ချစ်သူတွေကြားမှာ ဂရုစိုက်မှုဆိုတာမရှိမဖြစ်လိုအပ်လား

ချစ်သူတွေကြားမှာ ဂရုစိုက်မှုဆိုတာမရှိမဖြစ်လိုအပ်လား google

ချစ်ရတဲ့သူကို ဂရုစိုက်ဖို့မမေ့ပါနဲ့။ အထူးသဖြင့်​ မိန်းက​လေး​တွေက ချစ်​သူဆီကဂရုစိုက်​မှုကိုပိုပြီးလိုအပ်​ပါတယ်​။

ဘေးနားမှာ ကိုယ်​တ​စ်ယောက်​လုံးရှိ​နေရက်​နဲ့ သူများဆီက ဂရုစိုက်​မှု​တွေ၊ကြင်​နာမှု​တွေ၊မက်​​မော​နေရတယ်​၊​တောင့်​တ​နေရတယ်​၊လိုအပ်​​နေတယ်​ဆိုရင်​ ကိုယ်​အသုံးမကျလို့ပါ။

 

ကိုယ့်​ကို တစ်​စက်​​လေးမှ ဂရုမစိုက်​တဲ့၊နားလည်​မှုမ​ပေးနိုင်​တဲ့ ချစ်​သူအနားမှာတွယ်​ကပ်​​နေတဲ့ မိန်းက​လေး​တွေအများကြီးပါ။ ဒါ​ပေမယ့်​ တ​စ်နေ့​တော့ခံနိုင်​ရည်​ဆိုတာလျော့​လာမှာပဲ စိတ်​ပျက်​မိတာ​တွေများလာမှာပဲ။ ငါပစ်​ထားတာ​တောင်​ ငါ့နားကမခွာနိုင်​ဘူးဆိုတဲ့စိတ်​မျိုးနဲ့ ကိုယ့်​ကိုကိုယ်​ဂုဏ်​ယူမ​နေကြပါနဲ့။

 

ဘယ်​​လောက်​ထက်​မြက်​တဲ့ မိန်းမဖြစ်​ပါ​စေ အရမ်းပင်​ပန်း​နေတဲ့အချိန်​​​တွေ​တော့ ကိုယ့်​ချစ်​သူရင်​ခွင်​ထဲ ​ခေါင်း​လေးတိုးပြီး ချွဲနွဲ့ချင်​တာပါ။ အလုပ်​​တွေမအားရင်​လည်း ပစ်​မထားပါနဲ့။ ဂိမ်း​တွေ​ဆော့​နေရင်​လည်း ပစ်​မထားပါနဲ့။

 

အချိန်​ပြည့်​မဟုတ်​ရင်​​တောင်​ သူလိုအပ်​မယ်​ထင်​တဲ့အချိန်​​လေး​တွေ သူ့အတွက်​သီးသန့်​​ပေးထားပါ။ ဂရုစိုက်​မှု၊သာယာမှု​လေး မ​ပေးနိုင်​တဲ့ကိုယ့်​ချို့ယွင်းချက်​​ကြောင့်​ ကိုယ့်​ချစ်​သူရဲ့စိတ်​​တွေ တစ်ခြားတ​စ်ယောက်​ဆီ ယိုင်​သွားတာမျိုးမဖြစ်​ပါ​စေနဲ့။

 

ဂရုမစိုက်ပဲပစ်​ထားတတ်​တဲ့ သင့်​အနားမှာ ဘယ်​မိန်းမမှကြာရှည်​မ​နေနိုင်​ပါဘူး။ ဘာဖြစ်​လို့လည်းဆို​တော့ တစ်ခုမဟုတ်​ တစ်ခု​တွေးပြီးအမြဲအားငယ်​​နေတတ်​တဲ့ မိန်းမသား​တွေမို့လို့ပါ။ ချစ်​သူ​တွေကြားမှာ ဒီကိစ္စက သိပ်​အ​ရေးကြီးတဲ့ အရာမဟုတ်​ဘူးလို့ ထင်​ရ​ပေမယ့်​တကယ်​​တော့မရှိမဖြစ်​တဲ့ ​နွေး​ထွေးမှု​တွေပါ။

 

အဲဒီ​နွေး​ထွေးမှု​တွေ မရလို့ ချစ်​​ပေမယ့်​ အမြဲ ပြဿနာတက်​​နေရတဲ့ စုံတွဲ​တွေ လမ်းခွဲသွားကြတဲ့ စုံတွဲ​တွေ အများကြီးရှိပါတယ်​။ ဝမ်းနည်းစရာ​ကောင်း​ပေမယ့်​ ဒါက အမှန်​တရားပါ။

 

ဒါကြောင့် ချစ်တဲ့သူကို ဂရုစိုက်ပေးကြပါနော်။

 

Credit : Original Writer

Myanmar Wedding Guide

Read times Last modified on Friday, 22 February 2019 14:52
Rate this item
(0 votes)