သင့်သတို့သားလောင်းရဲ့မွေးလကပြောပြမဲ့ သူတို့ရဲ့Type အပိုင်း (၁)

သင့်သတို့သားလောင်းရဲ့မွေးလကပြောပြမဲ့ သူတို့ရဲ့Type အပိုင်း (၁)

သင့်ချစ်သူဟာ ဘယ်လ Born လဲ? သူတို့အကြောင်း အကြမ်းဖျင်းသိရအောင် ကျွန်တော်ကူညီပေးနိုင်ပါတယ်။ ကဲ ဖတ်ကြည့်လိုက်ရအောင်!

 

January
၁လပိုင်း Born တွေဟာ အမှီအခိုကင်းကင်းနေတတ်ပြီး အရာရာကို ပိုင်းခြားစိတ်ဖြာနိုင်ပါတယ်။ ဒါတွေအပြင် သူတို့က ခေါင်းဆောင်ကောင်းတစ်ယောက်ဖြစ်လာနိုင်ပါတယ်။ သူတို့ရဲ့ တီထွင်ဆန်းသစ်နိုင်မှု ၊ စဉ်းစားဉာဏ် ၊ လုပ်နိုင်စွမ်းတွေကြောင့် လူသိများပါတယ်။ သူတို့ဟာ ချစ်သူကို ချစ်ကြောင်းမပြတတ်ပါဘူး။ ဒါပေမဲ့တစ်ခါတစ်ရံ မထင်ရလောက်အောင် Surprise လုပ်တတ်ကြပါတယ်။

 

February
သူတို့ကတော့ ထူးခြားပြီး သဘာဝလွန်ဖြစ်ရပ်တွေကို အင်မတန်စိတ်ဝင်စားတဲ့လူတွေဖြစ်ပါတယ်။ သူတို့ဟာ တခြားလူတွေကို ပျော်ရွှင်အောင်လုပ်ပေးပြီး မိဘကောင်းဖြစ်လာနိုင်တဲ့အရည်အချင်းရှိပါတယ်။ခက်တာက Valentine’s Day ရှိတဲ့လမှာ မွေးပေမဲ့ အသည်းတစ်ခြမ်းကို တစ်ဘဝလုံးလိုက်ရှာရတတ်တဲ့ဇာတာတော့ရှိပါတယ်။ အသည်းတစ်ခြမ်းကို တွေ့ခဲ့ရင်လဲ တုန်နေအောင်ချစ်တဲ့လူတွေပါ။

 

March
3 လပိုင်း Born တွေကတော့ သူတို့နဲ့မှန်ကန်တဲ့နေရာမှာပဲရှိတတ်ကြရပါတယ်။ သူတို့ဟာ ပိုက်ဆံကောင်းကောင်းရှာနိုင်ပေမဲ့ မြန်မြန်ပြန်ကုန်တတ်ပါတယ်။ သူတို့ဟာ တခြားလမှာမွေးဖွားသူတွေထက် ကျန်းမာရေးညံ့ပါတယ်။ အချစ်ရေးနဲ့ပတ်သတ်ရင် သူတို့ဟာ မျက်နှာများတဲ့အကျင့်လေးတော့ရှိပါတယ်။

 

April
သူတို့ဟာ ခေါင်းမာတယ် ၊ ဆရာကြီးလုပ်တယ် ၊ စိတ်လိုက်မာန်ပါလုပ်တတ်တဲ့အကျင့်တွေရှိပါတယ်။ တခြားတစ်ဖက်မှာတော့ သူတို့ဟာ တီထွင်ဖန်တီးနိုင်စွမ်းကောင်းမွန်ပြီး ကြည့်လို့ကောင်းသလို ဉာဏ်လဲကောင်းပါတယ်။ အချစ်ရေးနဲ့ပတ်သတ်ရင် မိန်းကလေးတွေကိုဆွဲဆောင်နိုင်ပေမဲ့ အပေါ်ဆုံးက မကောင်းတဲ့အကျင့်တွေကြောင့် ပြန်ပြတ်တတ်တာမို့ သတိထားသင့်ပါတယ်။

 

ဒါလေးတွေကတော့ သင့်သတို့သားလောင်းရဲ့ မွေးလကပြောပြမဲ့ သူတို့ရဲ့Type အပိုင်း (၁) ပဲဖြစ်ပါတယ်။ အပိုင်း (၁) မှာ မပါတဲ့ Born တွေရဲ့ချစ်သူလေးတွေလဲ အပိုင်း (၂) ကို စောင့်မျှော်ပေးပါဦးနော်။

 

ချစ်ရသူနဲ့တစ်သက်လုံးပေါင်းဖက်နိုင်ကြပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်နော်။

 

 

Source: Aunty May

 

 

 

Read times Last modified on Friday, 06 November 2020 15:18
Rate this item
(0 votes)