ချစ်သူနှစ်ယောက်ကြားကအချစ်တွေကို သေဆုံးသွားစေနိုင်တဲ့ မိန်းကလေးတွေရဲ့အကျင့်ဆိုး (၅) ခု

ချစ်သူနှစ်ယောက်ကြားကအချစ်တွေကို သေဆုံးသွားစေနိုင်တဲ့ မိန်းကလေးတွေရဲ့အကျင့်ဆိုး (၅) ခု google

တခြားသူတွေတောင် အားကျရလောက်အောင် သိပ်ချစ်ကြတဲ့ ချစ်သူနှစ်ယောက်က အချိန်ကြာလာတာနဲ့အမျှ အချစ်တွေလျော့လျော့လာတယ်ဆိုရင် ကာယကံရှင်တွေကိုယ်တိုင် အံ့သြတတ်ကြပါတယ်။

အချစ်တွေလျော့လာတယ်လို့ဆိုရာမှာ ယောကျာ်းလေးဘက်က စိတ်ကုန်လာတာဖြစ်နိုင်သလို၊ မိန်းကလေးဘက်က စိတ်ကုန်လာတာလည်းဖြစ်နိုင်ပြီး နှစ်ယောက်လုံး အပြန်အလှန်စိတ်ပျက်လာကြတာလည်းဖြစ်နိုင်ပါတယ်။ အဲ့ဒီအထဲကမှ ယောကျာ်းလေးဘက်က အချစ်တွေသေဆုံးသွားအောင် မိန်းကလေးတွေလုပ်မိတတ်တဲ့ အပြုအမူလေးတွေကိုဖော်ပြပေးချင်ပါတယ်။

 

 

() ပဟေဠိဆန်ဆန်စကားလုံးတွေအရမ်းပြောတာ

 

ယောကျာ်းလေးတွေက ကိုယ်ဘာဖြစ်နေတယ်၊ ဘာဖြစ်ချင်တယ်ဆိုတာကို တိုက်ရိုက်ပြောဖို့လိုအပ်တဲ့သူတွေပါ။ မိန်းကလေးဘက်က ပဟေဠိဆန်ဆန်စကားတွေ၊ သွယ်ဝိုက်အသိပေးတာမျိုးတွေ ဆက်တိုက်လုပ်နေမယ်ဆိုရင် သူတို့ဘက်မှာစိတ်ဖိစီးမှုတွေဖြစ်လာပြီး ချစ်သူနဲ့အတူရှိချိန်တွေမှာ မပျော်တော့ဘဲ ထွက်ပြေးချင်နေပါလိမ့်မယ်။ ဒါဟာ သူ့ဘက်မရိုးသားလို့ဆိုပြီးပြောလို့မရပါဘူး၊ သူတို့တွေရဲ့သဘာဝကိုက ကွေ့ဝိုက်တာတွေ၊ပဟေဠိစကားတွေကိုအကျွမ်းမ၀င်လို့ပါ။

 

 

() ဟန်ဆောင်တာ

 

ယောကျာ်းလေးတွေမှမဟုတ်ပါဘူး၊ လူတိုင်းက ဟန်ဆောင်မှုထက် ရိုးသားမှုကိုပိုလိုချင်ကြတာပါ။ ပင်ကိုယ်အလှနဲ့ ကိုယ်ပိုင်ဟန်ရှိပြီး ကိုယ့်ကိုယ်ကိုယ်ယုံကြည်မှုရှိတဲ့သူမျိုးကို သဘောကျပေမယ့် မိတ်ကပ်တွေအလွန်အကြူးပြင်ဆင်ပြီး အရမ်းတောက်ကြွားတဲ့ပုံစံမျိုး လုပ်ချင်နေတဲ့သူမျိုးကို မနှစ်မြို့တဲ့စိတ်ရှိတတ်ကြပါတယ်။ အထူးသဖြင့် ၀မရှိဘဲဝိလုပ်ချင်တဲ့လုပ်ရပ်တွေကိုမုန်းတာပါ။ သူတို့ချစ်သူက အဲ့လိုတွေလုပ်ရင် တဖြည်းဖြည်းစိတ်ပျက်လာနိုင်ပါတယ်။

 

 

() တကိုယ်ရည်သန့်ရှင်းမှုအားနည်းတာ၊ သန့်ရှင်းသပ်ရပ်မှုမရှိတာ

 

တကိုယ်ရည်သန့်ရှင်းမှုအားနည်းတာရယ်၊ နေတဲ့အိမ်ထဲမှာ သန့်ရှင်းမှုမရှိတာရယ်တွေကိုလည်း သူတို့ စိတ်ပျက်သွားနိုင်ပါတယ်။

 

 

() စွက်ဖက်လွန်းတာ

 

ဘယ်လောက်ပဲချစ်သူရည်းစား၊ လင်မယားတွေဖြစ်နေပေမယ့် နှစ်ဦးနှစ်ဖက် ကိုယ်ပိုင် space ဆိုတာရှိပါတယ်။ နေရာတိုင်းဝင်မစွက်ဖက်ဖို့ သူ့ဘက်ကဖွင့်ပြောမှ သိရမှာမဟုတ်ပါဘူး၊ ကိုယ့်ဘက်က အလိုက်တသိနဲ့စောင့်စည်းရမှာပါ။ တကယ်လို့ စွက်ဖက်တာတွေများလာရင် သူ့ဘက်ကစိတ်ပျက်သွားတတ်ပါတယ်။

 

 

() ချုပ်ချယ်လွန်း၊ တွန်းအားပေးလွန်းတာ

 

ဘယ်သူနဲ့မခေါ်မပြောရဆိုတာလောက်တော့နားလည်ပေးလို့ရပေမယ့် အသေးစိတ်ချုပ်ချယ်လွန်းတာတွေ၊ မလုပ်ချင်တာတွေအတွက်အတင်းတွန်းအားပေးတာမျိုးတွေက အစပိုင်းမှာတော့ အဆင်ပြေနေနိုင်ပေမယ့် ကြာလာရင်မပြေနိုင်တော့ပါဘူး။

 

 

Credit;Aunty May

Read times Last modified on Wednesday, 19 December 2018 13:30
Rate this item
(4 votes)