိဳျငင္မွဳတို႕ ခံရတတ္သည္။ ေက်ာင္းစည္းကမ္းႏွင့္ ပတ္သတ္ေသာ ျပႆနာမ်ား ျဖစ္တတ္သည္။
က်န္းမာေရး အထူးဂရုစုိက္ရမည္။ ခႏၶာကိုယ္ေသြးခ်ည္ေသြးေပါက္ ျဖစ္တတ္သည္။ က်န္းမာေရးအညံ့ႀကံဳက ခ်က္ခ်င္းေဆးကုသမွဳခံယူပါ။ မေတာ္တဆထိခိုက္မွဳ အႏၱရာယ္ ဂရုစိုက္ရမည္။
ယႀတာ - ေျမာက္အရပ္ကို မ်က္ႏွာမူ၍ နက္ျပာေရာင္ ၀တ္ျပီးေရ (သို႕) ေဖ်ာ္ရည္ မႀကာခဏ ေသာက္သံုးျခင္းျပဳပါ။

 

ေမထုန္ရာသီ Gemini
ေမ (၂၂) မွ ဇြန္ (၂၁) ႀကား
ေကာင္းေသာ အေျပာင္းအလဲ ႏွင့္ ေအာင္ျမင္တိုးတက္မွဳမ်ား အဆင့္ဆင့္ ေပၚေပါက္မည္။ လမ္းသစ္ထြင္ ၍ တက္လမ္းမ်ားေပၚေပါက္မည္။ လုပ္ငန္းခြင္မွ သူမ်ား လုပ္ငန္းအဆင့္တိုးတက္မည္။
ရုတ္တရက္ အိမ္ေထာင္က်တတ္သည္။ ဘ၀ခ်င္းလြန္စြာ ျခားနားေသာ သူႏွင့္ ေမတၱာမွ်တတ္သည္။ ဘ၀မွန္ကို ဖံုးကြယ္၍ လိမ္ညာ လွည့္စားေသာ သူမ်ားႏွင့္ ႀကံဳေတြ႕ရတတ္သည္။
ရည္မွန္းခ်က္ျမင့္ျမင့္မားမား ႏွင့္ ေရွ႕တိုး ေဆာင္ရြက္သင့္သည္။ လုပ္သမွ် ထြန္းေပါက္မည္။ ပညာေရးႏွင့္ ေ၀းကြာ ေနသူမ်ား ပင္ ပညာႏွင့္ ပတ္သတ္၍ ေလ့လာ ဆည္းပူးႏိုင္မည္။
မိမိကိုယ္မိမိ က်န္းမာေရး အလြန္ေကာင္းသည္ ဟု ယူဆထားသူမ်ား အတါက္ က်န္းမာေရး အညံ့ ခ်က္ခ်င္းႀကံဳမည္။ ကိုယ့္ကိုယ္ကို လူမမာဟု သတ္မွတ္ထားသူမ်ား က်န္းမာေရး အညံ့ ထူးထူးျခားျခား မရွိပါ။
ယႀတာ - ေျမာက္အရပ္ အျမင့္တစ္ေနရာတြင္ လိပ္ပံုထားရွိက စီးပြားလာဘ္လာဘ ေကာင္းမည္။

 

Myanmar Wedding Guide

 

jjjj

Read times Last modified on Monday, 03 February 2020 16:31
Rate this item
(10 votes)
Tagged under