ချစ်ပါ အချစ်မလွန်ဖို့ ကိုတော့သတိပြုပေးပါ

ချစ်ပါ အချစ်မလွန်ဖို့ ကိုတော့သတိပြုပေးပါ google

အချစ်ဆိုတဲ့အရာကတော့ ဆန်းကြယ်ပါတယ်။အချစ်ဆိုတဲ့အရာကိုတစ်ယောက်နဲ့ တစ်ယောက် အဓိပ္ပါယ်ဖွင့်ဆိုပုံခြင်းမတူကြပါဘူး။


အရာရာတိုင်း တိုင်း မှာသူသတ်မှတ်ထားတဲ့ အကောင်းဆုံးအရာဆိုတာရှိပါတယ် ။အလွန်အကျွံမဖြစ်ဖို့ ဘဲလိုတာပါ။ လိုတာထက်ပိုသွားရင်ဘယ်အရာမှမကောင်းပါဘူး။


ချစ်သူတွေကြားက ချစ်ခြင်းတွေဆိုတာကလဲဒီအတိုင်းပါဘဲ၊ ပိုချစ်မိသွားရင် တန်ဖိုးမဲ့သွားတတ်တာကို သတိပြုပေးပါ။


သူ့ နေရာနဲ့ သူ သင့်တော်သလောက်ဘဲ ချစ်ပါ နော်။


ချစ်သာချစ်ပါ


ကိုယ့်ချစ်သူကို ကိုယ့်စိတ်ထဲမှာ ကြိုက်သလောက်ချစ်နိုင်ပါတယ်၊ ဒါပေမယ့် ကိုယ်ဘယ်လောက်ထိချစ်ကြောင်း သူမသိပါစေနဲ့ ၊သူသိသင့်သလောက်ထိဘဲ ချစ်ကြောင်းကိုပြပါ။


လိုအပ်တာထက်ကိုယ့်ဘက်ကပိုချစ်ပြနေရင် တန်ဖိုးမဲ့သွားနိုင်ပါတယ်။


တစ်ယောက်နဲ့တစ်ယောက် အချစ်ကိုခံယူထားပုံခြင်း လဲမတူသေးတာကြောင့်


အချစ်ကို ချစ်နေရရုံဘဲ ဆိုပြီးထားလိုက်ရင် အရမ်းကြည်နူးစရာကောင်းပါတယ်။

 


တန်ဖိုးမဲ့လာပါတယ်


သိပ်ချစ်တတ်တဲ့သူတွေရဲ့အားနည်းချက်ကတော့ ကိုယ်ချစ်တဲ့သူအတွက်ဆိုရင် ဘယ်လိုဖြစ်နေနေ ကိုယ်ကအလျှော့ပေးလိုက်မယ်ဆိုတာမျိုးပါ။


ငါတောင်းပန်ရင် သူသနားပြီးအလျှော့ပေးလာနိုင်တယ်လို့ တော့မထင်လိုက်ပါနဲ့ ၊ကိုယ့်ဘက်ကမှားတဲ့ ကိစ္စတွေဆိုရင်တောင်းပန် သင့်ပေမယ့်


ကြာလာတဲ့အခါ သူ့ ဘက်က မှားနေရင်တောင် ကိုယ်က အလိုလိုတောင်းပန် ရတာမျိုးတွေ ထိဖြစ်လာနိုင်ပါတယ်။


တဖြည်းဖြည်းနဲ့ တန်ဖိုးမဲ့သွားပါလိမ့်မယ်၊ တန်ဖိုးမမဲ့ အောင် ကိုယ်ဘယ်လောက်ထိ အစွမ်းကုန် ချစ်လဲဆိုတာ ကိုကိုယ့်စိတ်ထဲမှာဘဲ သိမ်းထားသင့်ပါတယ်။

 

 

Myanmar Wedding Guide 

Read times
Rate this item
(5 votes)
Tagged under