မတည့်အတူနေ ယောက္ခမနဲ့ အဆင်ပြေဖို့ခက်နေတဲ့ ချွေးမတို့အတွက် နည်းလမ်းကောင်းများ

မတည့်အတူနေ ယောက္ခမနဲ့ အဆင်ပြေဖို့ခက်နေတဲ့ ချွေးမတို့အတွက် နည်းလမ်းကောင်းများ google

သင့်ရဲ့စိတ်ကူးအိပ်မက်ထဲက မင်းသားလေးနဲ့ဆုံတွေ့ပြီဆိုရင် ယောက္ခမဆိုတဲ့အမျိုးသမီးဟာလည်း အမြဲလိုလိုတွဲပါလာတတ်ပါတယ်။

 

သင့်ယောက္ခမကို အနိုင်ယူဖို့ မဆုတ်မနစ်ချဉ်းကပ်မလား ဒါမှမဟုတ် အဆက်အသွယ်ဖြတ်ပစ်မလား?

 

ဖိုမဆက်ဆံရေှးဆိုင်ရာ ကုထုံးပညာရှင် Ammanda Majorရဲ့ ဆွေးနွေးချက်များကိုကိုးကား၍ ဆောင်းပါးရှင် Claire Dunwellက ဖြစ်လေ့ဖြစ်ထရှိတယ်ပြဿနာတွေအပေါ်မှာ အကြံပြုချက်များကို တင်ပြထားပါတယ်။

 

 

() သူမကသာအမြဲတမ်းမှန်တယ်လို့တွေးထင်တတ်တာ

 

သင်ကလေးထိန်းတာကစလို့ အပတ်စဉ်ဈေးဝယ်ထွက်တဲ့အဆုံး သင့်ယောက္ခမမှာ အရာရာတိုင်းအပေါ် ထင်မြင်ချက်ပေးစရာတွေရှိနေမှာပါ။ သူမ အမှားလုပ်မိတဲ့အခါကျရင်တော့ ဘယ်တော့မှဝန်ခံမှာမဟုတ်ပါဘူး။

သင့်ဘက်ကမှန်နေတယ်ဆိုရင်တောင် ဘယ်သူနိုင်တယ် ဘယ်သူရှုံးတယ်ဆုံးဖြတ်ဖို့ လိုအပ်လို့လား?

သင့်အနေနဲ့ သူမဘက်ကအမြင်ကို ဘာလို့နားမထောင်ချင်ဖြစ်နေရလဲဆိုတာ ကိုယ့်ဘာသာပြန်မေးကြည့်ပါ။ ဖြစ်ဖူးခဲ့တဲ့အငြင်းအခုန်တစ်ခုအပေါ်မှာ သင်အငြှိုးထားနေတာ ဖြစ်ကောင်းဖြစ်နိုင်ပါတယ်။ ဒီလိုအငြှိုးထားတာဟာ ဘာမှထူးမသွားစေပါဘူး။

သင့်ယောက္ခမရဲ့စိတ်ရင်းမှန်က ကောင်းပေမယ့် အပြောမတတ်တာမျိုးလည်းဖြစ်နိုင်ပါတယ်။

သဘောတူတာ၊ မတူတာသင့်အပိုင်းဆိုပေမယ့် အရွယ်ရောက်ပြီးသား လူ()ဦးအဖို့တော့ နှစ်ဖက်လုံးက လျှော့ဖို့လိုပါတယ်။ စကားပြောရာမှာ ပိုပြီး လူကြီးဆန်စွာနဲ့ “ကျွန်မက အမေ့သားကို လက်ထပ်ထားတာ၊ အမေ့ကို မဟုတ်ဘူး၊ ဒါကြောင့် ကျွန်မပြောတာပဲ နားထောင်ပါ”လို့ ပြောမယ့်အစား “အမေပြောတဲ့အကြောင်းအရာတွေက အသုံးဝင်တဲ့အတွက် ကျွန်မတကယ်ကို နားထောင်ချင်ပါတယ်”လို့ပြောတာက ပိုကောင်းပါတယ်။

 

 

() ကလေးတွေကိုတွေ့ချင်လို့ သင့်ကိုပူညံပူညံလုပ်တာ

 

ဒီတစ်ပတ်ထဲမှာပဲ ကလေးတွေကို () ကြိမ်တွေ့ပြီးတာတောင်မှ နောက်တစ်ကြိမ်ထပ်တွေ့ဖို့ သင့်ကိုနားပူနေတာမျိုးကြုံဖူးမှာပါ။

သူမဘာလို့ကလေးတွေကို တွေ့ချင်နေရသလဲဆိုတာ သင့်ဘာသာပြန်မေးကြည့်ပါ။ သင်က သူမနဲ့ကလေးတွေကို အချိန်အကန့်အသတ်နဲ့ပေးတွေ့လို့လား ဒါမှမဟုတ် သူမက ကလေးတွေကို နေ့တိုင်းတွေ့ချင်နေတာလား?

စနေနေ့လို နေ့မျိုးတွေမှာ သူမက ကလေးတွေကိုပန်းခြံခေါ်သွားမှာကို သင့်မှာ ကြိုစီစဉ်ထားပြီးသားတွေရှိတာကြောင့် ယတိပြတ်ငြင်းဆိုနေမယ့်အစား ကလေးတွေနဲ့ဖုန်းပြောဖို့ကို တိုက်တွန်းပေးပါ။ အပေးအယူနည်းနဲ့ ညှိနှိုင်းဆက်ဆံဖို့သာ လိုအပ်တာပါ။

သင့်ဖက်က တစ်ထစ်လျှော့ပြီး သင့်လက်တွဲဖော်နဲ့ စကားပြောကြည့်ပါ။ အတူတကွတိုင်ပင်ပြီးနောက်မှာ သင့်ယောက္ခမနဲ့အတူထိုင်ပြီး သူမပုံသေ ဘယ်အချိန်တွေမှာတော့ ကလေးတွေနဲ့တွေ့နိုင်တယ်ဆိုတာ အစီအစဉ်ဆွဲပါ။ ဒီလိုဆို လူတိုင်းလည်းကိုယ့်အခန်းကဏ္ဍကို ရှင်းရှင်းလင်းလင်းသိမယ်။ သင်တို့စုံတွဲအနေနဲ့လည်း သီးသန့်အချိန်လေးတွေရလာနိုင်မယ်။

 

 

() သင့်ကို အရင်လူနဲ့ နှိုင်းယှဉ်တတ်တာ

 

တနင်္ဂနွေလို နေ့မျိုးတွေမှာ သင်တို့ပျော်ပျော်ပါးပါးနဲ့ မိသားစုနေ့လည်စာ စားသုံးနေချိန်မှာ သင့်ယောက္ခမက သင်အမဲသားချက်တာ သူ့သားရဲ့ အရင်လူ (ရည်းစားဟောင်း/ဇနီးဟောင်း)လောက် မကောင်းဘူးလို့ အပြောခံလိုက်ရချိန်မှာ သင့်အနေနဲ့ တည်တည်ငြိမ်ငြိမ်ရှိနေနိုင်ဖို့ အလွန်ခက်ခဲပါလိမ့်မယ်။

လက်ရှိလက်တွဲဖော်ကို အရင်လူနဲ့နှိုင်းတာ မဖြစ်သင့်ပါဘူး။ သင့်ယောက္ခမအနေနဲ့လည်း ဒါဟာဘယ်လောက်စိတ်ပျက်စရာကောင်းတယ်ဆိုတာ သိသင့်ပါတယ်။ အမျိုးသားတွေအနေနဲ့ ယောက္ခမနဲ့ ချွေးမကြားက ပဋိပက္ခတွေမှာ အနေရကျပ်ပေမယ့် သင်သူ့အကူအညီကိုလိုပါတယ်။ သူ့အနေနဲ့ ဒီလုပ်ရပ်ဟာ လက်ခံနိုင်စရာမရှိကြောင်း၊ ဘာအကျိုးမှလည်းမရှိတဲ့အတွက် ထပ်မပြောသင့်ကြောင်းကို သူ့အမေသိအောင်ရှင်းရှင်းလင်း ပြောပြသင့်ပါတယ်။

အကယ်၍ ဒီနည်းလမ်းဟာ အလုပ်မဖြစ်ဘူးဆိုရင်တော့ သင်နဲ့ သင့်ယောက္ခမကြားက ဆက်ဆံရေးဟာ အရမ်းကို ယိုယွင်းနေပြီလားဆိုတာ ပြန်စဉ်းစားသင့်ပါပြီ။

အဆက်အသွယ်ဖြတ်ဖို့ဆိုတာတော့ နောက်ဆုံးအဆင့်မို့ သေချာစဉ်းစားဖို့တော့လိုပါတယ်။

 

 

() ကြားဝင်ပါတတ်တာ

 

သင်နဲ့ သင့်အမျိုးသားစကားများနေချိန်မှာ သင့်ယောက္ခမက သင်တို့အငြင်းအခုန်ကြားထဲ ဖြတ်ဝင်လာတာမျိုး ကြုံဖူးကြမှာပါ။

သင်ဘာလို့ စိတ်ဆိုးနေလဲဆိုတာ သူမသိပေမယ့် သင့်အမျိုးသားဘက်ကနေ ဝင်ပါတတ်တာမျိုးပေါ့။

သင်တို့စုံတွဲကြားက ပြဿနာဟာ သင်တို့ကြားမှာပဲ ရှိသင့်တာမို့ စည်းထားပါ။ သင်တို့ရဲ့ပြဿနာမှာ သင့်ယောက္ခမက သူ့သားဘက်ကဝင်ပါတာဟာ မဆန်းပါဘူး။ သူတို့က သားအမိတွေကိုး။ ဒီလိုပြောလို့သူမအမှန်လို့ မဆိုလိုဘူးနော်။ သင့်အမျိုးသားကသာ သူ့အမေကို သင်တို့ပြဿနာတွေကြားမှာ ဝင်မပါအောင်သာ ပြောထားသင့်တာပါ။ မကြာခဏဆိုသလိုပဲ စုံတွဲတွေဟာ သူတို့ရဲ့ ကိုယ်ရေးကိုယ်တာပြဿနာတွေကြားမှာ မိသားစုတွေကိုပါဆွဲထည့်လေ့ရှိကြပါတယ်။

 

 

() သင်တို့ရဲ့စည်းကမ်းတွေကို အလေးမထားတာ

 

ကလေးတွေဟာ သူတို့အဖွားအိမ်မှာဆိုရင် ပရိဘောဂတွေပေါ်တက်ခုန်ခွင့်၊ ညအိပ်ချိန်ကျော်တဲ့ထိ မအိပ်ပဲနေခွင့် ရကြပါတယ်။ သူတို့လေးတွေ အိမ်ပြန်လာတဲ့အခါ ပြောစကား သိပ်နားမထောင်ချင်ကြတော့ပါဘူး။

မြေးလေးတွေနဲ့ တွေ့ရချိန်က အရမ်းတန်ဖိုးရှိတဲ့အတွက် အဖိုး၊အဖွားတွေဟာ အဲဒီ့အချိန်မှာ လူဆိုးမဖြစ်ချင်ကြပါဘူး။

သင်ကပဲ သူတို့ကို နည်းနည်းလောက်အလျှော့ပေးလိုက်ပါ။ ဒါပေမယ့် ကလေးတွေကို သူတို့လုပ်ချင်ရာပေးလုပ်ထားတာကတော့ သူတို့ရဲ့ဖွံ့ဖြိုးမှုအတွက်ရော၊ ရေရှည်အတွက်ပါ အဆင်မပြေပါဘူး။ သင့်ယောက္ခမကို ကူညီလမ်းညွန်ပေးဖို့ လိုနေတာဖြစ်ကောင်းဖြစ်နိုင်ပါတယ်။ ထိပ်တိုက်တွေ့ရတာတွေ၊ မျက်နှာပျက်စရာတွေမရှိပဲ ဒီကိစ္စကို ဘယ်လိုညင်ညင်သာသာကိုင်တွယ်ရမလဲဆိုတာကို သင့်အမျိုးသားနဲ့ တိုင်ပင်ပါ။

ကလေးတွေ သူ့အဖိုးအဖွားတွေနဲ့တွေ့ရတဲ့အချိန်ဟာ ပျော်ရွှင်စရာအချိန်လေးတွေဖြစ်စေချင်တယ်၊ အဲဒီ့အတွက် ဘယ်လိုညှိယူကြမလဲ” လို့သာ ပြောလိုက်ပါ။

အလျှော့အတင်းလေးတွေလုပ်ခြင်းဖြင့် ကလေး၊ မိဘနဲ့ အဖိုးအဖွားတို့ရဲ့ပျော်ရွှင်မှုကို ဖန်တီးလိုက်ပါ။

 

 

() အမြဲတမ်းသင့်ကိုနှိမ်တာ

 

သင့်ယောက္ခမက သင်တို့ထံကို လက်ဘက်ရည်သောက်လာတဲ့ခဏမှာ သင်မီးပူတိုက်ရမယ့် အဝတ်ပုံကြီးကိုမြင်ပြီး မျက်စချီလိုက်ပြီဆိုပါစို့။

သင့်ယောက္ခမက သူ့အမြင်တွေကို ခေါင်းစဉ်တပ်ပြီးပြောရာမှာ သူဘယ်အရာကိုဦးတည်ပြောသလဲဆိုတာ အရေးကြီးပါတယ်။ သူမကိုထိုင်ခိုင်းပြီး သူမရဲ့အဆိုးမြင်စကားတွေဟာ သင့်ကိုဘယ်လိုစိတ်မကောင်းဖြစ်စေကြောင်း ပြောပြပြီး အဲ့လိုပြောတာတွေက သင့်အတွက်အဆင်မပြေကြောင်း ရှင်းပြပါ။

သူမကို သင်နဲ့ကြားဆက်ဆံရေးကို ပြန်စဉ်းစားဖို့ အကြံပြုပါ၊ သင့်ကိုထောက်ပြတဲ့အခါတိုင်းမှာလည်း အပြုသဘောဆောင်တဲ့ အပြောမျိုးနဲ့ပြောဖို့ အကြံပြုပါ။ ဥပမာ “နင်အလုပ်အရမ်းရှုပ်နေရင် ငါမီးပူကူတိုက်ပေးရမလား”ဆိုတာမျိုးက ပိုပြီးကြားရကောင်းစေပါတယ်။ သင့်အမျိုးသားကိုလည်း သူ့အမေနဲ့ နှစ်ယောက်ထဲ စကားပြောခိုင်းပါ။ ဒါကိုမှ အဆင်မပြေဘူးဆိုရင်တော့ ၃ယောက်ဆုံပြောသင့်ပါတယ်။ ထိပ်တိုက်ရင်ဆိုင်တွေ့တာကို ရှောင်ရှားပါ။ သင့်ယောက္ခမဘာပဲပြောပြော သင်နဲ့သူ့သားအကြားမှာ ဘာအတားအဆီးမှမဖြစ်နိုင်ဘူးဆိုတာကို သင့်ယောက္ခမသိပါစေ။

 

 

Credit;Shwemom

Read times Last modified on Monday, 07 January 2019 13:37
Rate this item
(0 votes)